1-0 နဲ့ ဝက်စ်ဟမ်းကို အနိုင်ရရှိပေမယ့် စိတ်ကျေနပ်စရာ နည်းတဲ့ ဒုတိယပိုင်း ပွဲချိန်အကြောင်း ထုတ်ပြောလာတဲ့ Ten Hag
|မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က ယမန်နေ့ ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း နဲ့ ပွဲစဥ်မှာ 1-0 ရလဒ်နဲ့ နိုင်ပွဲ ရခဲ့ပေမယ့် အသင်းရဲ့ ဒုတိယပိုင်း ပွဲချိန်အတွင်း ကစားပုံနဲ့ ပတ်သတ်လို့ စိတ်ကျေနပ်မှု မရှိဘဲ သူတို့အသင်း အနေနဲ့ ဒီထက် ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးကြောင်း
မန်ချက်စတာ ယူနိုက်တက် 1-0 ဝက်စ်ဟမ်း ပွဲစဥ် အပြီးမှာ ထောက်ပြ ပြောကြား သွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် ဝက်စ်ဟမ်း အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရပြီး ပထမပိုင်း ပွဲကစားချိန် အတွင်းမှာ ဧည့်သည် ဝက်စ်ဟမ်းကို
အသာစီးနဲ့ ကစားနိုင်ခဲ့သလို ရပ်ရှ်ဖို့ဒ် ရဲ့ အနိုင် ဂိုးကိုလည်း ပထမပိုင်း အတွင်းမှာ ရရှိခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဒုတိယပိုင်းကို ရောက်ရှိချိန်မှာ တော့ ဧည့်သည် ဝက်စ်ဟမ်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထက် ကစားကွက်ပိုင်း ပိုမို သာလွန် ခဲ့သလို ဂိုးသွင်းခွင့် အမြောက်အမြားလည်း
ရရှိလာခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာ ရဲ့ မှော်ဝင် လက်စွမ်းတွေကြောင့်သာ ဝက်စ်ဟမ်း အသင်း အနေနဲ့ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ အဝေးကွင်းမှာ အရှုံးရလဒ် နဲ့ ရင်ဆိုင်ခဲ့ရတာပါ၊ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က
သူ့အသင်းရဲ့ ဒုတိယပိုင်း ကစားပုံကို ကျေနပ်မှု မရှိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပြီး ကစားသမားတွေရဲ့ ဘောလုံး ပိုင်ဆိုင်မှုကို ထိန်းသင့်တဲ့ အချိန်မှာ မထိန်းနိုင်သေးတဲ့ အရာဟာ ပြင်ဆင်ဖို့ လိုအပ်နေသေးတဲ့ အချက်ထဲက တခု အပါအဝင် ဖြစ်ကြောင်း သူ့ ကစားသမားတွေရဲ့
လိုအပ်ချက်တွေနဲ့ ယခုလို ထောက်ပြ သွားခဲ့ပါတယ်။ အဲရစ် တန်ဟက်ဂ် က – အသင်းရဲ့ ဒုတိယပိုင်း ကစားပုံကို နည်းနည်းလေး ဝေဖန်ချင်ပါတယ်၊ ကျွန်တော်တို့တွေ ဒီထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ သင့်တယ်လို့လည်း ထင်မိပါတယ်၊ ကျွန်တော်တို့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက အရမ်း ကောင်းနေပါတယ်။
ကျွန်တော်တို့မှာ အခုဆို သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း ရှိတဲ့ ကစားသမားတွေ အများကြီး ရှိနေပြီ ဖြစ်သလို လှပတဲ့ တိုက်စစ်ပိုင်း ကစားပုံကိုလည်း ကျွန်တော်တို့ ကောင်းကောင်း ပုံဖော်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့်လို့ ကျွန်တော်တို့တွေ ဒီထက် ပိုမို ကောင်းမွန်အောင် ကြိုးစားဖို့ လိုအပ်နေပါ သေးတယ်။
တကယ်လို့ ကျွန်တော်တို့သာ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး တိုးတက်လာ နိုင်မယ် ဆိုရင် မှန်ကန်တဲ့ လမ်းကြောင်း တခုပေါ် ရောက်နိုင်ပါ လိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့တွေ အရင်လို အဆင့်အတန်းမျိုး ပြန်ရောက်ဖို့ အဝေးကြီး လိုနေပါသေးတယ်။ လို့ ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။
credit