မာတီနက်ဇ် နဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေကို အထူး တားမြစ်ချစ် တခု ထုတ်ပြန်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်
|မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ ပြီးခဲ့တဲ့ နွေရာသီက အေဂျက်စ် ကနေ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို သဘော အကျဆုံး ကစားသမားတွေထဲက တယောက်အဖြစ် သတ်မှတ်လာကြပါတယ်၊ ဒီဘကစားသမားဟာ အသင်းအတွက် ပါဝင်
ကစားခွင့် ရတိုင်း နိုင်လိုစိတ်အ ပြည့်နဲ့ ခွန်အားပြည့် စိုက်ထုတ် ကစားလေ့ ရှိပါတယ်၊ အာဂျင်တီးနားသား မာတီနက်ဇ် ဟာ အေဂျက်စ် မှာ ကစားခဲ့တုန်း ကလည်း သူ့ရဲ့ ဒီလိုမျိုး ကျားကုပ်ကျားခဲ ကစားဟန်ကြောင့် အမ်စတာဒမ်ရဲ့ သားသတ်သမားလို့ နာမည်ပြောင် အပေးခံခဲ့ရတာ ဖြစ်ပါတယ်။
ယခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောက်ရှိလာ ချိန်မှာလည်း မာတီနက်ဇ်ဟာ အသင်း အတွက် အကောင်းဆုံး ပေးဆပ်နေတာကြောင့် သူကို မန်ချက်စတာက သားသတ်သမား ဆိုတဲ့ နာမည်ပြောင်ကို ရရှိ ထားပါပြီ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ မာတီနက်ဇ် ကို
ရည်ရွယ်ပြီး အာဂျင်တီးနား အာဂျင်တီးနားလို့ အော်ဟစ် အားပေးနေကြပြီး ဒီအသံတွေက သူ့ကို မျက်ရည်ကျလု နီးပါး စိတ်လှုပ်ရှား စေခဲ့တယ်လို့ အဆိုပါ ဗဟိုနောက်ခံလူက ဖွင့်ဟထားခဲ့ ဖူးပါသေးတယ်၊ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ မာတီနက်ဇ် ကို ရည်ညွှန်းပြီး
အသားခုတ်ဓားမကြီးပုံကို ထည့်သွင်း ဖော်ပြထားတဲ့ အာဂျင်တီးနား အလံနဲ့ ဂုဏ်ပြုခဲ့ပါသေးတယ်၊ ဒီအလံနဲ့ ပတ်သက်လို့လည်း မာတီနက်ဇ်က သူ့ရဲ့ အင်စတာဂရမ်မှာ အံ့အားသင့်စရာပဲလို့ ရေးသား တုံ့ပြန်ခဲ့ပါသေးတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဘက်ကတော့ ဒီအလံကို
ကွင်း အတွင်းမှာ လုံးဝ အသုံးမပြုဖို့ ပရိသတ်တွေကို တားမြစ်လိုက်ပါတယ်၊ အကြောင်းရင်း ကတော့ အလံမှာ လက်နက်ပုံ ပါဝင်နေတာကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ်၊ မာတီနက်ဇ် ဟာ မန်ချက်စတာ ယူနိုက်တက် ကို ရောက်ရောက်ချင်း ၅ ပေ ၉ လက်မပဲ ရှိတဲ့ သူ့ရဲ့ အရပ်အမောင်းကြောင့်
ကာရေဂါ နဲ့ ဂရေမီဆောင်းနက်စ် တို့လို ဝေဖန်ရေး သမားတွေရဲ့ သံသယတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ ဒါပေမယ့် ဒီ ကစားသမား ကတော့ မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲတိုင်း အကောင်းဆုံး ပေးဆပ်နေပြီး အခုလိုမျိုးပဲ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ တခုတ်တရ ဂုဏ်ပြုခြင်းကိုလည်း လက်ခံ ရရှိနေပါပြီ။
credit