1-0 နဲ့ အဝေးကွင်း ရှုံးပွဲအပြီး လေးစားမိတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား သုံးဦးကို ထုတ်ပြောလာတဲ့ ဝက်စ်ဟမ်း တိုက်စစ်မှူး

0
253

ဝက်စ်ဟမ်း အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ​နေ့တုန်းက အိုးလ်ထရပ်ဖို့ဒ် ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 1-0 ရလဒ််နဲ့ အဝေးကွင်း ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရ ပါတယ်၊ ဒီ ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲချိန် ပထမပိုင်းမှာ ပိုကောင်းခဲ့ပြီး (38) မိနစ်မှာ




သွင်းယူခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် ရဲ့ တစ်လုံးတည်းသော ခေါင်းတိုက် သွင်းဂိုးကြောင့် ဦးဆောင်သွား နိုင်ခဲ့တာ ဖြစ်ပါတယ်၊ အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းက ပိုကောင််းတဲ့ အသင်း ဖြစ်နိုင်ခဲ့ပြီး ကောင်းမွန်တဲ့ ဂိုးပေါက် ခြိမ်းခြောက််မှု တွေကိုလည်း လုပ်ပြသွား နိုင်ခဲ့ပေမယ့်




မန်ချက်စတာ ယူနိုက်တက် ခံစစ်် နဲ့ ဒီဂီယာ တို့ကို မကျော်ဖြတ် နိုင်ခဲ့ပါဘူး၊ ဒါ့ကြောင့် ဒီပွဲဟာ 1-0 ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ရတာ ဖြစ်ပြီး ဝက်စ်ဟမ်းဟာ အမှတ်ဗလာ နဲ့ အိမ်ပြန်ခဲ့ရပါတယ်၊ ဒီပွဲမှာ ဝက်စ်ဟမ်း အသင်းရဲ့ တိုက်စစ််မှူး အန်တိုနီ ဟာ ပွဲချိန် (57) မိနစ်မှာ လူစားဝင် ကစားခွင့် ရရှိခဲ့ပါတယ်။




ယခုတော့ ဝက်စ်ဟမ်း တိုက်စစ်မှူးက ဒီ ပွဲစဥ်မှာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းဘက်မှ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်၊ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား နဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ တို့ကို လေးစားမိခဲ့ကြောင်း ထုတ်ပြောလိုက်ပြီး ချီးကျူးစကား ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။




ပွဲစဉ် အစ ကတည်းက ကျွန်တော်တို့ တစ်စုံတစ်ခု ရရှိနိုင်ခဲ့ သင့်ပါတယ်၊ဒါပေမယ့် ဒါက ဘောလုံးပဲလေ၊ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ အများကြီး ပိုင်ဆိုင်ထားခဲ့ ကြပါတယ်၊ ဒါပေမယ့် ဒေးဗစ် ဒီဂီယာ က လုံးဝ on fire ဖြစ်နေခဲ့ပါတယ်၊ ပြီးတော့ ဟယ်ရီ မက်ဂွိုင်းယား ကလည်း အမြဲတမ်းလို




အသင့် အနေအထားမှာ ရှိနေခဲ့ပါတယ်၊ သူဟာ ရာဖေးလ် ဗာရန်း ဒဏ်ရာရသွားလို့ ပွဲထွက် ကစားခွင့် ရရှိခဲ့တာပါ၊ ဒါပေမယ့် သူက လုံးဝ စပါယ်ရှယ်ပါပဲ တနဂ်နွေနေ့မှာ သူ အကောင်းဆုံး ကစားပြ သွားနိုင်ခဲ့ပါတယ်၊ သူက ထူးခြားလွန်းသူပါ၊ ပွဲစဉ် တလျှောက် သူ့ကို ကျော်ဖြတ် အရမ်း ခက်ခဲခဲ့တယ်။




ပြီးတော့ ဇူးမား ရဲ့ အလုံးကို ဒီဂီယာ ပုတ်ထုတ် ကာကွယ် လိုက်ချိန်မှာ ကျွန်တော့် အနေနဲ့ အောင်ပွဲခံလု နီးပါးတောင် ဖြစ်ခဲ့ရပါတယ်၊ သူ အဲ့လို လုပ်ပြ နိုင်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး၊ သူဟာ တကယ့်ကို on fire ဖြစ်နေခဲ့တာပါ၊ သူဟာ ‌အကောင်းဆုံး ဂိုးသမားတွေထဲက တဦး ဖြစ်မယ်။

မဖြစ်နိုင်တာတွေကို သူလုပ်ပြသွားခဲ့တာ တကယ်ပဲ လေးစားမိပါတယ်၊ ဒီပွဲ အတွက် ဒီဂီယာကို တကယ်ပဲ ချီးကျူးမိပါတယ်၊ သူဟာ ကြောင်တစ်ကောင်လို လွတ်လပ် ပေါ့ပါးနေခဲ့ တာပါ၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် ဆိုလည်း အရည်အသွေးကောင်း ပိုင်ဆိုင်ထားသူ တစ်ဦး ဖြစ်ပြီး သူ ဘယ်လောက် ကောင်းသလဲ ဆိုတာ




ကျွန်တော်တို့ မြင်တွေခဲ့ရတယ်၊ ခင်ဗျားတို့လည်း သိကြမှာပါ၊ ပြီးခဲ့တဲ့ ၂ နှစ်လောက်က သူ အကောင်းဆုံး ပုံစံ မပြနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ဒီရာသီ သူ့ရဲ့ အရည်အသွေးကို ခင််ဗျားတို့ မြင်ခဲ့ကြမှာပါ၊ သူ့ကို ကမ္ဘာ့ဖလား ပြိုင်ံပွဲဆီ မခေါ်သွားလို့ မရနိုင်ပါဘူး၊ ကျွန်တော်သာဆို သူ့ကို ဘယ်တောင်ပံ အဖြစ်

ခေါ်သွားမှာပါ။ သူ အဲ့ဒီလို ကစားရင် အခွင့်အရေးတွေ ဖန်တီးနိုင်ပြီး ဘောလုံးကို အထဲ ချိုးဝင် ဂိုးသွင်းယူ ပေးနိုင်ပါတယ်၊ သူ အဲ့တာကို အကောင်းဆုံး လုပ်ပြနိုင်ရင် အရန်လူ မဟုတ်ဘူး၊ ပွဲထွက်ခွင့်တောင် ရရှိနိုင်ပါတယ်။ လို့ ဝက်စ်ဟမ်း တိုက်စစ်မှူး အန်တိုနီယို က အမွှမ်းတင် လိုက်တာပဲ ဖြစ်ပါတယ်။

credit