ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပူပေါင်းနိုင်ဖို့ ပြင်သစ် ကြယ်တစ်ပွင့်ကို မပြင်းအထန် လေ့ကျင့်ပေးနေတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ် လက်ထက်မှာ ထိပ်တန်း ခြေစွမ်းပိုင်းတွေ ကို ပြန်လည် ပြသလာနိုင်တဲ့ တိုက်စစ် ကစားသမား အန်တိုနီ မာရှယ် ဟာ ဒဏ်ရာ အခြေအနေကြောင့် မန်ချက်စတာ ယူနိုက်တက် လူစာရင်းကနေ အနားယူနေရာမှ




တနင်္ဂလာနေ့ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်လည် ပူးပေါင်းလာနိုင်ပြီပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် ကိုယ်တိုင် ပြီးခဲ့တဲ့ အပတ်အတွင်းမှာ ဒဏ်ရာ ပြဿနာကြောင့် ပွဲစဉ် ၆ ပွဲအထိ လွဲချော်ထားတဲ့




အန်တိုနီ မာရှယ် အနေနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ မကျင်းပမီ ပြန်လည် သက်သာလာဖို့ မသေချာသေးတဲ့ အကြောင်း အတည်ပြု ပြောဆိုထား ခဲ့ပေမယ့် မာရှယ်ကတော့ အလျှင်အမြန်ပဲ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့တာ ဖြစ်ပါတယ်၊ အန်တိုနီ မာရှယ်က ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့




မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲစဉ် ၄ ပွဲ အလို ပြီးခဲ့တဲ့ တနင်္လာနေ့မှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဖော်တွေနဲ့ အတူ ကာရင်တန် လေ့ကျင့်ရေးကွင်း အတွင်း ပြန်လည် ပူးပေါင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်၊ ပြင်သစ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက် အသင်းကနေ




လာလီဂါ ကလပ် ဆီဗီလာ အသင်းကို အငှားသွားရောက် ကစားနေခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို နည်းပြ အဲရစ် တန်ဟက်ဂ် ကိုင်တွယ်မှုနဲ့ အတူ ခြေစွမ်းပိုင်းနဲ့ ယုံကြည်မှုပိုင်း တိုးတက်လာခဲ့ပြီး ခြေစွမ်းပြ ကစားလာနိုင်ခဲ့ပေမယ့် ရာသီကြို ခြေစမ်းခရီးစဉ် အတွင်းမှာ ကတည်းက ကြွက်သားဒဏ်ရာ




ရရှိ ထားခဲ့သလို အဲဗာတန် အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝင်ရောက် ကစားနိုင်ခဲ့ပေမယ့် ဒဏ်ရာ ပြဿနာနဲ့ ပြန်လည် ကြုံတွေ့ခဲ့ရကာ ဘောလုံးကွင်း အတွင်းမှ အနားယူနေ ခဲ့ရတာလည်း ဖြစ်ပါတယ်၊ ပြင်သစ် အသင်းဖော် ပေါလ်ပေါ့ဂ်ဘာက ဒူးဒဏ်ရာ ပြဿနာကြောင့်

ကမ္ဘာ့ဖလား ပြိုင်ပွဲကို လွဲချော်ဖို့ သေချာသွားပြီ ဖြစ်ပေမယ့် အန်တိုနီ မာရှယ် ကတော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကာကွယ်မယ့် ပြင်သစ် လက်ရွေးစင် လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက်ကို အသက်သွင်းနိုင်ရေး အတွက် အသင့်ဖြစ်နေပြီလည်း ဖြစ်ပါတယ်။

credit