ဟောလိုးဝင်းပွဲတော် လူပိသေဆုံးမှု သူငယ်ချင်း ငါးဦး နှစ်ဦးသာ အိမ်ပြန်ရောက်လာ ဆုံးရှုံးသူ မိခင်နှင့် ဖခင်မှ ရင်ဖွင့်လာ

0
21

အ လောင်းတွေစုထားတဲ့ ဆိုးလ်မြို့ က အသုဘ ခန်းမဆောင်တွေမှာ သေဆုံးသူ လူငယ်တွေရဲ့ အ လောင်းတွေ၊ ပူဆွေး ဝမ်းနည်းနေရတဲ့ မိဘတွေနဲ့ အပြည့် ဖြစ်နေပါတယ်၊ ရှည်လျားတဲ့ အသုဘ ခန်းမဆောင်ရဲ့ စင်္ကြံအဆုံးမှာ မစ္စတာဆင်းနဲ့ သူ့ရဲ့ ဇနီးသည်တို့ ဆိုဖာ သေးသေးလေး တစ်ခုမှာ ခေါင်းငုံ့ထိုင်နေကြပါတယ်၊ အ သုဘခန်းမဆောင်ရဲ့ အခန်း တခန်းမှာ




အသက်၂၈ နှစ်အရွယ် သူတို့ရဲ့သား ဂျိမ်းဆင်းရဲ့ အ လောင်းရှိနေပါတယ်၊ ဂျိမ်းဆင်းရဲ့ ဘေးအခန်းမှာတော့ သူ့ သူငယ်ချင်း ယွန်းရဲ့ အ လောင်းရှိပါတယ်၊ မြို့ထဲက တခြားအသုဘခန်း မတစ်ခုမှာတော့ ဂျိမ်းရဲ့ ချစ်သူ အလောင်း ရှိပါတယ်။ သူတို့ သုံးယောက်ဟာ စနေနေ့ညက အခြား သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ဟောလိုးဝင်း ပွဲဆင်နွှဲ့ဖို့ အီထယ်ဝန်းကို သွားခဲ့ကြတာပါ။




အဲ့ဒီညက သူတို့ အဖွဲ့ကို ဦးဆောင်စည်းရုံး ခဲ့တဲ့ သူက ဂျိမ်းပေါ့၊ သူက သူ့ သူငယ်ချင်းတွေနဲ့ ညဘက် ထွက်ရတာကို သဘောကျတဲ့ အတွက် သူကပဲ အမြဲလို ဦးဆောင်ခဲ့တာပါ။ လို့ ဂျိမ်းရဲ့ အမေက ပြောပါတယ်။ အီထယ်ဝန်းက လမ်းကျဥ်း တခုမှာ လူကျပ်ညပ်ပြီး လူပိသေဆုံးခဲ့ တဲ့ ၁၅၅ ဦးထဲမှာ ဂျိမ်း ပါဝင်ခဲ့ပါတယ်၊ တခြား မိဘတွေလိုပဲ ဂျိမ်းနဲ့ ပတ်သက်ပြီး




သူ့မိဘတွေ ပထမဆုံး သတိထားမိတာက သူတို့သား အိပ်ရာထဲမှာ ရှိမနေတာပါ၊ သူ့ သူငယ်ချင်းတွေနဲ့ သူ့အဖေ အဆက်အသွယ်ရပြီး သူ့ကို ဖုန်းခေါ်တော့ ရဲက ဖြေပါတယ်။ သေလုမြောပါး လူတွေ အသည်းအသန် တိုးကြိတ်နေတဲ့ အချိန်မှာ ဂျိမ်းရဲ့ သူငယ်ချင်း နှစ်ဦးက လက်ရန်းတွေ ပေါ်ကနေ လူအုပ်ကြီးထဲကနေ လွတ်ထွက်အောင် ရုန်းထွက် နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဂျိမ်းနဲ့ သူ့ချစ်သူ




မိန်းကလေးကတော့ သူတို့လို လူအုပ်ကြီးထဲက ဖောက် မထွက်နိုင်ခဲ့ကြပါဘူး။ ဂျိမ်းဟာ အားကစား လေ့ကျင့်ခန်း လုပ်ရတာကို သဘောကျ ဝါသနာပါတဲ့ သူဖြစ်ပြီး သူ အားလပ်တဲ့ အချိန် အများစုကိုလည်း အားကစား ခန်းမမှာပဲ ကုန်ဆုံးလေ့ ရှိပါတယ်၊ အားကစားတွေ လေ့ကျင့်ထားပြီး သန်စွမ်းတဲ့ သူ့ ခန္ဓာကိုယ်က ဂျိမ်းကို မကယ်တင်နိုင်ခဲ့ တာကို သူ နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ဂျိမ်းရဲ့အမေက ပြောဆိုပါတယ်။




အိမ်ထောင်ပြုဖို့ ကိစ္စကိုလည်း ဂျိမ်းက အလေးအနက်ထားတဲ့ သူဆိုတာ သူ့အဖေက ပြောလို့ သိရပါတယ်၊ သူတို့သာ အသက်ရှင်ခဲ့ရင် ဂျိမ်းနဲ့ သူ့ချစ်သူက မကြာခင်မှာ လက်ထပ်ကြတော့မှာပါ၊ ဂျိမ်းက ရေပိုက်သမား အဖြစ် အလုပ်ကို ဝီရိယရှိရှိ လုပ်ခဲ့တဲ့သူ ဖြစ်ပေမယ့် သူ့ ဝါသနာက နှင်းလျှောစီးတာနဲ့ ရေလှိုင်းစီးတာပါ။ ဂျိမ်း ဘာတွေ ဝါသနာပါလဲ ဆိုတာတွေကို သူ့အမေက ပြန်ပြောပြနေတဲ့ အချိန်မှာ သူ့အမေက




မျက်လုံးတွေ လက်လာပေမဲ့ နိုင်ပေမယ့် သူ့အဖေကတော့ မျက်ရည်တွေကျနေပါတယ်၊ ဂျိမ်းစ်က အလိမ္မာဆုံး အစ်ကိုကြီး တစ်ယောက်ဗျ၊ သူမရှိဘဲ သူ့ညီ ကျွန်တော့် သားငယ်လေး ဘယ်လို ဆက်ရှင်သန်ရမလဲ? လို့ သူက ပြောပါတယ်။ ဂျိမ်းရဲ့ အလောင်းဘေးနား မှာ ဂျိမ်းရဲ့ ကျောင်းနေဘက်ဟောင်း ဆယ်ဂဏန်း ကျော်လောက် ထိုင်နေတယ်၊ အဲ့ဒီသူတွေထဲက ပါ့ခ်ဂျူဆွန်က ဂျိမ်းနဲ့ ရှစ်နှစ်သား ကတည်းက သိခဲ့တဲ့ ငယ်သူငယ်ချင်းပါ။




ကျွန်တော်က ငယ်ငယ်တုန်းက အရမ်း ရှက်တတ်တဲ့သူ၊ သူငယ်ချင်း ဆိုလည်း ဂျိမ်းတယောက်ပဲ ရှိပါတယ်၊ သူက ကျွန်တော့်ကို ဘယ် ကိစ္စပဲ ရှိရှိ ခေါ်တယ်၊ ပြီးတော့ သူနဲ့ တူတူ တိုက်ကွမ်ဒို သင်ဖို့ လည်း ကျွန်တော့်ကို အားပေးတယ်၊ အပြင် ထွက်လှုပ်ရှားမှုတွေ ပိုလုပ်ဖြစ်အောင် ကျွန်တော့်ကို အကူအညီ ပေးခဲ့တဲ့သူ လို့ ဂျိမ်းရဲ့ သူငယ်ချင်း ပါ့ခ် ဂျူဆွန်က ပြောပါတယ်၊ ဂျိမ်းအလောင်းနဲ့




ကပ်ရပ် အခန်းက နောက်အလောင်းကတော့ အသက်၂၈ နှစ်အရွယ် ဂျိမ်းရဲ့ သူငယ်ချင်း ယွန်း ဖြစ်ပါတယ်၊ ယွန်းဟာ သူ့ဘာသာ ဘဝကို အဆင်ပြေပြေနဲ့ အေးအေးသက်သာ ကျော်ဖြတ်နေတဲ့ သူ တစ်ယောက်ပါ၊ သူက လေ့လာ စူးစမ်းရတာ ဝါသနာပါတယ်၊ ညနေခင်းတွေဆို သူ တစ်ယောက်တည်း ဘားတွေ သွားလေ့ရှိပြီး နိုင်ငံခြား ဘာသာစကားကို သင်ယူနိုင်အောင် နိုင်ငံခြားသားတွေနဲ့ သွားစကားပြောလေ့ ရှိတယ်လို့




ယွန်းရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထားတတ်တာကို အထင်ကြီးလေးစားတဲ့ ဂျွန်ဆူးက ပြောပြပါတယ်၊ အခုဖြစ်ရပ်အတွင်း သေဆုံးခဲ့ရသူ ထက်ဝက်ကျော်ဟာ အသက် ၂၀ ကျော်တွေဖြစ်ပြီး ဒီဖြစ်ရပ်က သူတို့ မျိုးဆက် တစ်လျှောက်လုံး အတွက် စိတ်ဒဏ်ရာ တစ်ခုလိုတောင် ဖြစ်သွားနိုင်ပါတယ်။ ဒီဖြစ်ရပ်က သူတို့ မျိုးဆက်တွေ ကြုံတွေ့ခဲ့ရတဲ့ ဒုတိယ ကပ်ဘေးလို့ ပြောလို့ရပါတယ်။




၂၀၁၄ ခုနှစ်မှာ တောင်ကိုရီးယား နိုင်ငံ အနောက်တောင်ပိုင်း ကမ်းရိုးတန်းမှာ ကူးတို့ သင်္ဘော နစ်မြုပ်မှုကြောင့် အထက်တန်း ကျောင်းသူ ကျောင်းသား ၂၅၀ သေဆုံးခဲ့ရတာ ရှိခဲ့ပါတယ်၊ အဲ့ဒီ အထက်တန်း ကျောင်းသားတွေက အခုဆို အသက် ၂၀ လောက် ရှိကြပါပြီ။ ဆိုးလ်မြို့လယ်မှာ အများပြည်သူတွေ အောက်မေ့ တိုင်တည်လို့ ရအောင် နေရာ တစ်ခု ဖန်တီးပေးထားပါတယ်၊ အဲ့ဒီနေရာမှာ

အသက် ၁၉ နှစ် ကင်ဒေးဟူက သူ့ သူငယ်ချင်း အသက် ၂၁ နှစ် ရာဟူဂျော်ဒါဂန် အတွက် ကိုရီးယားနိုင်ငံရဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြူရောင် ပန်းတစ်ပွင့် လာချထားပါတယ်။ ရာဂူးက ၂၀၂၁ ခုနှစ် ဇန်နဝါရီလကမှ မလေးရှား နိုင်ငံကနေ တောင်ကိုရီးယား နိုင်ငံကို ပြောင်းရွှေ့လာတဲ သူပါ၊ သူ့ဖက်ရှင်ပုံစံကို ကြိုက်လို့ လမ်းပေါ်မှာ နှုတ်ဆက်ရင်း သူတို့ နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြတာပါ။




သူ့ မိသားစု အတွက် ဝင်ငွေရ ဖို့ ဆောက်လုပ်ရေး လုပ်ငန်းမှာ ရာဂူး ဝင်လုပ်ရပေမယ့် သူ့နှလုံးသားထဲမှာ ဖန်တီးမှု စိတ်ကူးစိတ်သန်းတွေ ရှိပြီး ဖက်ရှင်ဒီဇိုင်နာ တစ်ယောက် ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့တဲ့ သူလို့ ကင်ဒေးဟူက ပြောပါတယ်၊ သူတို့ နှစ်ယောက် ဟစ်ဟော့ သီချင်းတွေ အတူ နားထောင်ခဲ့ ကြသလို ဖက်ရှင်နဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေလည်း ဖလှယ် ခဲ့ကြပါတယ်၊ ပြီးတော့ ဘာသာစကား အချင်းချင်း ဖလှယ်ပြီး အပြန်အလှန် သင်ပေးကြတွေလည်း လုပ်ခဲ့ကြပါတယ်။

ရာဂူးက ကျွန်တော့်ထက် ပို စိတ်ရှည်တယ်၊ ကျွန်တော် ဘာပြောပြော သူ ဘယ်တော့မှ စိတ် အနှောက်အယှက် မဖြစ်ဘူးလို့ သူ့ မျက်မှန်ကိုချွတ် လက်ထဲ ခေါင်းစိုက်ပြီး ကင်‌ဒေးဟူက ပြန်ပြောပါတယ်၊ လူတွေ စကျပ်ညှပ်နေတဲ့အချိန် ရာဂူးက သူ့ဆီကို ဗီဒီယိုနဲ့ လှမ်းခေါ်ပါတယ်၊ အဲ့ဒီအချိန် ရာဂူးက အမျိုးသမီးငယ် တစ်ဦးဘေးမှာ ရှိပြီး ကြိုးစား အသက်လု ရှုနေရပါတယ်။




အဲ့ဒီ နေရာကနေ ဘယ်လိုလွတ်အောင်ထွက်မလဲလို့ အဖြေရှာပေးနေတဲ့ အချိန်မှာလည်း ရာဂူးနဲ့ ဖုန်းအဆက်အသွယ် ရနေပါသေးတယ်၊ နောက်တော့ သူ့ဘေးက အမျိုးသမီးရဲ့ လက်က အေးစက်နေပြီး သူ့ကို ဆွဲထားတယ်လို့ ရာဂူးက ပြောပါတယ်၊ ဒါတွေက ရာဂူးဆီကနေ ကင်ဒေးဟူ နောက်ဆုံး ကြားခဲ့ရတာပါ။ နောက်တစ်နေ့ မနက် လူမှုကွန်ရက်မှာ မျှဝေထားတဲ့ ဗီဒီယိုတွေထဲမှာ သူ့သူငယ်ချင်းရဲ့ ဖြူဖပ်ဖြူရော် ဖြစ်နေတဲ့

မျက်နှာကို တွေ့ရပါတယ်၊ အဲ့ဒီ အချိန်ထိ အဲ့ဒီသူက ရာဂူး မဟုတ်ဘူး၊ သူနဲ့ ဆင်တူတဲ့ လူတစ်ယောက် လို့တောင် သူ့ကိုယ်သူ ပြန်လိမ်သလိုမျိုး လုပ်ခဲ့ပါသေးတယ်၊ နောက်တော့ ရဲက သူ့ကို ဖုန်းဆက်ပြီး ပြောတာက တွန်းမိတိုက်မိလို့ နင်းမိပြီး ရာဂူး သေပုံရတယ်လို့ သိရပါတယ်။ ဒီ အဖြစ်အပျက်မှာ သေဆုံးခဲ့တဲ့ သူတွေရဲ့ နာမည်တွေနဲ့ သူတို့ရဲ့ ဇာတ်လမ်းတွေကို




လေ့လာကြည့်ရရင် ဒီအဖြစ်ဆိုးမျိုး ဖြစ်ရတာကို နားလည်ဖို့ ပိုခက်ပါတယ်၊ ဘာကြောင့် ဖြစ်ရလဲဆိုတဲ့ အဖြေကို လူတွေက သိချင်နေကြပြီး ဘယ်လို မှားယွင်းမှုမျိုး ဖြစ်ခဲ့တာလဲ၊ ဘယ်သူ့မှာ အဓိက တာဝန်ရှိလဲ ဆိုတာ ကိုလည်း အတိအကျ အဖြေထုတ်ပေးဖို့ အာဏာပိုင်တွေကို ဖိအားပေး နေကြပါတယ်။ ဒါပေမယ့် ဂျိမ်းရဲ့ မိဘတွေကတော့ အ ခုအချိန်ထိ ဘယ်သူ့ကိုမှ အပြစ်မဖို့ နိုင်ကြသေးပါဘူး။

ကျွန်မတို့ သားလေး တွန်းတိုက်ဖိမိပြီး သေဆုံးသွားတယ်၊ ဒါက မတော်တဆမှု တစ်ခုပါ၊ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ မတွေးနိုင်ဘူး၊ တွေးလို့ လည်းမရဘူး၊ အခုချိန်မှာ ကျွန်မတို့ လုပ်နိုင်တာက ငိုတာ တစ်ခုပဲလေ လို့ ပြောပါတယ်။

credit