အသင်းဖော်ဟောင်း နှစ်ဦးရဲ့ ပြသနာနဲ့ ပက်သက်ပြီး လှပတဲ့ အနာဂတ်ဆီ ဦးတည်ရာ မရှိတော့ကြောင်း ရှင်းပြလာတဲ့ ဖာဒီနန်

0
65

မန်ချက်စတာ ယူနိုက်တက် ဗဟိုခံစစ်မှူးဟောင််း ရီယို ဖာဒီနန် က ဝက်စ်ဟမ်း နဲ့ ပွဲစဥ်မတိုင််မီ ဂယ်ရီ နဗီးလ် ကို လက်ဆွဲ မနှုတ်ဆက်ခဲ့တဲ့ ရော်နယ်ဒို ရဲ့ အဖြစ်ကြောင့် သူတို့ နှစ်ဦးရဲ့ဆက်ဆံရေးက အဖက်ဆယ်လို့ မရ ဖြစ်ပြီလို့ ထင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒို ဟာ ဝက်စ်ဟမ်း နဲ့ ပွဲစဥ် မတိုင်မီမှာ ကွင်းထဲ မဝင်မီ လူးဝစ် ဆာဟာ နဲ့ ဂျေမီ ရက်ဒ်နပ် တို့ကို လက်ဆွဲ နှုတ်ဆက်ခဲ့ပေမဲ့ သူမပါရင် အသင််းရဲ့ ကစားပုံ ပိုကောင်းတယ်လို့ မကြာသေးခင်က ပြောခဲ့တဲ့ ဂယ်ရီ နဗီးလ် ကို မသိချင်ယောင် ဆောင်ခဲ့ပါတယ်။




အခုတော့ သူတို့ နှစ်ဦးလုံးနဲ့ အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က ဒီ အဖြစ်အပျက် နဲ့ ပတ်သက်လို့ ရော်နယ်ဒို က ဂယ်ရီ နဗီးလ် ကို ခွင့်လွှတ် ပေးလိုက်ရင် သူ့ အနေနဲ့ အံ့သြမိမှာ ဖြစ်ကြောင်း ထုတ်ပြော လိုက်ပါတယ်။




ရော်နယ်ဒို ဟာ ဂယ်ရီ နဗီးလ် ရဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကိုင်မယ်လို့ မထင်မိတော့ပါဘူး၊ ရော်နယ်ဒို ကို ကျွန်တော် သိသလောက် ဆိုရင် ဒါဟာ ပြီးဆုံးသွားခဲ့ပါပြီ၊ ကျွန်တော် ပြောတာ ဟုတ်တယ်မလား၊ ပြောစရာ ရှိတာ ပြောခဲ့ပြီးပါပြီ ကိုယ်ယုံချင်ရာ ယုံပေါ့။




ကျွန်တော်သာ ဒီလို အဖြစ်အပျက်ကို ဖန်တီးဖြစ်ခဲ့မယ် ဆိုရင် သူ့ဆီသွား လက်ဆွဲ နှုတ်ဆက်ပြီး မင်း စကား သိပ်များတယ်၊ နောက်မှ ဆုံကြတာပေါ့ကွာ၊ လို့ တီးတိုးလေး ပြောဆိုခဲ့မိမယ်လို့ ထင်ပါတယ်၊ ကျွန်တော့် လေသံထဲ မာကျောမှု အနည်းငယ် ပါဝင်နေမှာပေါ့။




သူတို့ လမ်းကြောင်းတွေ လွဲသွားခဲ့ပါပြီ၊ ခင်ဗျား ပွဲစဥ် တစ်ပွဲ အတွက် ကြိုတင် ပြင်ဆင်နေချိန်မှာ တစ်စုံ တစ်ယောက််ကို သွားရှာဖြစ်မှာ မဟုတ်ပါဘူး၊ သူ အဲ့လိုကြီး မလုပ်ခဲ့သင့်ဘူး ဆိုပြီး လူတွေ ဘာကြောင့် ပြောဆိုနေခဲ့ကြသလဲ ဆိုတာ ကျွန်တော် သိပါတယ်။




ဒါပေမယ့် ကစားသမား တစ်ဦးရဲ့ ရှုထောင့်ဖက်က ကြည့်လိုက်ရင် pundit တစ်ဦးရဲ့ ဝေဖန် ထိုးနှက်မှုတွေ ခံရတာ ဘယ်နည်းနဲ့မှ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး၊ သူတို့က အသင်းဖော်တွေပါ၊ ဒါပေမဲ့ သူတို့ဟာ စာတိုတွေ ပို့ကြမယ့် ဒီလို ဖြစ်ကြမယ့် သူတွေတော့ မဟုတ်ကြပါဘူး။

ခရစ္စတီယာနို က ဂယ်ရီ ကို လေးစားသမှု ထားရှိသူ တစ်ဦးပါ၊ သူ ကလပ်မှာတုန်းက ဂယ်ရီ ကို စီနီယာ တစ်ဦးလို လေးစားခဲ့သူပါ၊ ဒါ 100 % သေချာလှ ပါတယ်၊ အခုတော့ အဲ့တာကို လောင်စာ တစ််ခုလို အသုံးပြုပါလိမ့်မယ်လို့ ဖာဒီနန် က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

credit