နယ်မှာ သီဆိုမယ့် စတိတ်ရှိုး အတွက် စီစဉ်ပြီးမှ ရွှေရူပါဦး ပါလို့ ပွဲဖျက်လိုက်တဲ့ ချောစုခင်
|နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်တဲ့ ချောစုခင် ကတော့ သူမ တက်ကျွမ်းတဲ့ ဂီတ အနုပညာနဲ့ နှစ်ပေါင်း ၂၀ ကျော်တိုင် ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့သူ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ချောစုခင်ရဲ့ သီချင်းတွေကို ယနေ့ထိတိုင် စွဲစွမြဲမြဲ အားပေးနေကြပြီး သူမရဲ့ သီချင်းတွေဟာလည်း
ဒီနေ့ ဒီအချိန်ထိ ခင်မင်ရင်းနှီး နေကြဆဲ ဖြစ်ပါတယ်၊ ပရိသတ် အားပေးမှုကြောင့် အနုပညာ လောကမှာ အောင်မြင်မှု ရရှိနေတဲ့ ချောစုခင် ဟာ ပရိသတ်တွေကို ဘယ်တော့မှ စိတ်ပျက်စေတဲ့သူ မဟုတ်သလို ဒီကနေ့ အွန်လိုင်း စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ပို့စ်တစ်ခု ကြောင့်လည်း ပရိသတ်တွေရဲ့
အားပေး ချစ်ခင်မှုကို ပိုမိုလို့တောင် ရရှိခဲ့ပါတယ်၊ ချောစုခင် ဟာ တောင်ကြီးမြို့မှာ ပြုလုပ်မယ့် စတိတ်ရှိုး ပွဲတစ်ခုမှာ သီချင်းဆို ဖျော်ဖြေပေးဖို့ လေယာဉ် လက်မှတ်၊ ဟိုတယ်၊ စတာတွေ အကုန် စီစဉ်ပြီးမှ အဆိုပါ စတိတ်ရှိုးမှာ စစ်တပ်အားပေး သရုပ်ဆောင် ရွှေရူပါဦး ကလည်း ပါဝင်မယ်
ဆိုတာကြောင့် ချောစုခင် ဘက်ကနေ ရှိုးပွဲမှာ သီချင်းဆိုဖို့ ပယ်ဖျက် လိုက်မယ်လို့ သိရပါတယ်၊ ချောစုခင် ကတော့ ငွေရေးကြေးရေးထက် ဂုဏ်သိက္ခာကို ပိုမိုတန်ဖိုးထားသူ တစ်ယောက် ဖြစ်တာကြောင့် သူမရဲ့ ဆုံးဖြတ်ချက်ကို
မှန်မှန်ကန်ကန်ပဲ ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချောစုခင်ရဲ့ ဆုံးဖြတ်ချက် အတွက် အားရ ကျေနပ်နေကြမယ် ဆိုတာ သေချာပါတယ်။
credit