မနက်ဖြန် ယူရိုပါလိဂ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ကို ဂိုးပြတ် ရှုံနိမ့်မယ့် အလားအလာကို ကြုံတွေ့နေရတဲ့ ရီးယဲလ်ဆိုစီဒက်

0
1424

မနက်ဖြန် ညမှာ ကျင်းပမယ့် ယူရိုပါလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ရီးယဲလ်ဆိုစီဒက် အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲစဉ် အတွင်း အိမ်ရှင် ဆိုစီဒက်အသင်း ဘက်က အဓိက ဝါရင့် ကစားသမားကြီး ဒေးဗစ် ဆေးလ်ဗား အပါအဝင် ကစားသမား ၆ ဉီးခန့်




လွဲချော်ရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်၊ လာလီဂါ ကလပ် ဆိုစီဒက် အသင်းဟာ ဒီနှစ်ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲ အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် ကို အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ယူခဲ့တဲ့ ပွဲစဉ် အပါအဝင် ကစားခဲ့သမျှ ပွဲစဉ်တွေ အားလုံးကို အနိုင်ရထားခဲ့ပြီး အုပ်စု ပထမနေရာနဲ့ နောက်တစ်ဆင့် တတ်ဖို့




အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး မန်ချက်စတာ ယူနိုက်တက် ကို အိမ်ကွင်းမှာ ဧည့်ခံသွားရမယ့် အုပ်စု နောက်ဆုံးပွဲမှာ သရေ တစ်မှတ်လောက် ရရှိခဲ့မယ် ဆိုရင်တောင် အုပ်စု ပထမနေရာကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဆိုစီဒက်ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ကစားရမယ့် ပွဲ အတွင်း




အသင်းအတွက် အရေးပါလှတဲ့ ကစားသမားတွေကို အနားရမှာ ဖြစ်လို့ ဒါက သူတို့အသင်း အတွက် ကြီးမားတဲ့ အခက်အခဲ တစ်ခု ဖြစ်လာနိုင်ပါတယ် ၊ရီးယဲလ်ဘက်တစ် နဲ့ ကစားခဲ့ရတဲ့ လာလီဂါ ပွဲစဉ်မှာ ဆိုစီဒက် အတွက် ပါဝင်ထားနိုင်ခြင်း မရှိတဲ့ ဝါရင့် ကွင်းလယ်လူ ဆေးလ်ဗားက




မန်ချက်စတာ ယူနိုက်တက် နဲ့ ယူရိုပါလိဂ် ပွဲစဉ်ကိုလည်း ဆက်လက် လွဲချော်ရဦးမှာ ဖြစ်သလို အဲ့ဒီ ဘက်တစ် နဲ့ ပွဲကို လွဲချော်ထားခဲ့ရတဲ့ ကစားသမားတွေ ဖြစ်တဲ့ ကူဘို အော်ယာဇာဘယ်လ် အလီချို မူနော့ဇ် ဆာဒစ်ခ်နဲ့ ဘာရန်နတ်စ်ဆေယာ တို့ဟာလည်း မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲကို




ပါဝင်နိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်၊ ဧည့်သည် မန်ချက်စတာ ယူနိုက်တက် ကလည်း အန်တိုနီ၊ ဆန်ချို တို့လို winger တွေကို ဆက်လက် အနားပေးရဖွယ် ရှိနေပေမယ့် ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တဲ့ မာရှယ် ကိုတော့ အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်း အသုံးပြုလာဖွယ် ရှိနေပါတယ်။




ကွန်းဖရန့်လိဂ် ကို စတင် အသက်သွင်းခဲ့ ချိန်က စပြီး ယူရိုပါလိဂ် မှာလည်း စည်းမျဉ်းတွေ ပြောင်းလဲလာခဲ့ရာ အုပ်စု အတွင်း အုပ်စု ပထမနေရာ ရတဲ့ ကလပ် အသင်းက ရှုံးထွက် ၁၆ သင်း အဆင့်ကို အလိုအလျောက် တတ်လှမ်းခဲ့ရကာ အုပ်စု ဒုတိယ အသင်းကတော့ ချန်ပီယံလိဂ် ကနေ

ပြုတ်လာတဲ့ အသင်းတွေနဲ့ ပလေးအော့ ပွဲစဉ် ထပ်မံ ဆင်နွဲပြီး အနိုင် ရလာမှသာ ၁၆ သင်း အဆင့်ဆီ တတ်လှမ်းရတာ ဖြစ်လို့ မန်ချက်စတာ ယူနိုက်တက် အတွက် ဆိုစီဒက် အတွက်ပါ အုပ်စု ပထမနေရာက အတော်လေးကို အရေးပါ နေပါတယ်။

credit