ရာသီကုန် အဆင့် တစ်ကနေ ခြောက်ထိ ဘယ်အသင်းတွေ ဘယ်မှာ ရပ်တည်သွားမလဲ ဆိုတာ ဟောကိန်းထုတ်လိုက်တဲ့ ဂယ်ရီနဗီးလ်

ဝေဖန် သုံးသပ် ခန့်မှန်းသူ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် က Daily Mirror မှာ ရာသီကုန်တွင် အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး တို့ အဆင့် ဘယ်လောက်မှာ ရပ်တည်မလဲ ဆိုတာ ယခုလို ‌ခန့်မှန်းသွား ခဲ့ပါတယ်။




မန်စီးတီး အသင်းဟာ ကျိန်းသေ Top 4 ဝင်မယ့် အသင်း ဖြစ်ပြီး စပါးလည်း Top 4 ဝင်မယ်လို့ ထင်ပါတယ်၊ အာဆင်နယ် အသင်းကိုလည်း ထည့်ပြောချင်ပါတယ်၊ သူတို့လည်း Top 4 ဝင်မယ်လို့ ထင်ပါတယ်။ ဒီရာသီက နှစ်ပိုင်းခွဲ ကြည့်ရမယ့် ဘောလုံး ရာသီ တစ်ခုပါ။




အသင်းတွေရဲ့ အရှိန်အဟုန် ပြောင်းလဲသွားတာ အဆင့် ရပ်တည်မှုတွေ လုံးဝ ပြောင်းလဲ သွားတာကို မြင်တွေ့ ရလိမ့်မယ်လို့ ထင်ပါတယ်၊ မန်စီးတီး ကတော့ ထိပ်ဆုံးက ပြေးနေမယ့် အသင်းပါပဲ။ လီဗာပူးအသင်း ပြန်လာ နိုင်လိမ့်မယ်လို့ ထင်ပါတယ်၊ ချဲလ်ဆီး ဘာလုပ်မှာလဲ ဆိုတာ




ခုချိန်ထိ ကျွန်တော်တို့ မမြင်ရသေးပါဘူး။ ရာသီကုန် အထိ သူတို့ ယခု နေရာမှာ ဆက်ရှိနိုင်မှာလား အာဆင်နယ်ရော ခုနေရာမှာ ဆက်ရှိနိုင်မှာလား၊ စပါး အဆင့်ကျသွားမယ် လို့တော့ မထင်မိပါဘူး၊ သေချာပေါက် ပြောနိုင်တာ တစ်ခုကတော့ အခု အမှတ်ပေးဇယား အဆင့် ရပ်တည်မှုနဲ့ ရာသီကုန်မှာ




အဆင့် ရပ်တည်မှုက လုံးဝ ကွဲပြား ခြားနားမယ် ဆိုတာပါပဲ။ ကျွန်တော် ကတော့ မန်စီးတီး၊ အာဆင်နယ်၊ စပါး၊ မန်ချက်စတာ ယူနိုက်တက် တို့ Top 4 ဝင်ပြီး လီဗာပူး နဲ့ ချဲလ်ဆီး Top 4 လွဲမယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် အရိုးသားဆုံး ပြောရရင် အာဆင်နယ် အသင်း Top 4 သေချာပေါက်




ဝင်မယ်လို့ ပြောနေ ကြတာကို ကျွန်တော် တစ်ဦးတည်း အမြင် အရတော့ သဘော မတူပါဘူး၊ အာဆင်နယ် အနေနဲ့ Top 4 နဲ့ ထိုက်တန်ကြောင်း ရာသီကုန်ထိ သက်သေ ပြဖို့ လိုအပ်ပါတယ်၊ ဒါပေမယ့် လက်ရှိ အချိန်မှာ အာဆင်နယ် ကစားတာကို ကြည့်ရတာ သဘောကျ နှစ်ခြိုက်ပါတယ်၊ သူတို့ တကယ့်ကို

မယုံနိုင်လောက်အောင် ကောင်းနေကြပါတယ်။ လို့ ပြောကြားသွားခဲ့ပါတယ်။ Top 6 ခန့်မှန်းချက်- (၁) မန်စီးတီး၊ (၂) အာဆင်နယ်၊ (၃) တော့တင်ဟမ် ဟော့စပါး၊ (၄) မန်ချက်စတာ ယူနိုက်တက်၊ (၅) ချဲလ်ဆီး၊ (၆) လီဗာပူး တို့ပဲ ဖြသ်ပါတယ်။

credit