မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦးကို ရွေးချယ်ပေးလိုက်တဲ့ အိုဝင် ဟားဂရေ့
|မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း တစ်ဦး ဖြစ်သူ အိုဝင်ဟားဂရေ့ က ပြီးခဲ့တဲ့ နွေတုန်းက အသင်းဆီ ရောက်လာခဲ့တဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် နဲ့ ဝါရင့် ဂိုးသမား ဒေးဗစ် ဒီဂီယာ တို့ကို ချီးမွမ်းသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ နွေတုန််းက ဗဟိုခံစစ် နေရာကို အင်အား ဖြည့်တင်းဖို့ အတွက် အေဂျက်စ် မှ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ တပည့်ဟောင်း လီဆန်ဒရို မာတီနက်ဇ် ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ မာတီနက်ဇ် ဟာ အရပ်အမောင်း 5 ပေ 9 လက်မသာ ရှိတဲ့ ဗဟို ခံစစ်မှူး ဖြစ်တာကြောင့် ကာယပိုင်း
အသားပေး ကစားပြီး အရပ်အမောင်းကောင်းတဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးတွေကြား ရုန်းကန်ရလိမ့်မယ်လို့ ကနဦး ထင်ကြေးပေး ခံခဲ့ရပါတယ် ဒါပေမဲ့ လက်တွေ့မှာမာတီနက်ဇ် ဟာ အသင်းဖော် ခံစစ်မှူး ရာဖေးလ် ဗာရန်း နဲ့ တွဲဖက် ကစားရင်း မန်ချက်စတာ ယူနိုက်တက်် ခံစစ်ကို သိသိသာသာ
ပိုကောင်းစေ နိုင်ခဲ့ပါတယ်၊ ဒါ့အပြင် ပွဲစဥ်တွေမှာ တွန်းတွန်းတိုက်တိုက် ကစားတာ ပေးပို့မှု ကောင်းတာလည်း ချီးကျူးစရာ ဖြစ်ခဲ့ရပါတယ်၊ အခြား တဘက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အတွက် ပုံမှန် လက်စွမ််းကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရဖူးတဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ ကလည်း
ဒီရာသီ ခံစစ်မှူးကောင်းတွေကြောင့် ဂိုးပေါက်အရှေ့ ယုံကြည်မှု အားကောင်းခဲ့သလို လက်စွမ််းကောင်း တွေလည်း ပြသလာနိုင်ခဲ့ပါတယ်၊ အခုတော့ အိုဝင်ဟားဂရေ့ က အဲရစ် တန်ဟက်ဂ် ဟာ အသင်းဆီ အနိုင်ယူလို စိတ်တွေ ယူဆောင် လာခဲ့တာ ဖြစ််ကြောင်း မာတီနက်ဇ်က
ဒီရာသီ အဓိက ကစားသမား ဖြစ်ကြောင်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း အကောင်းဆုံးက ဒီဂီယာ ဖြစ်ကြောင်း ချီးမွမ်းလိုက်ပါတယ်၊ အဲရစ် တန်ဟက်ဂ် ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ မမြင်တွေ့ ခဲ့ရဖူးတဲ့ အနိုင်ယူ လိုစိတ်တွေ ယူဆောင်ခဲ့ပါတယ်။
သူတို့က ဒီရာသီ ကောင်းမွန်တဲ့ ပုံစံတွေ ပိုင်ဆိုင်ထား ကြပါတယ်၊ ခံစစ်ပိုင်းအရ ဆိုရင် သူတို့ဟာ အတော်လေး တိုးတက်လာ ခဲ့ကြပါတယ်၊ ဒီအတွက် သူတို့တွေ ပျော်ရွှင် ကြည်နူးနေ ကြမှာပါ၊ ဒီရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက် ခံစစ် အတွက် လီဆန်ဒရို မာတီနက်ဇ် က
အဓိက ကစားသမား ဖြစ်နေခဲ့ပါတယ်လို့ ဟားဂရေ့ က ထုတ်ပြောလိုက်ပြီး လက်စွမ်းကောင်း ပြသနေတဲ့ ဒီဂီယာကိုလည်း ဒီဂီယာ ဘာတွေ လုပ်နိုင်သလဲ ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ၊ သူက ကြီးမားတဲ့ အခိုက်အတန့်တွေမှာ ကြီိးမားတဲ့ ကာကွယ်မှုတွေ လုပ်ဆောင် နိုင်ပါတယ်။
သူဟာ အဲ့ဒီ နေရာမှာ အတော်ဆုံးပဲလေ၊ လွန်ခဲ့တဲ့ နှစ်တွေ အတွင််းမှာ သူက ဆက်တိုက် ဆိုသလို အသင်းရဲ့အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခဲ့တယ်လေလို့ ဟားဂရေ့ က ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
credit