ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကစားသမားတွေကို ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ထည့်မသုံးဘဲ စောစော စေလွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အာဂျင်တီးနား
|ပရီးမီးယားလိဂ် အသင်းတွေဟာ သူတို့ရဲ့ ကစားသမားတွေကို ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် စောစီးစွာ စေလွှတ်ပေးဖို့ အာဂျင်တီးနား လက်ရွေးစင် အသင်းရဲ့ တောင်းဆိုမှုကို လက်သင့်ခံသွားမှာ မဟုတ်ကြောင်း သိရပါတယ်။
ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ကလည်း နှစ်ပတ် ဝန်းကျင်သာ လိုတော့တာပါ၊ အာဂျင်တီးနား ဟာ သူတို့ရဲ့ အုပ်စု အဖွင့်ပွဲကို လာမယ့် နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဆော်ဒီအာရေဗျ နဲ့ စတင် ကစားရမှာ ဖြစ်ပါတယ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လက်ရွေးစင်
အသင်းတွေဟာ ပြိုင်ပွဲကြီးမ စတင်ခင် တပတ်အလို မှသာ ကစားသမားတွေကို စုစည်း လေ့ကျင့်နိုင်မှာ ဖြစ်ပြီး အာဂျင်တီးနား ကတော့ သူတို့ရဲ့ ကစားသမားတွေကို လက်ရွေးစင် အသင်းနဲ့ စောလျင်စွာ ပူးပေါင်းစေဖို့ ဆန္ဒရှိနေပါတယ်၊ ဒေးလီးမေးလ် သတင်းဌာနရဲ့ ဖော်ပြချက် အရ
အာဂျင်တီးနား ဟာ ပရီးမီးယားလိဂ် ကလပ် အသင်း တသင်းထံ ချဥ်းကပ်ပြီး သူတို့ရဲ့ ကစားသမား တစ်ယောက်ကို လက်ရွေးစင် အသင်း အတွက် စောစော စေလွှတ်ပေးဖို့ တောင်းဆို ခဲ့ကြောင်း သိရှိရပါတယ်၊ ဒါပေမယ့် အာဂျင်တီးနား ရဲ့ တောင်းဆိုမှုကို
အဆိုပါကလပ် အသင်းဘက်က ငြင်းဆန် ပယ်ချခဲ့ပြီး နောက်ထပ် ဘယ်လိုမျိုး တောင်းဆိုမှုကို မှလည်း လိုက်လျော ပေးသွားမှာ မဟုတ်ကြောင်း အကြောင်း ပြန်ခဲ့ပါတယ်၊ အာဂျင်တီးနား ကြယ်ပွင့်တွေ ဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ် က မန်ချက်စတာ ယူနိုက်တက် မှာ
အီမီလီယာ နိုမာတီနက်ဇ် က အက်စတွန် ဗီလာမှာ၊ ရိုမားရိုး က စပါးမှာ ကစားနေ ကြပါတယ်၊ အာဂျင်တီးနား အနေနဲ့ ကမ္ဘာ့ဖလား အတွက် သူတို့ ရွေးချယ်သွားမယ့် ကစားသမားတွေကို နိုဝင်ဘာ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဥ်တွေကို လွဲချော်ခွင့်ပေးဖို့
တောင်းဆိုခဲ့ပါတယ်၊ ဒါပေမယ့် ပရီးမီးယားလိဂ် အသင်းတွေ ဘက်ကတော့ အာဂျင်တီးနား ရဲ့ တောင်းဆိုမှုကို လက်ခံသွားဖို့ မရှိဘဲ ပုံမှန် စေလွှတ်ရမယ့် အချိန်တိုင်းသာစေ လွှတ်ပေးသွားဖို့ ဆန္ဒ ရှိနေပါတယ်။ အာဂျင်တီးနား လက်ရွေးစင်
အသင်းခေါင်းဆောင် မက်ဆီ ကတော့ ကမ္ဘာ့ဖလား မတိုင်ခင် ပီအက်စ်ဂျီ ရဲ့နောက်ဆုံးပွဲ ဖြစ်တဲ့ အော်ဇေး နဲ့ ပွဲကို လွဲချော်ခွင့် ပေးသွားဖို့ တောင်းဆိုသွားဖွယ် ရှိတယ်လို့ သိရှိရပါတယ်။
credit