ဘာကြောင့် ရုန်းကန်နေရသလဲ အသိပေးလိုက်ပြီး အသင်းကို အကောင်းဆုံး အကူညီပေးနိုင်တဲ့ နေရာကို ထုတ်ပြောလာတဲ့ ဗန်ဒီဘိခ်
|မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ် က ဒဏ်ရာ ပြသနာ ပြန််လည် သက်သာ ကောင်းမွန်လာ တဲ့နောက် အသင်းကို အကူအညီ ပေးနိုင်ဖို့ အတွက် စွမ်းနိုင်သမျှ အားကုန်ကြိုးစား လုပ်ဆောင် သွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။ နယ်သာလန် လက်ရွေးစင် ကွင်းလယ် ကစားသမား ဖြစ်သူ
ဒွန်နီ ဗန်ဒီဘိခ် ဟာ ကြွက်သား ဒဏ်ရာ ရရှိခဲ့တဲ့ အတွက်် ပြီးခဲ့တဲ့ အချိန် ခုနှစ်ပါတ် အတွင်း မန်ချက်စတာ ယူနိုက်တက် အတွက် ပါဝင် ကစားပေး နိုင်ခြင်း မရှိခဲ့တာပဲ ဖြစ်ပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်ပါတ်က မန်ချက်စတာ ယူနိုက်တက် တို့ ရှရိဖ် နဲ့ ကစားခဲ့တဲ့ ပွဲစဥ်မှာ ပြန််လည် ပါဝင်ခွင့် ရရှိခဲ့ပါတယ်။
သူဟာ မန်ချက်စတာ ယူနိုက်တက် အတွက် 2021 ခုနှစ် ဒီဇင်ဘာလ ကနေ ယခုထိ ပွဲထွက် ကစားခွင့် မရရှိ ခဲ့သေးပါဘူး၊ ဒါဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နယ်သာလန် လက်ရွေးစင် အသင်း အတွက် ပြန်လည် ကစားပေးလိုတဲ့ ကစားသမား တစ်ဦး အတွက် စိတ်ပျက််စရာ ဖြစ်ခဲ့ပါတယ်။ ယခုတော့
သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး မစတင်မီ လေးပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲကစားချိန် မိနစ်တွေ ရရှိလိုနေပြီး ပုံစံကောင်း ပြသဖို့ မျှော်လင့်နေပါတယ်၊ ယခု သူဟာ ဒဏ်ရာ ပြသနာတွေ ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရုန်းကန် နေခဲ့ရတာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ကစားသမား တစ်ဦး အတွက် ဒဏ်ရာ ရရှိတာက အဆိိုးရွားဆုံး အရာတစ်ခုပါပဲ၊ ခင်ဗျားဟာ ပွဲထဲမှာ ရှိချင််တာပါ၊ ကွင်းထဲမှာ ကိုယ့်ကောင်တွေနဲ့ အတူ ရှိနေချင် တာလေ၊ ခင်ဗျား မြင်ခင်းပြင်ကို ခံစားချင်သူပါ၊ ဒဏ်ရာရတာက ကျွန်တော့်ကို အများကြီး ခက်ခဲစေပါတယ်။ ကျွန်တော် အခုလို
ပြန်လာနိုင်တဲ့ အတွက် ပျော်ရွှင်မိတယ်၊ ကျွန်တော် ကွင်းထဲမှာ အကြာကြီး ရှိနေလိုပြီး အသင််းကို ကူညီ ပေးချင်ပါတယ်။ လို့ ဗန်ဒီဘိခ် က ထုတ်ပြောလိုက်ပြီး သူဟာ တိုက်စစ် ကစားရင်း အသင်းကို ကူညီပေး နိုင်တယ်လို့ ယုံကြည်ကြောင်း ဆက်လက် ပြောဆိုပါတယ်။ တိုက်စစ်ပိုင်း ကစားတယ် ဆိုတာ
ကျွန်တော့် အသင်းကို ကူညီပေးနိုင်တဲ့ နေရာ တစ်ခုပါပဲ၊ အလယ်ကြော တလျှောက် ကစားပြီး ဘောလုံး ဆွဲပြေးတာ၊ ပေးပို့တာတွေ လုပ်ဆောင်နိုင်ပါတယ်၊ ကျွန်တော် ကတော့ အကောင််းဆုံး ကြိုးစားမယ်၊ ကြံ့ခိုင်အောင်နေမယ်၊ အသင်းကို ကူညီမယ်၊ အဲ့လောက်ပဲ တွေးပါတယ်။ အရန်ခုံပေါ်ကနေ
ကိုယ့်ရဲ့ အသင်းဖော်တွေ ကစားတာကို ကြည့်ရတာ ခက်ခဲလှပါတယ်၊ အထူးသဖြင့် ပွဲစဥ်တွေ အများကြီး ကစားခဲ့ဖူးသူ တစ်ယောက်အတွက် ခက်ခဲလွန်းပါတယ်၊ ကျွန်တော် အနားယူရတာ များပါတယ်၊ ဒါ့ကြောင့် အခုအချိန်က ခက်ခဲလွန်းပါတယ်။ လို့ ဗန်ဒီဘိခ် က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
credit