အနိုင်ရခဲ့ပေမယ့် အပျော်နည်းခဲ့ရတဲ့ ပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေညံ့ခဲ့ကြသလဲ ရီးယဲဆိုစီဒက်စ် 0-1မန်ချက်စတာ ယူနိုက်တက် ပွဲပြီး သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနေ့ နံနက်မှာ ယူရိုပါလိဂ် အုပ်စု အဆင့် နောက်ဆုံး ပွဲစဥ် အဖြစ် စပိန်မြေမှာ ရီးယဲဆိုစီဒက်စ် ကို သွားရောက် ရင််ဆိုင်ခဲ့ရပြီး 0-1 အနိုင် ရလဒ် ရယူသွားနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ဒီရလဒ်ဟာ မန်ချက်စတာ ယူနိုက်တက် ကို အုပ်စု ဒုတိယ အဖြစ်သာ ဆက်လက် ရှိစေခဲ့တဲ့ အတွက်




အပြည့်အဝ ပျော်ရွှင်မှုတော့ မရခဲ့ပါဘူး၊ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့ကြပါပေမယ့် အရင်လို ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အများကြီး မလုပ်ပြနိုင် ခဲ့တာကြောင့် ဖြစ်ပါတယ် ဒီပွဲမှာ ရီးယဲဆိုစီဒက်စ် အသင်း




ဘက်ကတောင် ပိုပြီး ဂိုးပေါက် ခြိမ်းခြောက် ပြနိုင်ခဲ့ ပါသေးတယ်၊ ဒါပေမယ့် ဒီဂီိယာ ထပ်မံ လက်စွမ်းပြနိုင်ခဲ့ တာကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ နိုင်ပွဲ ရရှိခဲ့ကြတာ ဖြစ်ပါတယ်၊ ဒီပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်် ပရိသတ်တွေ မျှော်လင့်ထားသလို လူငယ်လေး ဂါနာချို က အနိုင်ဂိုးကို သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။




ဂါနာချို ဟာ ပွဲချိန် 17 မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပြီး ဒါက သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် စီနီယာ ကစားသမား ဘဝ ပထမဆုံး သွင်းဂိုးလည်း ဖြစ်ပါတယ်၊ အထူးသဖြင့် ဒီဂိုးကို ရော်နယ်ဒို ဖန်တီးပေးခဲ့ တာက လူငယ်လေး အတွက်တော့ တစ်သက်တာ အမှတ်တရ ဖြစ်သွားစေမှာ အသေအချာပါပဲ။




သို့သော် မန်ချက်စတာ ယူနိုက်တက် ဟာ အုပ်စု ဒုတိယ နေရာသာ ရရှိခဲ့တဲ့ အတွက် နောက် တစ်ဆင့်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲဲမှ ထွက်ခွာလာသူတွေနဲ့ တွေ့ဆုံရပါတော့မယ်၊ ဒီပွဲစဥ်မှ မန်ချက်စတာ ယူနိုက်တက် အတွက် ဘယ်သူတွေ ကောင်းပြီး၊ ဘယ်သူတွေ ညံ့ခဲ့ကြသလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။




ဒေးဗစ် ဒီဂီယာ – 7 ပထမပိုင်း ပြီးခါနီး ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု နှစ်ကြိမ် ဆက်တိုက် လုပ်ပြနိုင်ခဲ့ သလို သတိ ရှိရှိလည်း ကစားပေး နိုင်ခဲ့ပါတယ်၊ ဘောလုံး ပေးပို့မှုတွေ ယခင်နဲ့ မတူတော့ဘဲ တိုးတက်လာပြီ ဖြစ်ပြီး ရှေ့လျှောက် ယခင်နဲ့ မတူတဲ့ ကွဲပြားခြားနားမှု တခုကို ချပြသွားမယ့် အလာအလာ များစွာ ရှိနေပါပြီ။




ဒီယေဂို ဒါလော့ – 7 မန်ချက်စတာ ယူနိုက်တက် အတွက် 25 ပွဲ ဆက်တိုက် ကစားပေးခွင့် ရရှိခဲ့တာ ဖြစ်ပြီး ခံစစ်ပိုင်း စွမ်းဆောင်ရည် ထူးကဲခဲ့ပါတယ်၊ ဒီရာသီက ဒါလော့ရဲ့ ရာသီလို့ ပြောရင်လည်း မမှားပါဘူး၊ ဒီပွဲမှာ တိုက်စစ်ပိုင်း ကစားပုံက သိပ်ပြီး အားရစရာ မဖြစ်ခဲ့ပေမယ့် အဲရစ် တန်ဟက်ဂ် ပုံဖော် နေတဲ့ ကြယ်ပွင့်ထဲက အလင်းလက်ဆုံး တပွင့် အပါအဝင် ဖြစ်နေခဲ့ပါပြီ။




လင်ဒီလော့ဖ် – 7 ပြန်လည် ပွဲထွက်ခွင့် ရရှိခဲ့တဲ့ အတိုင်း အခွင့်အရေးကို အသုံးချပြီး ပွဲထွက်နဲ့ ထိုက်တန်ကြောင်း အဲရစ် တန်ဟက်ဂ် ကို သတ်သေပြ သွားနိုင်ခဲ့ သလို တည်ငြိမ်တဲ့ ကစားဟန်ကိုလည်း ပြသသွားနိုင်ခဲ့ ပြန်ပါတယ်၊ လီဆန်ဒရို မာတီနက်ဇ် နဲ့ တွဲဖက် ကစားပုံမှာခည်း ပိုမို ကောင်းမွန်လာခဲ့ပြီး နားလည်မှု ရှိလာခဲ့ပြီလို့ ဆိုရပါမယ်။




လီဆန်ဒရို မာတီနက်ဇ် – 8 ဂိုး ဧရိယာထဲမှာ ဘောလုံး လုယူပုံတွေ ထူးကဲ ကောင်းမွန်ခဲ့ပါတယ်၊ အသင်းဖော်တွေရဲ့ လိုအပ်ချက်ကိုလည်း ဖြည့်စွက် ကစား ပေးနိုင်ခဲ့ပါတယ်၊ လုံးဝ စပါယ်ရှယ် တစ်ဦးပါပဲ မန်ချက်စတာ ယူနိုက်တက် အတွက် ပေးရတဲ့ တန်ကြေးထက် ပိုမို အမြတ်အစွန်တွေကို စိတ်ပါလက်ပါ ပေးဆောင်နေတဲ့ နတ်ဘုရား တစ်ပါးပါပဲ။




လုခ်ရှော – 7 တိုက်စစ်ပိုင်း မကြာခန လိုက်ပါ ကစားပေးခဲ့ပြီး လူထပ် ကစားပုံမှာလည်း ​အထူး ကောင်းမွန်ခဲ့ပါတယ်၊ ဒီပွဲမှာ သူ့ရဲ့ ခံစစ် ကစားဟန် သိသိသာသာ တိုးတက်လာခဲ့ပြီး အကောင်းဆုံး ပေးဆပ် ကစားသွားခဲ့ပါတယ်။

ကတ်စမဲရိုး -7 ဒီနေ့တော့ ခံစစ်ပိုင်း ပိုမို ဖြည့်စွက် ကစားပေး ခဲ့ရပြီး လိုအပ််တဲ့ အချိန်မှာ လိုအပ်တဲ့ နေရာကို ရောက်ရှိနေ တတ်ခဲ့ပါတယ်၊ သူ့ရဲ့ စွမ်းဆောင်ရည် ကောင်းတွေက ကွင်းထဲက တစုံတရာကို ကြောက်ရွံ့ တုန်လှုပ် ခြောက်ခြားစေနိုင်ခဲ့ပြီး ဘရာဇီးလ်သားရဲ့ စိတ်နှလုံးမှာ သရဲနီသွေးတွေ အပြည့်အဝ စီးဆင်း လည်ပတ်နေပြီ ဆိုလည်း မမှားပါဘူး။




ခရစ္စတီယန် အဲရစ်ဆင် – 6 ထုံစံ အတိုင်း အဝေးဘော ပေးပို့မှုတွေ ကောင်းလွန်းခဲ့ပါတယ်၊ ဒါပေမဲဲ့ 3-3-3-1 ကစားကွက်မှာ အကောင်းမွန်ဆုံး အံဝင်အောင် မကစားနိုင်ခဲ့ပဲ အခက်တွေ့ခဲ့ရပါတယ်၊ ကစားပုံ အသစ်တခုမှာ အသားကျဖို့ အခက်အခဲ အနည်းငယ် ရှိခဲ့ပေမယ့် သူ့ရဲ့ အရည်အသွေးကို ထုတ်ပြနိုင်ခဲ့ပါတယ်။




ဒွန်နီ ဗန်ဒီဘိခ် – 3 နယ်သာလန် အတွက် ကမ္ဘာ့ ဖလား ကစားပေးချင် နေခဲ့တဲ့ ကွင်းလယ်လူဟာ သူ ကစားချင်တဲ့ တိုက်စစ်ပိုင်းမှာ နေရာယူ ကစားခွင့် ရရှိခဲ့ပေမဲ့ ဘာမှ ထူးကဲ မပြနိုင်ခဲ့ပြန် ပါဘူး၊ အရင် နည်းပြတွေ လက်ထက်မှာ ပွဲထွက်ခွင့် နည်းပါလွန်းမှုက သူ့အတွက် သံချေးတက်နေတဲ့ ဓါတစ်လက် ဖြစ်နေခဲ့ရပါပြီ၊ အဲရစ် တန်ဟက်ဂ် တစ်ယောက် တပည့် ဖြစ်သူကို တွန်းတင်နေပေမယ့် အချိန်ပေးရဖွယ် ရှိနေပါတယ်။

ဘရူနို ဖာနန်ဒက်စ် – 6 ညာတောင်ပံမှာ ကစားခဲ့ရပေမဲ့ ဒီပွဲစဥ်မှာ ကောင်းကောင်း ကစားပေးနိုင်ခဲ့ပါတယ် ၊ အဖွင့်ဂိုး ရရှိရေးမှာလည်း ပါဝင်် ပတ်သက်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အကောင်းဆုံး ခြေစွမ််းတော့ မပြသ နိုင်သေးပါဘူး၊ ပွဲထက်ခွင့် အမြဲတမ်း ရရှိပေမယ့် အရင်က ဘရူနို ဖာနန်ဒက်စ် ကို ပြန်လည် ပိာင်ဆိုင်ဖို့ ကြိုးစားရအုံးမှာပဲ ဖြစ်ပါတယ်။

အလက်ဂျန်ဒရို ဂါနာချို – 7 စီနီယာ ကစားသမား ဘဝရဲ့ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်၊ ကစားပုံမှာလည်း အားရစရာ ဖြစ်ခဲ့ပြီး နောက်ထပ်် အခွင့်အရေး ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး၊ သို့သော် ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်တွေ မမှားကြောင်း ပွဲထွက်ခွင့် ရတိုင်း သတ်သေပြခဲ့ပြီး ဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒို – 6 အလက်ဂျန်ဒရို ဂါနာချို အတွက် ဂိုးဖန်တီး ပေးသွားနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး၊ စွမ်းသမျှ ကြိုးစားလိုခဲ့ပေမယ့် အလု ပ်မဖြစ်ခဲ့ပါဘူး။ လူစားဝင် ကစားသမားများ – မားကပ်စ် ရပ်ရှ်ဖို့ဒ် 5၊ စကော့မက် တွမ်မီနေး 5၊ ဖရက်ဒ် 5၊ ဟယ်ရီ မက်ဂွိုင်းယား 5၊ တို့ပဲ ဖြစ်ပါတယ်။

credit