မက်ဂွိုင်းယား ကို တိုက်စစ်မှာ သုံးခဲ့ရတဲ့ အကြောင်းရင်းမှန်ကို ထုတ်ပြောလိုက်တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က စပိန်မြေမှာ ရီးယဲဆိုစီဒက် ကို 2 ဂိုးပြတ်နိုင်ဖို့ လိုအပ်ခဲ့တဲ့ ပွဲစဥ်မှာ ဒုတိယပိုင်း စွန့်စားမှု ပြုလုပ်ဖို့ လိုအပ်နေခဲ့ကြောင်း ပွဲစဥ်အပြီးမှာ ထုတ်ပြောလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနေ့ နံနက် စပိန်မြေမှာ ဆိုစီဒတ် အသင်း နဲ့
ယူရိုပါလိဂ် အုပ်စု နောက်ဆုံး ပွဲစဥ် ကစားခဲ့ရပြီး 1-0 ရလဒ်နဲ့ အနိုင်ယူ သွားနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အုပ်စု ဒုတိယ အဖြစ််နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် တို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီိး ရယူနိုင်ခဲ့ပေမဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု သိပ် မလုပ်နိုင်ခဲ့ပါဘူး။
မန်ချက်စတာ ယူနိုက်တက် အတွက် တစ်လုံးတည်းသော ဂိုးကို ဂါနာချိုက ပွဲချိန် 17 မိနစ်မှာ သွင်းယူပေး ခဲ့တာပဲ ဖြစ်ပြီး၊ အဲဒီနောက် မန်ချက်စတာ ယူနိုက်တက် ရဲ့ ကစားပုံ ထူးကဲမလာတဲ့ အတွက် ပွဲချိန် 58 မိနစ်မှာ တန်ဟက်ဂ် က ဗန်ဒီဘိခ် နေရာမှာ ရပ်ရှ်ဖိုဒ်၊ လင်ဒီလော့ဖ် နေရာမှာ တွမ်မီနေး တို့ကို
ထည့်သွင်းခဲ့ပါတယ်၊ ဒါ့အပြင် ပွဲချိန် 82 မိနစ်မှာ အဲရစ်ဆင်် ရဲ့ နေရာမှာ ဖရက်ဒ်၊ ဂါနာချို နဲ့ နေရာမှာ မက်ဂွိုင်းယား ကို ထည့်သွင်းခဲ့ပါတယ်။ ဒီပွဲမှာတော့ မက်ဂွိုင်းယား ဟာ ပြိုင်ဘက် ခံစစ်ဖက်မှာပဲ ရှိနေခဲ့တာက အံ့သြစရာ ဖြစ်ခဲ့ရပါတယ်၊ ယခုတော့ ပွဲစဥ် အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ဘာကြောင့် အခုလို
ကစားသမား နဲ့ ကစားကွက် အပြောင်းအလဲတွေ လုပ်ခဲ့ရသလဲ ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်၊ ပထမဆုံး အနေနဲ့ ပြောရရင် ဗန်ဒီဘိခ် ဟာ ပွဲ မကစားရတာ ကြာပါပြီ၊ သူ မိနစ် 90 လုံး မကစားပေး နိုင်သေးဘူး၊ ဒါ့ကြောင့် မိနစ် 60 လောက်မှာ လူစားလဲခဲ့ရပါတယ်၊ အဲ့ဒီ အချိန်မှာ ကျွန်တော်တို့ ဂိုးလိုနေတဲ့ အတွက်
တိုက်စစ် အားသန်သူတွေ ထည့်သွင််းခဲ့ရပါတယ်၊ ပြီးတော့ ကွင်းလယ်မှာ 4 ယောက် 4 ယောက် ယှဥ်ကစားဖို့ လိုအပ်ခဲ့ပါတယ်၊ ဒီလို အချိန်မှာ ကျွန်တော်တို့ စွန့်စားမှု လုပ်ခဲ့ရတာပါ၊ လင်ဒီလော့ဖ် က မာတီနက်ဇ် နဲ့ တွဲ ကစားတာ ကောင်းမွန်လာခဲ့ပါပြီ၊ ဒါပေမယ့် တနင်္ဂနွေနေ့က သူ နေမကောင်းဖြစ်ခဲ့တဲ့ အချိန်
မက်ဂွိုင်းယား ဝင်လာခဲ့ပြီး ကစားပုံ ကောင်းခဲ့ပါတယ်၊ ဒါ့ကြောင့် နေရာတွေမှာ ပြိုင်ဆိုင်မှုတွေ ပိုများသွားလို့ ကျွန်တော်တို့ ပျော်ရွှင်ခဲ့ရပါတယ်၊ ကျွန်တော်တို့ လိုနေခဲ့တာ ဒါပဲလေ၊ ပြီးတော့ ပွဲစဥ်ကို လွှမ်းမိုး နိုင်ဖို့လည်း လိုပါတယ်၊ ဗာရန်း ဒဏ်ရာ ရနေခဲ့တာ ကျွန်တော်တို့ကို များစွာ နာကျင်စေခဲ့တယ်၊ သူက ခေါင်းဆောင် နိုင်စွမ်းရှိသူ တစ်ဦးလေ။
ဒါပေမယ့် ကျွန်တော်တို့မှာ ဗဟို ခံစစ်မှူးကောင်း သုံးယောက်် ရှိနေဆဲ ဖြစ်ပါတယ်၊ဒါက ကောင်းမွန်ခဲ့ပြီး ကျွန်တော်တို့ လိုအပ်နေတဲ့ အရာလည်း ဖြစ်ပါတယ်၊ ဟယ်ရီ တိုက်စစ် ကစားခဲ့တာက ရှင်းပါတယ်၊ ကျွန်တော်တို့ အခွင့်အရေး လိုအပ်နေခဲ့တယ်၊ ခရစ္စတီယာ နို နဲ့ ဟယ်ရီ ရှိရင် တိုက်စစ်မှာ ခေါင်းတိုက်နိုင်သူ နှစ်ဦး ရှိလာမယ်လေ၊ ကျွန်တော်တို့က ပြိုင်ဘက်
ဧရိိယာထဲ တိုက်ရိုက် ကစားလိုခဲ့ ကြပြီး ဒါကို မကြာခန ဆိုသလို လုပ်ပြနိုင်ခဲ့ ကြပါတယ်၊ ကျွန်တော်တို့ အဲ့ဒီ နေရာကို ဘောလုံး မကြာခန ရောက်အောင် ပို့နိုင်ခဲ့ ကြပါတယ်လို့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ရှင်းပြသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit