အုပ်စု ဒုတိယ နေရာ ရလည်း ယူရိုပါလိဂ် ဆုဖလား အတွက် အခက်အခဲ မရှိကြောင်း ရှင်းပြလိုက်တဲ့ ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက လာလီဂါ ကလပ် ရီးယဲလ် ဆိုစီဒက်လအသင်းကို ယူရိုပါလိဂ် အုပ်စုလနောက်ဆုံး ပွဲစဉ်မှာ အနိုင်ရခဲ့ပေမယ့် head to head ရလဒ်ချင်းက တူညီနေပြီး ဂိုးကွာခြားချက်မှာ ဆိုစီဒက်ထက် မန်ချက်စတာ ယူနိုက်တက် က တစ်ဂိုး လျော့နည်းနေ တာကြောင့်




အုပ်စု ဒုတိယ နေရာနဲ့ ကျေနပ်လိုက်ရပြီး ချန်ပီယံလိဂ် ကနေ ယူရိုပါလိဂ်ဆီ ကျရောက်လာတဲ့ အသင်းတွေနဲ့ ရှုံးထွက် ပလေးအော့ အဆင့်မှာ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဆိုစီဒက် ကို အနည်းဆုံး ၀-၂ ဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရခဲ့မယ် ဆိုရင်




ရှံးထွက် ၁၆ သင်း အဆင့်ဆီကို တစ်ခါတည်း တတ်လှမ်းနိုင်မှာ ဖြစ်ပေမယ့် အုပ်စု ဒုတိယ နေရာကိုသာ ရရှိလိုက်တာ ဖြစ်လို့ ရှုံးထွက် ပလေးအော့ အဆင့်ကို ဖြတ်သန်းရဦးမှာ ဖြစ်သလို ဒီနှစ် ရာသီမှာ ကလည်း ချန်ပီယံလိဂ် ကနေ ယူရိုပါလိဂ်ဆီ ရောက်ရှိလာတဲ့ အသင်းတွေက အင်အားကြီး




ကလပ် အသင်းတွေ ဖြစ်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက် အတွက် အခက်တွေ့ရဖွယ် ရှိနေပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနိုဖာ နန်ဒက်စ် ကတော့ ဘယ်အသင်းနဲ့ပဲ ဆုံတွေ့ပါစေ




သူတို့ အတွက် ပြသာနာ မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ အဲ့ဒီလောက် အထိ သိပ်ပြီး တွေးနေစရာ မလိုပါဘူး၊ အချိန်တန်ရင် သူတို့ထဲက တစ်သင်းသင်း နဲ့တော့ တွေ့ကို တွေ့ရမှာပဲလေ၊ ဒါက ပြသာနာ မဟုတ်ပါဘူး၊ ဒီဆုဖလားကို ရယူချင်တယ် ဆိုရင်တော့ ကျွန်တော်တို့က အသင်းကောင်း တွေနဲ့




ကစားရမှာပဲလေ၊ ဒီအသင်း တွေကို အနိုင်ယူကို ယူရမှာပဲ။ လို့ ဆိုစီဒက် နဲ့ ပွဲအပြီး အင်တာဗျူးမှာ ထုတ်ပြောလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ အခုဆိုရင် ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဆီ နန်းကျလာတဲ့ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ဆီဗီလာ လေဗာကူဆင်၊ အိုင်းယတ်စ်၊ ဆာလ်ဇ်ဘာ့ဂ်၊ စပို့တင်းလစ္စဘွန်း နဲ့ ရှက်တာဒိုးနက် တို့ထဲက




တစ်သင်းသင်းနဲ့ ရှုံးထွက် ပလေးအော့ ပွဲစဉ် အဖြစ် ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး အသင်းတိုင်း ကလည်း မန်ချက်စတာ ယူနိုက်တက် အတွက် ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်နေမှာ သေချာပါတယ်။ ဒီ ပလေးအော့ အဆင့်ကို ကျော်ဖြတ်ပြီး သွားရင်တော့ အုပ်စုဗိုလ်နေရာ ရရှိထားတဲ့ အသင်းတွေထဲက တစ် သင်းသင်းနဲ့ ရှုံးထွက် ၁၆ သင်း အဆင့်မှာ ရင်ဆိုင်ရဦး မှာ ဖြစ်ပါတယ်။

credit