ဆိုဆီဒက်နဲ့ ပွဲစဉ် မှာ အဲရစ် တန်ဟက်ဂ် အသုံးပြုခဲ့တဲ့ နည်းဗျူဟာနဲ့ ပတ်သက်ပြီး ချိုးဖဲ့ပြောဆိုလာတဲ့ ပေါလ်စခိုးလ်

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိ အချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ်စခိုးလ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဆိုစီဒက် 0-2 မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် ဒုတိယပိုင်းမှာ နောက်ခံလူ မက်ဂွိုင်းယား ကို




တိုက်စစ်မှူး နေရာ ထည့်သွင်းခဲ့ပြီး အမြင့်ဘောတွေ အားပြု ကစားသွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ နည်းစနစ်တွေဟာ လိဂ်ဝမ်း၊ လိဂ်တူး အဆင့် နည်းဗျူဟာတွေလို့ ဆိုလိုက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ ယူရိုပါလိဂ် အုပ်စု နောက်ဆုံးပွဲ အဖြစ် ဆိုစီဒက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အုပ်စုဗိုလ် နေရာ ရဖို့ အတွက် အနိမ့်ဆုံး နှစ်ဂိုးပြတ် အနိုင်ရဖို့ လိုအပ်နေတာကြောင့် အနိုင် ရရှိအောင် အစွမ်းကုန် ကြိုးစား ကစားခဲ့ပေမယ့် လူငယ် ကြယ်ပွင့် ဂါနာချို ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။




အဆိုပါ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ပထမပိုင်း ပွဲကစားချိန် အတွင်းမှာပဲ ဂါနာချို ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင် ခဲ့တာကြောင့် ဒုတိယပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ဟာ နောက်ထပ် အနိုင်ဂိုး တစ်ဂိုး ရရှိဖို့ အစွမ်းကုန် ကြိုးစား ကစားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က




ဒဏ်ရာရ ကစားသမား များပြားနေတာကြောင့် အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အတွက် အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ကို လူစားဝင် တိုက်စစ်မှူး အဖြစ် ကစားစေခဲ့ပါတယ်၊ မက်ဂွိုင်းယား ဝင်ရောက် လာပြီးနောက် မန်ချက်စတာ ယူနိုက်တက် တသင်းလုံးက အမြင့်ဘောတွေနဲ့ အနိုင်ဂိုး ရရှိအောင် ကြိုးစား ကစားခဲ့ကြ သလို




မက်ဂွိုင်းယား ကလည်း အသင်းဖော်တွေဆီ ခေါင်းတိုက် ဘောလုံးချပေးမှုတွေ လုပ်ဆောင် နိုင်ခဲ့ပေမယ့် သွင်းဂိုးတော့ မရရှိခဲ့ပါဘူး၊ လက်ရှိမှာတော့ အဲရစ် တန်ဟက်ဂ် တယောက် မက်ဂွိုင်းယား ကို တိုက်စစ်မှူး အဖြစ် ကစားစေခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ချီးကျူးသူ တွေရှိသလို ဝေဖန်သူတွေလည်း အများအပြား ထွက်ပေါ်နေပြီး ပေါလ်စခိုးလ် ကတော့ ကစားကွက်နဲ့




မကစားပဲ အမြင့်ဘောသာ အားပြု ကစားသွားခဲ့တဲ့ အဲရစ် တန်ဟက်ဂ် ရဲ့ နည်းစနစ်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ပေါလ်စခိုးလ်က – မန်ချက်စတာ ယူနိုက်တက် ရဲ့ ဒုတိယပိုင်း ကစားပုံက လုံးဝ အမှိုက်ဆန်ပါတယ်၊ သူတို့က ဘာနည်းဗျူဟာမှ မရှိပဲ ကစားသွားခဲ့ ကြတာပါ၊ သူတို့ရဲ့ တခုထဲသော နည်းဗျူဟာက ဂိုးဧရိယာထဲကို ဘောလုံးပို့မယ်၊ ပြီးရင်တော့




ပြန်ကျလာတဲ့ ဘောလုံးကို ကန်မယ် ဒါပါပဲ၊ ဒါက လိဂ်ဝမ်း၊ လိဂ်တူး မှာ တွေ့ရလေ့ ရှိတဲ့ နည်းဗျူဟာ မျိုးပါ၊ ဒါက မန်ချက်စတာ ယူနိုက်တက် လို အသင်းမျိုးကို မလေးစားတဲ့ နည်းဗျူဟာ လို့တောင် ပြောလို့ရပါတယ်။ လို့ အဲရစ် တန်ဟက်ဂ် ရဲ့ နည်းစနစ်တွေကို ဝေဖန်သွား ခဲ့တာပဲ ဖြစ်ပါတယ်။

credit