မိသားစု ကထိန်အလှူမှာ ဖေဖေနဲ့ အတူ ပျော်ရွှင်ခဲ့ကြောင်း ပုံရိပ်အချို့ကို မျှဝေလာတဲ့ စစ်လွန်းဝတီထက်
|စစ်လွန်းဝတီထက် ကတော့ နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦး နဲ့ သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်း တို့ရဲ့သမီးပဲ ဖြစ်ပါတယ်။မိဘ နှစ်ပါး ကွာရှင်းပြတ်ဆဲ ပြီးချိန်မှာတော့ စစ်လွန်းဝတီထက် ဟာ သူမရဲ့ ဖခင် စိုင်းလွှမ်း နဲ့ အတူတူ
နေထိုင်ရင်း ချစ်စရာကောင်းပြီး လိမ္မာရေးခြား ရှိစွာ ကြီးပြင်းလာခဲ့တာပဲ ဖြစ်ပါတယ်၊ အရွယ်လေးနဲ့ မလိုက်အောင် ထက်ထက်မြက်မြက် ရှိတဲ့ စစ်လွန်းဝတီထက် ဟာ သူမရဲ့ဘဝမှာ လောကဓံရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရတာမို့ အရမ်းကို တည်ငြိမ်သူလေး
တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်လွန်းဝတီထက် က သူမတို့ မိသားစုရဲ့ ကထိန် အလှူပွဲလေးက အမှတ်တရ ပုံရိပ်လေးတွေကို မျှဝေလာပါတယ်၊ စစ်လွန်းဝတီထက် က သူမရဲ့ဖေဖေနဲ့ ဖိုးဖိုး၊ ဖွားဖွားနဲ့ အဒေါ်၊ ဦးလေးတွေနဲ့ ကထိန် အလှူလေးမှာ
ပျော်ရွှင်စွာ ရှိခဲ့ပြီး အမှတ်တရကောင်းတွေ ဖန်တီးနိုင်ခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်၊ စစ်လွန်းဝတီထက် လေးကတော့ မကြာခင်မှာလည်း သူမရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ကလေးရေမွှေး ထုတ်လုပ်ဖို့လည်း ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း
စစ်လွန်းဝတီထက် ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။
credit