ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးပြီး ယူဗင်တပ်စ် ကြယ်တစ်ပွင့်နဲ့ အစားထိုးသွားမယ့် မန်ယူ

0
106

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ အထောင်တိုက်စစ်ပိုင်း အတွက် ဂျူဗင်တပ်စ် ကြယ်ပွင့် တိုက်စစ်မှူး ဗလာဟိုဗစ် ကို ခေါ်ယူဖို့ မျက်စိကျနေပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေဟာ ဗလာဟိုဗစ် နဲ့




ဂျူဗင်တပ်စ် အသင်းရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့် နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်း ရင်းမြစ်တွေက ဖော်ပြ သွားကြပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိမှာ ရော်နယ်ဒို၊ မာရှယ်၊ ရက်ဖို့ဒ်၊ စတဲ့ တိုက်စစ်မှူး ၃ ဦးကို ပိုင်ဆိုင် ထားပေမယ့် မာရှယ် တစ်ဦးထဲ ကသာ




အထောင်တိုက်စစ် နေရာမှာ ကစားတတ် သလို မာရှယ် ကလည်း မကြာခဏ ဆိုသလို ဒဏ်ရာ ပြဿနာတွေ နဲ့ ရင်ဆိုင်ရ တတ်တာကြောင့် နံပါတ် ၉ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူဖို့ လျာထားပါတယ်။ ဒါ့အပြင် မန်ချင်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒို ကလည်း ရာသီကုန်ချိန်မှာ




အသင်းကို စွန့်ခွာနိုင်ချေ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် က သူတို့ အသင်းရဲ့ 6 တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ဆုံးဖြတ်ထားပြီး အသင်းရဲ့တိုက်စစ် အတွက် သင့်တော်မယ့် တိုက်စစ်မှူးတွေကို စတင် ရှာဖွေနေပါတယ်။ တညက်မှာတော့ အသက် ၂၂ နှစ်အရွယ် ဆားဘီးယား ကြယ်ပွင့် တိုက်စစ်မှူး




ဗလာဟိုဗစ် က ဖီအိုရင်တီးနား ကနေ ဂျူဗင်တပ်စ် ထံ ပြောင်းရွှေ့လာပြီး နောက် သူ့ရဲ့ ဂိုးသွင်း စွမ်းရည်ကောင်းကို ဆက်လက် ထုတ်ပြထား နိုင်ပြီး ဗလာဟိုဗစ် ဟာ ဂျူဗင်တပ်စ် အတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၇ ဂိုး သွင်းယူထား နိုင်ကာ ဂိုးဖန်တီးမှု ၃ ကြိမ် ရရှိထားပါ တယ်၊ ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်




တာဝန်ရှိသူ တွေက ဗလာဟိုဗစ် ကို အသင်းနဲ့ ကိုက်ညီမယ့် ကစားသမား တွေထဲက တဦးအဖြစ် ရွေးချယ်သွားဖို့ သတ်မှတ်ထား ကြပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ တာဝန် ရှိသူတွေက ဗလာဟိုဗစ် ကို ခေါ်ယူနိုင်ဖို့ စုံစမ်းမှုတွေ စတင် ပြုလုပ်ထားကြောင်း နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ မိုက် မက်ဂ်ရက် က ဆိုပါတယ်။ ဗလာဟိုဗစ် က မကြာသေးခင်ကပဲ




သူဟာ ဂျူဗင်တပ်စ်မှာ ပျော်ရွှင်နေ ပါတယ်လို့ ထုတ်ဖော် ပြောကြားထား ပေမယ့် အကယ်၍ ဂျူဗင်တပ်စ် ကသာ ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရင် အသင်းပြောင်းဖို့ စဉ်းစားနိုင်ပြီး မန်ချက်စတာ ယူနိုက်တက် က ဂျူဗင်တပ်စ်နဲ့ စာချုပ် သက်တမ်း ၄ နှစ် ကျန်နေသေးတဲ့ ဗလာဟိုဗစ် အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၈၀ သန်း ဝန်းကျင် သုံးစွဲရ နိုင်ပါတယ်။

credit