တိုက်စစ် ကစားသမားတွေ ပျောက်ဆုံးနေမှုနဲ့ အတူ အက်စတွန်ဗီလာ ကို 3-1 ရှုံးနိမ့်ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲပြီး သုံးသပ်ချက်

အူနိုင်း အမ်မရီ ရဲ့ အက်စတွန် ဗီလာ ပွဲဦးထွက် ကတော့ နတ်ရေကန်ထဲ ပစ်ချလိုက်သလား မှတ်ရအောင် အရာအားလုံး ပြောင်းလဲနေခဲ့ပါတယ်၊ ပွဲစတာနဲ့ မန်ချက်စတာ ယူနိုက်တက် ခံစစ်ကို လျင်လျင် မြန်မြန်နဲ့ ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး




လီယွန် ဘိုင်လီ ကလည်း မာတီနက်ဇ် ကို ကျော်ဖြတ်ပြီး ၂ မိနစ်မှာတင် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်၊ အဲ့ဒီနောက် ပွဲကစားချိန် ၁၀ မိနစ်မှာ မန်ချက်စတာ ယူနိုက်တက် နောက်တန်းက အမှားထပ်မံ ကျူးလွန်ခဲ့ပြီး အဲ့ဒီက တဆင့် ပေးလိုက်ရတဲ့ ပြစ်ဒဏ်ဘောကို ဒစ်ဂ်နေးက လှလှပပ ကန်သွင်းပြီး ဗီလာ တို့




၁၀ မိနစ်နဲ့ နှစ်ဂိုး ရရှိခဲ့ပါတယ်။ မန်ချင်စတာ ယူနိုက်တက် ဟာ ဒီပွဲမှာ တိုက်စစ်ပိုင်း အားနည်းခဲ့ပြီး အန်တိုနီ၊ ဆန်ချို၊ ဘရူနိုဖာနန်ဒက်စ် တို့ မပါဝင် နိုင်ခဲ့တာက အသင်းကို တော်တော်လေး သိသာစေခဲ့ပါတယ်၊ တိုက်စစ်က ရော်နယ်ဒို၊ ဂါနာချို၊ ရပ်ရှ်ဖို့ဒ် တို့က အလုပ် မဖြစ်ဘဲ အက်စတွန် ဗီလာ ခံစစ်ကို




အန္တရာယ် ရှိလောက်အောင် မခြိမ်းခြောက် နိုင်ခဲ့ပါဘူး၊ ပထမပိုင်း ပြီးခါနီးမှာပဲ လုခ်ရှောရဲ့ ကန်ချက် လမ်းကြောင်း ပြောင်းပြီး ဂိုးဝင်သွားတာကပဲ ချေပဂိုး တစ်ဂိုး ရရှိခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် တို့ ဒုတိယပိုင်း မှာလည်း ဆက်လက် ဖိအားပေးခဲ့ ပေမယ့် မထင်မှတ်ဘဲ ဂိုးထပ်ပေး လိုက်ရပါတယ်။




ဝက်ကင်စ် ရဲ့ ဖန်တီးပေးမှုက တဆင့် တစ်ယောက်တည်း လွတ်လွတ် ကျွတ်ကျွတ် ဖြစ်နေတဲ့ ဂျာကော့ဘ် ရမ်ဆေး က ပိတ်သွင်းယူခဲ့ပါတယ်၊ ဂျာကော့ဘ် ရမ်ဆေး က ဒီပွဲမှာ ဗီလာ ရခဲ့တဲ့ သွင်းဂိုး သုံးဂိုးလုံးမှာ ပါဝင် ပတ်သက်ခဲ့ပြီး လီယွန် ဘိုင်လီ ရဲ့ဂိုးမှာ ဖန်တီးပေးခဲ့သလို ဒစ်ဂ်နေးရဲ့ ဖရီးကစ် ကလည်း




သူ့ကြောင့် ရရှိခဲ့တာပါ၊ အဲ့ဒီနောက် မန်ချက်စတာ ယူနိုက်တက် ဟာ အီလန်ဂါ၊ မာစီရယ်လ်၊ မာလာစီယာ တို့နဲ့ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာ ယူနိုက်တက် တို့ အပိုင် အခွင့်အရေးတွေ ထပ်မံ မဖန်တီးနိုင်ခဲ့ဘဲ အဝေးကွင်းမှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ ပါတယ်၊ အူနိုင်း အမ်မရီ အတွက်ကတော့

အသင်းသစ်နဲ့ အဖွင့် ပွဲမှာတင် မျက်နှာပန်း လှသွားခဲ့ပြီး သူပြောသလိုမျိုး မန်ချက်စတာ ယူနိုက်တက် ကို နိုင်ပြီးမှ လုပ်မယ့် မွေးနေ့ပွဲကလည်း အမှန်တကယ် အကောင်အထည် ဖော်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

credit