မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သက်ပြီး 3-1 ရှုံးပွဲက သင်ခန်စာ ဖြစ်စေကြောင်း ရှင်းပြလာတဲ့ အာဆင်နယ် နည်းပြ အာတီဝာာ
|အာဆင်နယ် နည်းပြ အာတီတာ က မန်ချက်စတာ ယူနိုက်တက် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သူတို့အသင်း အတွက် အကောင်းဆုံး သင်ခန်းစာတွေ ရရှိခဲ့တာကြောင့် ဒီ သင်ခန်းစာတွေမှ လိုအပ်ချက်တွေကို သတိထား ပြင်ဆင်ရင်း သူတို့တွေ ရလဒ်တွေ ပြန်လည် ကောင်းမွန် လာခဲ့ရတယ်လို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။
အာဆင်နယ် အသင်းဟာ ဒီနှစ်ရာသီ အတွင်း ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် တစ်သင်းတည်း ကိုသာ ရှုံးနိမ့်ထားခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက် ကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်းမှာ မြို့ခံ ကလပ်တွေ ဖြစ်တဲ့ စပါး ချဲလ်ဆီး တို့အပြင် လီဗာပူးလ် တို့လို အသင်းတွေကိုပါ အနိုင်ယူ နိုင်ခဲ့ပါတယ်၊ ဒီနှစ်ရာသီမှာ လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ် ၁၃ ပွဲ
ကစားထားပြီး ချိန်မှာ ၁၁ ပွဲနိုင် ၁ ပွဲ သရေ ၁ ပွဲ ရှုံး ရလဒ်မျိုးနဲ့ ဒုတိယ နေရာက မန်စီးတီး အသင်းကို ၂ မှတ် ဖြတ်တောက် ထားနိုင်ခဲ့တဲ့ အာဆင်နယ် အသင်းဟာ နောက်ပိုင်း ပွဲစဉ်တွေ အတွင်း ထိပ်သီး အသင်းတွေနဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းနေ ရတာက ဒီရာသီရဲ့တစ်ပွဲတည်းသော ရှုံးပွဲ အပေါ်မှာ သင်ခန်းစာ ယူခဲ့တာကြောင့် ဖြစ်တယ်လို့ ဝန်ခံလိုက်တာပါ။
အာတီတာက- ကျွန်တော်တို့ အဲ့ဒီ ပွဲမှာ စည်းကမ်းပိုင်း ဆိုင်ရာ အားနည်းချက်တွေ ရှိခဲ့တယ်၊ ကျွန်တော်တို့တွေ အဲ့ဒီပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် ရလဒ်ကောင်း တစ်ခုကို မယူဆောင်ခဲ့နိုင် တာကြောင့် ကျွန်တော်တို့ အားလုံး ဒီ သင်ခန်းစာကို တကယ်ကိုပဲ ကောင်းကောင်း သင်ယူနိုင်ခဲ့တယ်လို့ ထင်မိပါတယ်။ လို့ နည်းပြ အာတီတာ က ပြောကြားလိုက်ပါတယ်။
အာတီတာ ရဲ့ ပြောကြားချက်နဲ့ ပတ်သတ်ပြီး အာဆင်နယ် ဂိုးသမား ရမ်းစ်ဒဲလ် ကလည်း အဲ့ဒီ ရှုံးပွဲက ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ ပြန်လည် သတ်မှတ်မှု တစ်ခု ဖြစ်စေခဲ့တယ်၊ အဲ့ဒီရှုံးပွဲ ကနေ ကျွန်တော်တို့ အသင်းက ရှုံးပွဲ မရှိအောင် ကစားနိုင်သေးတဲ့ အသင်းမျိုး မဟုတ်သေးတာကို ပြသခဲ့တယ်၊ အမှတ်ပေးဇယားမှာ အဆင့် ဘယ်လောက်နဲ့ပဲ
ရပ်တည်နေနေ ကျွန်တော်တို့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေပါသေးတယ်၊ ကျွန်တော်တို့ ဘယ်အသင်းကိုမှ မရှုံးချင်ပါဘူး၊ ဒါပေမယ့်လည်း ဒီရှုံးပွဲက အချိန်ကောင်းမှာ ရောက်လာခဲ့ပြီး ကျွန်တော်တို့တွေ တကယ်ကို ကောင်းကောင်းကြီး ပြန်လာနိုင်ခဲ့ပါတယ်။ လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။
credit