3-1 နဲ့ အက်စတွန်ဗီလာကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာကြောင့် ကွင်းထဲမှာ အရေးပါတာ တစ်ယောက်ထဲ လုပ်ခဲ့ပြီး ကျန် ကစားသမားတွေကို ပေါက်ကွဲ ပြောဆိုလာတဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က မနေ့ညက အက်စတွန် ဗီလာ အသင်းကို အဝေးကွင်းမှာ ၃-၁ ဂိုး နဲ့ အရေးနိမ့်ခဲ့ရပြီး နောက် သူ့ရဲ့ နည်းစနစ် အတိုင်း မလိုက်နာခဲ့တဲ့ ကစားသမားတွေကို ပြစ်တင် ပြောကြားလိုက် ပါတယ်၊ ဒီ ပွဲစဥ်မှာ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပထမပိုင်း ၁၀ မိနစ် အတွင်းမှာပဲ နှစ်ဂိုး ပေးခဲ့ရပြီး ပွဲအပြီးမှာတော့ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်၊ ဒါဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ပထမဆုံး အဖြစ် ရှုံးပွဲနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတာပါ၊ ပွဲအပြီးမှာလည်း အဲရစ် တန်ဟက်ဂ် က
တကယ်ကို မိုက်မဲတဲ့ ကစားပုံ ဖြစ်ခဲ့ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ အဝေးကြီးကနေ ဖြတ်တင်ဘောတွေ ပေးပို့ဖို့ လုပ်ခဲ့ကြပြီး ဒါက ရော်နယ်ဒို အတွက် အကူအညီ မဖြစ်ခဲ့ပါဘူး၊ ကျနော်တို့ မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ ပေးပို့မှုကို ပြုလုပ်ရမှာပါ၊ ဒါမျိုး ရှိခဲ့တာ ဆိုလို့ ပထမပိုင်းမှာ အဲရစ်ဆင်
ရော်နယ်ဒို ဆီကို ပေးပို့ခဲ့တဲ့ တစ်ကြိမ်ပဲ ရှိပါတယ်၊ ကျနော် ဘောလုံး လောကထဲမှာ ရှိလာတာ ကြာလှပါပြီ၊ ကစားသမားတွေက လူသားတွေပါ၊ စက်ရုပ်တွေ မဟုတ်တာ ကျနော် သိပါတယ်၊ တခါတလေတော့ ဒါမျိုး ဖြစ်ပါတယ်၊ ဒါက စိတ်ပိုင်းဆိုင်ရာ အရပေါ့၊ ဒါပေမယ့် အခုဟာက လုံးဝ လက်မခံနိုင်စရာပါပဲ၊ ကျနော့်ကို မှားတယ်လို့ မထင်နဲ့။
ကျနော်တို့ ပွဲတိုင်း အတွက် အသင့် ဖြစ်နေရမှာပါ၊ လွယ်လွယ်လေး မကစားလိုက် ဖို့လည်း လိုအပ်ပါတယ်၊ ဒီလိုမျိုး ပွဲကို စလိုက်လို့ ကတော့ ခင်ဗျားတို့ ရှုံးပြီပဲ၊ ဘရူနို ဖာနန်ဒက်စ် က အရေးပါတဲ့ ကစားသမား တစ်ယောက်ပါ၊ ဒါပေမယ့် ခင်ဗျား ဖြစ်စေချင်သလို သူမပါလို့ ရှုံးတာမျိုးတော့ ကျနော် မခံစားရပါဘူး၊ ကွင်းထဲမှာရှိတဲ့ ကစားသမားတွေနဲ့ ဆိုင်ပါတယ်။
သူတို့က ဒီပွဲကို အနိုင်ကန်ရမှာပါ။ တကယ်လို့ ကွင်းထဲက ကစားသမားတွေက သူတို့ရဲ့ စိတ်အားထက်သန်မှု ပွဲ အစီအမံတွေကို လိုက်နာမှုတို့နဲ့ အတူ ရာနှုန်းပြည့် ပေးဆပ်မယ် ဆိုရင် ကျနော်တို့ ဒီပွဲကို နိုင်မှာပါလို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီ ရှုံးပွဲကြောင့် အဆင့် ၅ နေရာမှာ ရမှတ် ၂၃ မှတ်နဲ့ ဆက်လက် ရပ်တည်နေခဲ့ပြီး စပါး၊ ချဲလ်ဆီး တို့ရဲ့ ရှုံးပွဲတွေကို အခွင့်ကောင်း မယူနိုင်ခဲ့တာက ရှေ့မှာ အခက်အခဲတွေကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
credit