ရွေးစရာ ရှိရက်နဲ့ ရော်နယ်ဒိုကို အသင်းခေါင်းဆောင် တာဝန်ပေးရတဲ့ အကြောင်းရင်းမှန်ကို ဖြေကြားပေးလိုက်တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အက်စတွန် ဗီလာ အသင်းကို ရင်ဆိုင််ခဲ့ရတဲ့ ပွဲစဥ်မှာ ကွင်းထဲမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ နိုင်သူ နောက်ထပ် သုံးဦးထိ ရှိနေခဲ့ပေမယ့် ရော်နယ်ဒို ကို တာဝန်ပေးခဲ့ရတဲ့ အကြောင်းအရင်းကို ရှင်းပြသွားခဲ့ပါတယ်။
ဖာဂူဆန် နဲ့ ရန်းနစ် တို့ လက််အောက်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် အသင်း ခေါင်းဆောင် အဖြစ် ကစားပေးခဲ့ဖူးတဲ့ ရော်နယ်ဒို ဟာ နည်းပြသစ် အဲရစ် တန်ဟက်ဂ် လက်အောက်မှာ အသင်း ခေါင်းဆောင် အဖြစ် ကစားခွင့် ရရှိခဲ့ပါပြီ။ အခုလို ခေါင်းဆောင် လက်ပတ်ကို ဆင်မြန်းခွင့် ရရှိခဲ့တဲ့ အဓိက အကြောင်းအရင်းက
တရားဝင် အသင်းခေါင်းဆောင် ဖြစ်တဲ့ မက်ဂွိုင်းယား အရန်ခုံကို ရောက်နေခဲ့ပြီး နောက်ထပ် အသင်းခေါင်းဆောင်် ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် ကလည်း ပွဲပယ် ပြစ်ဒဏ် ခံရလို့ဖြစ်ပါတယ်။ ယခုလို အနေအထားမှာ အဲရစ် တန်ဟက်ဂ် ဟာ ဒေးဗစ် ဒီဂီယာ၊ လီဆန်ဒရို မာတီနက်ဇ် နဲ့ ကက်စမဲရိုး တို့ကို အသင်းခေါင်းဆောင် လက်ပတ်
ဆင်မြန်းစေနိုင်ခွင့် ရှိခဲ့ပေမဲ့ ရော်နယ်ဒို ကို ဘာကြောင့် ပေးခဲ့ရတာလဲ ဆိုတာကို ယခုလို ရှင်းပြသွားခဲ့ပါတယ်။ မက်ဂွိုင်းယား အရန်ခုံပေါ် ရှိနေခဲ့ပါတယ်၊ ဘရူနို က ကျွန်တော်တို့ အသင်းခေါင်းဆောင်ပါ၊ ဒါပေမဲ့ ပါဝင်ခွင့် မရရှိခဲ့ပါဘူး၊ ဒီနောက် ရွေးစရာ ဒီဂီယာ ရှိပါတယ်၊ သူလည်း အသင်းကို ခေါင်းဆောင်နိုင်စွမ်း ရှိသူ တစ်ဦးပါ၊ ဒါပေမဲ့ ဂိုးဖမ်းသူဟာ
ကွင်းထဲက ကစားသမားတွေနဲ့ အလှမ််း အဝေးဆုံးပါ။ မာတီနက်ဇ် ကလည်း ခေါင်းဆောင်် တစ်ဦးပါ၊ ကက်စမဲရိုး ကတော့ အင်္ဂလိပ် စကားကို ရာနှုန််းပြည့် ရေရေ လည်လည်် မပြောတတ်သေးဘူး၊ ခရစ္စတီယာနို ကလည်း ခေါင်းဆောင် တစ်ဦးပါ၊ အသင်းအတွက်လည်း ခေါင်းဆောင် တစ်ဦး ဖြစ်တာကြောင့် ဒီလက်ပတ်ကို ဆင်မြန်းခွင့် ရရှိခဲ့တာမှာ ရှင်းပါတယ်။
ဒါဟာ ဘာမှ မှားယွင်း မနေပါဘူး။လို့ ဖြေရှင်သွားခဲ့ပါတယ်။ ဘရူနို မပါတာ သက်ရောက်မှု ကြီးမားစေခဲ့ သလားလို့ အမေးခံရချိန်မှာတော့ ဘရူနို က အရေးကြီးသူ တစ်ဦးပါ၊ ဒါပေမဲ့ ခင်ဗျားတို့ ဘာကို ဖော်ပြစေချင်တာလဲ? နိုးပါ၊ ကျွန်တော့်ဆီမှာ အဲ့ဒီလို ခံစားချက်မဖြစ်မိပါဘူး၊ ဒါက ကွင်းထဲမှာ ရှိနေတဲ့ ကစားသမားတွေနဲ့ သက်ဆိုင််ပါတယ်။ သူတို့ အနေနဲ့ ပွဲစဥ်ကို အနိုင်ရအောင် ကစားနိုင်ရပါမယ်။
အလုပ်ကို အကောင်းဆုံး လုပ်ပြရပါမယ်။ တကယ်လို့ သူတို့ သူတို့ အလုပ်ကို 100 ရာခိုင်နှုန််းပြည့် စိတ်အား ထက်သန်မှု၊ ရည်မှန်းချက်နဲ့ ကစားကြမယ် ဆိုရင် အသင်းရဲ့ စည်းမျဥ်း စည်းကမ်းတွေကို လိုက်နာ ကစားကြမယ် ဆိုရင် အနိုင်ရမှာပါ ကျွန်တော်တို့ တစ်ဦး တစ်ယောက် အကြောင်းကို ပြောနေလို့ မရပါဘူး၊ အသင်းလိုက် စုဖွဲ့ ကစားကြတာပါလို့ ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit