ချစ်သူနဲ့ အတူ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံ မိတာကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ကြယ်တစ်ပွင့် အကြောင်း ထုတ်ပြောလိုက်တဲ့ ပါမောက္ခ အလီရှန်

0
136

ပရီးမီးယားလိဂ် ကြယ်ပွင့် ကစားသမား တယောက်ဟာ သူ့ရဲ့ ချစ်သူနဲ့ အတူတူ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံခဲ့ မိတာကြောင့် ဒဏ်ရာ ရရှိပြီး ခွဲစိတ် ကုသမှုပါ ခံယူခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်၊ ဒီ ကစားသမားရဲ့ နာမည်နဲ့ သူ့ရဲ့မိခင်ကလပ် အသင်းနာမည် တို့ကိုတော့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။




အဆိုပါ ကစားသမားဟာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး အကြီးစား ခွဲစိတ် ကုသမှုကို ခံယူခဲ့ရတယ်လို့လည်း သိရှိရပါတယ်၊ ပါမောက္ခ အလီရှန်ဟာ အားကစား လောက က လူနာပေါင်း သုံးထောင်ကျော်ကို ခွဲစိတ် ကုသပေးခဲ့ပြီး ဒီအထဲမှာ လီဗာပူး နဲ့ ချဲလ်ဆီး က ကစားသမား တွေလည်း အပါအဝင်




ဖြစ်ခဲ့ပါတယ်၊ အခု အကြောင်းကိုလည်း အလီရှန်ကပဲ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ပါမောက္ခ အလီရှန်က- ပေါင်ခြံဒဏ်ရာ ဆိုတာမျိုးက ကစားသမားတွေ ကွင်းထဲမှာ လိမ်ခေါက်တာမျိုး ဒါမှမဟုတ် လှည့်ထွက်တာ မျိုးတွေက ဖြစ်လေ့ ရှိသလို သာမန်မဟုတ်တဲ့ အခြေအနေမျိုး တွေမှာလည်း ဖြစ်တတ်ပါတယ်။




ပရီးမီးယားလိဂ် က ထိပ်တန်း ကစားသမား တယောက်ကို သူ့အသင်း ဆရာဝန်က ကျနော့်ဆီကို ပို့လိုက်ပါတယ်၊ သူက ပေါင်ခြံမှာ တော်တော်လေး နာကျင်နေတယ်လို့ ပြောပါတယ်။ နောက်ပြီး အဲဒီလို ဖြစ်ရတာက သူ့ရဲ့ ပါတနာနဲ့ ကြမ်းကြမ်း တမ်းတမ်း လိင်ဆက်ဆံ မိတာကြောင့် လို့လည်း ဒီကစားသမားက ကျနော့်ကို ပြောပြပါတယ်။




သူက ဖြစ်ပျက်ခဲ့တာတွေကို ပုံဖော်ပြပြီး သူ ဒုက္ခရောက်သွားတဲ့ ကိုယ်နေဟန်ထားမျိုး ကိုတောင် ကျနော့်ကို အပြင်မှာ လုပ်ပြခဲ့ ပါသေးတယ်၊ ဒါက ပုံမှန်မဟုတ်တဲ့ ကိစ္စပါ၊ ဒါပေမယ့် သူ့ အတွက် အကူအညီ ဖြစ်ခဲ့ပါတယ်။ ကျနော် သူ့ကို ခွဲစိတ် ကုသပေးခဲ့ပြီး သူက တလ အတွင်း ရာနှုန်းပြည့် ကြံ့ခိုင်မှု ပြည့်ဝသွားခဲ့ပါတယ်၊ လို့ ဖွင့်ဟခဲ့ပါတယ်။




အဆိုပါ ကစားသမားဟာ သူ ဒဏ်ရာ ရရှိခဲ့ပုံကို သူ့အသင်း နည်းပြထံ အသိ မပေးလိုခဲ့ဘူး လို့လည်း သိရှိရပါတယ်၊ အလီရှန်ဟာ နာမည်ကျော် ခွဲစိတ် ပါမောက္ခ တစ်ယောက်ဖြစ်ပြီး မန်ချက်စတာမြို့နဲ့ လန်ဒန်မြို့က ဆေးရုံ ဆေးခန်းတွေမှာ ဆေးကုသမှု ပေးနေတဲ့ ပါမောက္ခလည်း ဖြစ်ပါတယ်။

credit