ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ဘရာဇီးလ် အသင်းရဲ့ ရွေးချယ်ခံရချိန် မျက်ရည်တွေကို တားဆီးဖို့ မတတ်နိုင်ခဲ့ဘူးဆိုတဲ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် အန်တိုနီ
|ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ဘရာဇီးလ် အသင်းရဲ့ အပြီးသတ် လူစာရင်းကို မနေ့က ထုတ်ပြန် ကြေညာခဲ့ရာ မှာတော့ နာမည်ကျော် ကစားသမား အများစု ပါဝင်လာခဲ့ပြီး ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာ့ဖလားကို ဝင်ရောက် ကစားခွင့် ရမယ့် ကစားသမားတွေပါ ရှိလာခဲ့တာကို မြင်တွေ့ခဲ့ ရပါတယ်။
နေမာ၊ မာကွင်ဟို့စ်၊ သီယာဂိုဆေးလ်ဗား တို့လို ဝါရင့် ကစားသမားတွေက ဦးဆောင်လာမှာလည်း ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တောင်ပံ ကစားသမား အန်တိုနီ ကတော့ အသင်းရဲ့ ကစားသမား စာရင်း ကြေညာမှုကို သူ့ရဲ့ နေအိမ်မှာ သူငယ်ချင်းတွေနဲ့ အတူ
စောင့်ကြည့်နေခဲ့ပြီး သူ့နာမည် ပါဝင်လာချိန် မှာတော့ မျက်ရည်တွေ ကျတဲ့အထိ အောင်ပွဲခံသွား ခဲ့ပါတယ်၊ အန်တိုနီ က သူ့ရဲ့ သူငယ်ချင်း တဦးနဲ့ ပွေ့ဖက်ကာ အောင်ပွဲခံ သွားခဲ့ပြီး တော်တော်လေးကို ကျေနပ် ပျော်ရွှင်နေတာကို မြင်တွေ့ခဲ့ ရပါတယ်၊ စပါး တိုက်စစ်မှူး ရစ်ချာလီဆန် ကလည်း နေအိမ်မှာ မိသားစု ဆွေမျိုးတွေနဲ့ အတူ
စောင့်ကြည့်ခဲ့ပြီး သူ့နာမည် ပါဝင်လာချိန်မှာ အားလုံး ပျော်ပျော်ပါးပါးပဲ အောင်ပွဲခံနေ ခဲ့ကြပါတယ်၊ ရစ်ချာလီဆန် ဟာ ဘရာဇီးလ် အတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံရတုန်း ကလည်း နေအိမ်မှာ အခုလိုပဲ ဝိုင်းဝန်း စောင့်ကြည့်ခဲ့ပြီး ရွေးချယ် ခံရချိန်မှာ ခုန်ပေါက် အောင်ပွဲခံခဲ့ဖူး ပါသေးတယ်။
ပရီးမီးယားလိဂ် ကစားသမား အများစု ပါဝင်လာခဲ့ပြီး ဂိုးသမား အဖြစ် အယ်လစ်ဆန်၊ အီဒါဆန်၊ ခံစစ်ပိုင်းမှာ သီယာဂို ဆေးလ်ဗား၊ ကွင်းလယ်ပိုင်း မှာတော့ ကက်စမဲရိုး၊ ဖာဘင်ဟို၊ ဘရူနို ဂွီမာရေ့စ်၊ ဖရက်စ်၊ တိုက်စစ်ပိုင်းမှာ ဂျီးဆပ်၊ အန်တိုနီ၊ ရစ်ချာလီဆန်၊ မာတင်နယ်လီ တို့ ပါဝင်ခဲ့ကြကာ
ဂျီးဆပ် နဲ့ မာတင်နယ်လီ တို့ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ခြေစစ်ပွဲ လူစာရင်းမှာ မပါဝင်ပေမယ့် အပြီးသတ် လူစာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ကစားသမားတွေ အဖြစ် ဂိုးသမား ဝက်ဗာတ်၊ ခံစစ်မှာ ဒန်နီလို၊ အဲဗက်စ်၊ ဆန်ဒရို၊ မာကွင်ဟို့စ်၊ အဲလက်စ် တဲလက်စ်၊ မီလီတာအို
ကွင်းလယ်မှာ ဘရီမာ၊ ပါကွေတာ၊ ရီဘာရီယို၊ တိုက်စစ်မှာ နေမာ၊ ဗင်နီရှပ်၊ ရာဖင်ဟာ၊ ရိုဒရိုင်ဂိုနဲ့ ပက်ဒရို တို့ ပါဝင်လာခဲ့ပါတယ်၊ ဘရာဇီးလ် ကတော့ ကမ္ဘာ့ဖလားကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံး အသင်း တသင်း ဖြစ်ပါတယ်။
credit