ရော်နယ်ဒိုကို စတုတ္ထ ဦးစားပေး အသင်းခေါင်းဆောင် ပေးလိုက်တာနဲ့ ပတ်သက်ပြီး အဲရစ် တန်ဟက်ဂ် ကို ပြင်းပြင်းထန်ထန် ပြောဆိုလိုက်တဲ့ အင်္ဂလန်လူမျိုး ကွင်းလယ် လူဟောင်း
|မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒို ဟာ သူ့အတွက် စတုတ္ထ ဦးစားပေး အသင်းခေါင်းဆောင် ဖြစ်တယ်လို့ ဗီလာကို ရှုံးခဲ့တဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်၊ အဆိုပါ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် တို့ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ရော်နယ်ဒို က
အသင်းခေါင်းဆောင် အဖြစ် ပွဲထွက် ကစားခဲ့တာ ဖြစ်ပါတယ်၊ ရော်နယ်ဒို ကို အသင်းခေါင်းဆောင် ပေးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ တန်ဟက်ဂ် က- ကျနော်တို့ရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယား အရန်ခုံမှာပါ၊ ဒီဂီယာ ရှိပေမယ့် သူက ဂိုးသမား တစ်ယောက် ဖြစ်ပြီး ကွင်း အနေအထားနဲ့
ဝေးနေပါတယ်၊ ဒီနောက် ကက်စ်မဲရိုးက အသင်းခေါင်းဆောင်ပါ၊ ဒါပေမယ့် သူက အင်္ဂလိပ်လို ကောင်းကောင်း မပြောနိုင်သေးပါဘူး။ ဒီတော့ ရော်နယ်ဒို က အသင်းခေါင်းဆောင် ဖြစ်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်၊ ပုံမှန်အားဖြင့် မန်ချက်စတာ ယူနိုက်တက် က ဘရူနို ဖာနန်ဒက်စ် ကို အသင်းခေါင်းဆောင် လက်ပတ် ပေးထားလေ့ ရှိပြီး အဲ့ဒီ ပွဲမှာတော့
အဆိုပါ ပေါ်တူဂီ ကွင်းလယ်လူက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒီလို အဲရစ် တန်ဟက်ဂ် ပြောကြားခဲ့တဲ့ အပေါ် တင်မ်ရှားဝုဒ် က စိတ်တိုင်းကျဟန် မရှိပါဘူး၊ အဆိုပါ အင်္ဂလန်လူမျိုး ကွင်းလယ် လူဟောင်းက တန်ဟက်ဂ် က ဘာပြောချင်တာလဲ၊ ရော်နယ်ဒို ကို ပဥ္စမ ဦးစားပေးလို့ကို ပြောချင်နေတာ၊ ဟုတ်တယ် မဟုတ်လား
သူ ရော်နယ်ဒို ကို အသင်းခေါင်းဆောင် လက်ပတ်ပေးပြီးမှ ဘာကြောင့် ဒီလောက်အထိ ရှင်းပြနေရတာလဲ ဆိုတာ ကျနော် မသိပါဘူး။ ခင်ဗျား ပါးစပ်ကို ပိတ်ထားစမ်းပါ တန်ဟက်ဂ် လို့ တုံ့ပြန် ပြောကြားခဲ့ပါတယ်၊ တန်ဟက်ဂ် ဟာ ရော်နယ်ဒို ကို ပုံမှန် ပွဲထွက်ခွင့် ပေးလေ့ မရှိဘဲ သူ့စိတ်ကြိုက် ကစားသမားတွေ ဖြစ်တဲ့ အန်တိုနီ၊ ရပ်ရှ်ဖို့ဒ်
မာစီရယ်လ် တို့ စုံစုံလင်လင် မကစားနိုင်မှသာ ရော်နယ်ဒို ကို ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် ပေးလေ့ ရှိပါတယ်။ ရော်နယ်ဒို ကိုယ်တိုင်လည်း လက်ရှိ မန်ချက်စတာ ယူနိုက်တက် မှာ သူ့ရဲ့ အခြေအနေကို မပျော်မရွှင် ဖြစ်နေတာ သိသာထင်ရှားပြီး တန်ဟက်ဂ် ကတော့ ပါးနပ်တဲ့ နည်းလမ်းတွေကို အသုံးပြုနေတယ်လို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။
credit