ဘာစီလိုနာ နဲ့ ပွဲမှာ လီဝန်ကို တားဆီဖို့ ဖြစ်နိုင်ခြေ လုံးဝ မရှိတဲ့ အပေါ် မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်များ စိုးရိမ်နေ

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ ယူရိုပါလိဂ် ပလေးအော့ဖ် ပွဲစဥ်မှာ ဘာစီလိုနာ နဲ့ ထိပ်တိုက် တွေ့ခဲ့တဲ့ အပြင် အဆိုပါပွဲ အတွက် အသင်းရဲ့ အဓိက နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ပွဲပယ် ခံထားရတာကြောင့် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ ယူရိုပါလိဂ် ပလေးအော့ဖ် ပွဲစဥ် မဲခွဲ ပွဲတွေကို




မနေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်၊ ဒီ မဲခွဲပွဲမှာ ဘာစီလိုနာနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ထိပ်တိုက် တွေ့နေပြီး အုပ်စုတွင်းမှာ ဒုတိယသာ ရရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲကျပ် တစ်ပွဲကို ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဖေဖော်ဝါရီလ




၁၆ ရက်နေ့မှာ ဘာစီလိုနာ အိမ်ကွင်း နူးကမ့်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒုတိယ အကျော့ကိုတော့ တပတ်အကြာ မန်ချက်စတာ ယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ အိမ်ကွင်းမှာ ကစားမယ့် ပထမ အကျော့ပွဲ အတွက် အသင်းရဲ့ အဓိက နောက်ခံလူ




လီဆန်ဒရို မာတီနက်ဇ် ပွဲပယ် ခံထားရတဲ့ အပေါ် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက စိုးရိမ်နေကြ ပါတယ်၊ လီဆန်ဒရို မာတီနက်ဇ် ဟာ အုပ်စု နောက်ဆုံး ပွဲအဖြစ် ဆိုစီဒက်ကို ၀-၁ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲမှာ ပြသခံ ခဲ့ရတဲ့ အဝါကတ်ကြောင့် တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံ ခဲ့ရတာလည်း ဖြစ်ပါတယ်။




လက်ရှိ အနေအထား အရ ရာဖေလ် ဗာရန်း က ဒဏ်ရာ ရရှိနေပေမယ့် ကမ္ဘာ့ဖလား မတိုင်ခင်မှာတင် ပြန်လည် သက်သာလာဖို့ ရှိနေပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ အဓိက စိုးရိမ်မှုက မာတီနက်ဇ် ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံထားရမှု၊ လင်ဒီလော့ဖ် ဒါမှမဟုတ် မက်ဂွိုင်းယား ပါဝင်လာနိုင်မှုပဲ ဖြစ်ပါတယ်။




လက်ရှိ မန်ချက်စတာ ယူနိုက်တက် အတွက် အဓိက ဗဟိုနောက်ခံလူ အတွဲက ဗာရန်း နဲ့ မာတီနက်ဇ် တို့ ဖြစ်ပါတယ်။ ဒီလို အနေအထား မျိုးမှာ မာတီနက်ဇ် ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံ ထားရတာက လက်ရှိ ပြိုင်ပွဲစုံမှာ ၁၈ ဂိုး အထိ သွင်းယူထားပြီး ခြေစွမ်းပြနေတဲ့ လီဝန်ဒေါစကီး အတွက်

ရင်ဆိုင်ရမယ့် အနေအထား အတွက် စိုးရိမ်စရာ ကောင်းနေပါတယ်၊ ဘာစီလိုနာ အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေ ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်ကို ရောက်ရှိလာခဲ့တဲ့ အသင်း တစ်သင်းလည်း ဖြစ်ပါတယ်။

credit