ယူရိုပါလိဂ် ချန်ပီယံ ဖြစ်နိုင်ချေ ရှိတဲ့ အသင်းတွေကို တွက်ချက် ခန့်မှန်းပေးလိုက်တဲ့ စူပါ ကွန်ပျူတာ

2022-2023 ဘောလုံးရာသီ ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ ၃၂ သင်း ရှုံးထွက် အဆင့် ပွဲစဉ်တွေ အတွက် မဲခွဲမှုဟာတော့ အားလုံး ပြီးစီး သွားခဲ့ပြီပဲ ဖြစ်ပါတယ်၊ အာဆင်နယ် အသင်းကတော့ အုပ်စုဗိုလ် အဖြစ် တက်ခဲ့တာကြောင့် ၁၆ သင်း အဆင့်ကို တိုက်ရိုက် ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ချန်ပီယံလိဂ် ကနေ ပြုတ်ကျလာတဲ့ ဘာစီလိုနာ အသင်းနဲ့ ၃၂ သင်း အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေရတာ ဖြစ်ပါတယ်၊ အချက်အလက်တွေ အပေါ် အခြေခံ တွက်ထုတ်တဲ့ Five Thirty Eight မှ စူပါကွန်ပျူတာ ကတော့




ရှုံးထွက် အဆင့် မဲခွဲရလဒ်တွေ ထွက်ပေါ်လာ ပြီးနောက်ပိုင်းမှာတော့ ဒီရာသီ ဘယ် အသင်းက ယူရိုပါလိဂ် ချန်ပီယံ ဖြစ်သွားမလဲ ဆိုတာ တွက်ချက် ခန့်မှန်း လာခဲ့ပြီ ဖြစ်ပါတယ်။ စူပါကွန်ပျူတာ ရဲ့ အဆို အရ ယူရိုပါလိဂ် ဗိုလ်စွဲနိုင်ခြေ အများဆုံး အသင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။




(1) ဘာစီလိုနာ: 21%၊ (2) အာဆင်နယ်: 19%၊ (3) Ajax 11%၊ (4) မန်ချက်စတာ ယူနိုက်တက် 4%၊ (5) ဖီယင်နု 4% တို့ ဖြစ်ပါတယ်။ စူပါကွန်ပျူတာဟာ ဘာစီလိုနာ အသင်းကို ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး အဖြစ် ၂၁% နဲ့ ရွေးချယ်ထားပြီး ရှုံးထွက်မှာ ဘာစီလိုနာ အသင်းနဲ့ ထိပ်တိုက် တွေ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ချန်ပီယံ ဖြစ်နိုင်ခြေ 4% သာ ရှိတယ်လို့ ဆိုထားပါတယ်။




အာဆင်နယ် အသင်းကတော့ ဘာစီလိုနာ အသင်းနောက် 19% နဲ့ ချန်ပီယံ ဖြစ်နိုင်ဖို့ ဒုတိယ အခြေအနေ အကောင်းဆုံး အသင်း အဖြစ် ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။

credit