ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကြယ်တစ်ပွင့်ကို အငှားချဖွယ် ရှိလာတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ကာလတုန်းက အသင်းကနေ အငှား ထွက်ခွာဖို့ ပြင်ဆင်ခဲ့တဲ့ အန်တိုနီ အီလန်ဂါ ကို တားဆီးခဲ့တယ်လို့ သိရပြီး နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနို က သြဂုတ်လ အတွင်းမှာ ဆွီဒင် လူငယ်လေး အတွက် အငှားနဲ့




ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှု အများအပြား ရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အားလုံးကို ပယ်ချခဲ့တယ်လို့ အတည်ပြု သွားခဲ့ပါတယ်၊ အသက် ၂၀ အရွယ် အီလန်ဂါ ဟာ မန်ချက်စတာယူနိုက်တက် ပထမ အသင်းမှာ ပုံမှန်နေရာ တစ်နေရာ ရရှိထားပြီး ပရီးမီးယားလိဂ်ရဲ့ အရည်အသွေးမြင့်




ကစားသမား တစ်ယောက် ဖြစ်လာဖို့ တာဆူနေသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်အင်အား နည်းနေပြီး တိုက်စစ်ကစားသမား လိုအပ်ချက်ကြောင့် ယခုလို အီလန်ဂါ ရဲ့ အငှား ပြောင်းရွှေ့မှုကို တားဆီးခဲ့တာ ဖြစ်ပါတယ်၊အီလန်ဂါ ဟာ ဒီရာသီ လိဂ် ၉ ပွဲ ကစားခွင့် ရရှိထားပြီး ဥရောပ အဆင့်မှာတော့ နှစ်ပွဲသာ ကစားထားရပါတယ်။




လက်ရှိ မန်ချက်စတာ ယူနိုက်တက် လူစာရင်းမှာလည်း ဒဏ်ရာရ ကစားသမားတွေ များနေပြီး အန်တိုနီ မာရှယ် နဲ့ ဂျေဒန် ဆန်ချို တို့ကလည်း ဒဏ်ရာ ပြဿနာ ရှိနေကြလို့ အီလန်ဂါ အပါအဝင် မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် လူငယ်လေးတွေ အတွက် အခွင့်အရေး ကောင်းတွေ ရလာဖွယ် ရှိနေပါတယ်၊ အီလန်ဂါ အတွက်




ကံဆိုးတာ တစ်ခုကတော့ သူ့ရဲ့ဂျူနီယာ ဖြစ်တဲ့ ဂါနာချို ဟာ အခွင့်အရေး ရတိုင်း ခြေစွမ်းပြ ကစားနေနိုင်တာပဲ  ဖြစ်ပါတယ်။ အာဂျင်တီးနား ဆယ်ကျော်သက်လေးဟာ ပြီးခဲ့တဲ့  ဆိုစီဒက် ကို ၁-၀ နဲ့ နိုင်တဲ့ ပွဲစဥ်မှာ ဂိုးသွင်းနိုင်ခဲ့တာ ကြောင့်လည်း တစ်ဟုန်ထိုး နာမည်ကြီးလာခဲ့ပါတယ်၊ အီလန်ဂါ ရော




ဂါနာချိုရော က လက်ရှိ အချိန်မှာ အတွေ့အကြုံပိုင်း အားနည်း ကြသေးပေမယ့် အလားအလာ ကောင်းတွေတော့ အများကြီး ပိုင်ဆိုင် ထားကြပါတယ်၊ ဒါပေမယ့် အီလန်ဂါ အနေနဲ့ လာမယ့် ဇန်နဝါရီလ မှာတော့ အငှားထွက်ဖွယ် ရှိပြီး  နည်းပြ အဲရစ် တန်ဟက်ဂ် ကလည်း တိုက်စစ်ပိုင်းကို  အင်အား ဖြည့်သွားဖွယ် ရှိပါတယ်၊ အီလန်ဂါ ကို အငှား ခေါ်ယူလိုတဲ့ အသင်းအများအပြား ရှိနေပြီး




ပရီးမီးယားလိဂ် နဲ့ ဥရောပ တခြားလိဂ်တွေက အသင်းတွေပါ ပါဝင်နေတယ်လို့ သိရပါတယ်၊ အီလန်ဂါရဲ့ အနာဂတ်က လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် က ခေါ်ယူမယ့် ကစားသမားသစ် တွေပေါ်မှာ မူတည်ပြီး အပြောင်းအလဲ ဖြစ်သွားနိုင်‌ချေ ရှိနေပါတယ်။

credit