ကစားသမား ၈ ဦးနဲ့ ပေါင် သန်း ၉၀ ရဖို့ ရှိနေတဲ့ တန်ဟက်ဂ်

0
5072

Erik Ten Hag ရဲ့ အကြီိးမားဆုံး အောင်မြင်မှုကို ပြောရမယ် ဆိုရင် သူခေါ်ယူခဲ့တဲ့ ကစားသမားတွေက အကောင်းဆုံး အံဝင်နိုင်ခဲ့တာလို့ ဆိုရပါမယ်၊ နွေတုန်းက သူလိုချင်ခဲ့တဲ့ ကစားသမားတွေ ရရှိဖို့ စံချိန်တင် ငွေသုံးစွဲခဲ့ပြီး ယခုဆို Manchester United ဟာ




Ten Hag မရောက်ခင်က အပြောင်းအရွှေ့ စျေးကွက်မှာ အများဆုံး ပေါင် သန်း 150 အထိသာ သုံးစွဲထားခဲ့တာ ဖြစ်ပါတယ်၊ Erik Ten Hag လက်အောက်မှာတော့ Manchester United ဟာ ကစားသမား 5 ဦးအတွက် ပေါင် 225.4 သန်း အထိ သုံးစွဲခဲ့ပါတယ်။




သို့သော်လည်း စျေးကွက်ထဲမှာ အထွက် ကစားသမားတွေက အလွတ် အငှား ဖြစ်နေခဲ့တာကြောင့် ဝင်ငွေ မရှိသလောက် ဖြစ်ခဲ့ရပြီး အခြားတဖက်မှာတော့ သူ့ကို လာမယ့် ရာသီမှာ အသင်းဘက်က ငွေတွေ အများကြီး ထုတ်ပေးဖို့ မရှိဘူးဆိုတဲ့ အသံတွေလည်း ထွက်ပေါ်နေပါတယ်။




Erik Ten Hag ကတော့ ဒါကို သဘောတူဖို့ မရှိပါဘူး၊ အသင်းကို ပြန်လည်် တည်ဆောက်လိုပြီး နောက်ထပ်် ခေါ်ယူမှုတွေ လုပ်ဆောင်ဖို့ ရှိနေသေးလို့ပါ၊ ဒီလို လုပ်ရခြင်းရဲ့ အကြောင်းအရင်းက အသင်းမှာ ပွဲထွက် လူစာရင််း အပြင် အရန် လူစာရင်းပါ တောင့်တင်းဖို့ လိုတာကြောင့်လို့ သိရပါတယ်။




ဒါကြောင့် ဝင်ငွေတွေ ရရှိဖို့ အကောင်းဆုံး နည်းလမ်းက လက်ရှိ အသင်းမှာ အံမဝင်တဲ့ အသင််းသား အချို့ကို ရောင်းထုတ်ရေး ဖြစ်ပြီး လက်ရှိ အချိန် Manchester United မှာ ရောင်းထုတ်လို့ ပေါင် သန်း 90 ခန့် ရနိုင်တဲ့ ကစားသမားတစ်စု ရှိနေခဲ့ပါတယ်။




ရေပန်းအစားဆုံး စျေးအကြီးဆုံးက နော်တင််ဟမ် ဖောရက်စ် အသင်းမှာ ကစားနေတဲ့ ဂိုးသမားလေး ဒင်းန် ဟန်ဒါဆန် ဖြစ်ပြီး Erik Ten Hag လက်အောက်မှာ ပွဲထွက်ခွင့် မရရင် အရင်ဆုံး ထွက်ခွာသွားနိုင်တာ သူပဲ ဖြစ်ပြီး သူ့အတွက်် Manchester United တို့ ပေါင်သန်း 30 ထိ ရရှိနိုင်ပါတယ်။




ပေါင် 15 သန်း ရနိုင်ခြေရှိတဲ့ ကစားသမားကတော့ ခြေစွမ်း မပြနိုင်သေးတဲ့ ဒွန်နီ ဗန်ဒီဘိခ် ဖြစ်ပြီး Erik Ten Hag ဟာ ဒဏ်ရာမှ သက်သာလာတဲ့ တပည့်ဟောင်းကို ကမ္ဘာ့ဖလားမှာ ကစားခွင့် ရရှိနိုင်ဖို့ အခွင့်အရေး ဖွင့်ပေးခဲ့ပေမယ့် နယ်သာလန်သားက ယခုထိ ခြေစွမ်း ညံ့နေဆဲ ဖြစ်ပါတယ်။

နောက်ခံလူ ဘိုင်လီကိုလည်း ပေါင် 5 သန်းနဲ့ မာဆေးလ် အသင်းနဲ့ ကြိိုတင် သဘောတူညီမှု ရရှိထားပြီလို့ သိခဲ့ရပြီး ဆီဗီလာမှာ သွားရောက် ကစားနေတဲ့ တဲလက်စ် ကလည်း ပေါင် 10 သန်းလောက်ရဖို့ ရှိပါတယ်၊ အသင်းမှာ နေရာရဖို့ မရှိတဲ့ ဝီလီယံ ကိုလည်း ပေါင် သန်း 10 နဲ့ ရောင်းလို့ ရနိုင်ပါတယ်။

Manchester United ဟာ လာမယ့် ရာသီမှာ နောက်ခံံလူ ဖီးလ်ဂျုံးစ်နဲ့ တဲလက်စ်ကို အလွတ် ဆုံးရှုံးဖို့ ရှိနေပါတယ်၊ ဒါပေမဲ့ သူတို့ကို တစ်နှစ် စာချုပ်သက်တမ်း တိုးမြှင့်လို့ ရနိုင်ပါသေးတယ်၊ ဒါ့ကြောင့် အဆိုပါ ကစားသမား 8 ဦးကို ရောင်းထုတ်နိုင်ခဲ့ရင် ပေါင်သန်း 90 လောက် ရနိုင်မှာ အသေအချာ ရရှိမှာ ဖြစ်ပါတယ်။

credit