အက်စတွန် ဗီလာ ကို ရှုံးကြွေးဆပ်ဖို့ အသင်းသားများကို စိန်ခေါ်ထားကြောင်း ထုတ်ပြောလိုက်ပြီး ပြန်လည် တည်ဆောက်ရေးမှာ သူရဲ့ အခြေအနေ ဘယ်လို ရှိသလဲ ဖွင့်ဟလိုက်တဲ့ Manchester United နည်းပြ Erik Ten Hag

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က သူ့အနေနဲ့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာအဖြစ် စတင် တာဝန်ယူချိန် ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဆင့်အတန်းမှာ ကျဆင်းနေခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် ကို ကမ္ဘာ့ အကောင်းဆုံး ကလပ်အသင်း အဆင့်သို့ ပြန်ပို့ပေးလိုကြောင်း ပြောဆိုလိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့ညမှာ အက်စတွန် ဗီလာ အသင်းနဲ့ ကာရာဘောင်ဖလား ပွဲစဉ် အဖြစ် ကစားရန် ရှိနေပြီး အဲရစ် တန်ဟက်ဂ် ဟာ ၁၉ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၁၂ ပွဲ အနိုင် ရရှိထားပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကအက်စတွန် ဗီလာ ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။




ဒတ်ချ်လူမျိုးဟာ မန်ချက်စတာ ယူနိုက်တက် ကို ဖာဂူဆန် လက်ထက်ကလို အောင်မြင်ဖို့ထိ ကြိုးစားနေပြီး ဖြစ်လာနိုင်တဲ့ အခြေအနေများ ရှိသော်လည်း ကြိုးစားနေစဉ် အတွင်း မအောင်မြင်သည့် အခိုက်အတန့် အချို့လည်း ရှိနေနိုင်ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။




မန်ချက်စတာ ယူနိုက်တက် ကို တာဝန်ယူရတာက တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပြီး ဒါကို ကျွန်တော့် အနေနဲ့ နှစ်သက်ပါတယ်၊ ဒီလို စိန်ခေါ်မှုကြောင့်လည်း အားတက်ရပါတယ်၊ ကျွန်တော့် အနေနဲ့က ဒီအသင်း အတွက် အတတ်နိုင်ဆုံး ကြိုးစားမှု ပြုလုပ်ပြီး မန်ချက်စတာ ယူနိုက်တက် ကို ထိပ်တန်းအသင်း ပြန်ဖြစ်သွားအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။




ဒါက စိတ်လှုပ်ရှားစရာ ကောင်းပြီး ခက်ခဲမယ် ဆိုတာ စတင် တာဝန်ယူစဉ် ကတည်းက သိပြီးသားပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်စတင် တာဝန်ယူ ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဆင့်အတန်းက ရှိသင့်တာထက် နိမ့်ကျနေတာကို တွေ့ခဲ့ရပါတယ်၊ နောက်ဆုံး ငါးလလောက် ကြိုးစားလိုက်ရာမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အခြေအနေက အားလုံးတွေ့ကြတဲ့ အတိုင်းပါပဲ။




အတက်အကျတော့ ရှိနေတာပေါ့၊ တစ်ခါတစ်လေမှာ ရလဒ်ဆိုးတွေ အတွက် သင်ခန်းစာ ယူလိုက်ရတာ မြိုသိပ် လိုက်ရတာတွေလည်း ရှိပါတယ်၊ တစ်ခါတစ်လေလည်း လိုချင်တဲ့ အဆင့်အတန်းကို ရောက်အောင် အတင်း ကြိုးစားရတာတွေ ရှိတတ်ပါတယ်၊ ကျွန်တော်လည်း တစ်ခါတစ်လေ စိတ်မရှည် ဖြစ်တတ်ပါတယ်။




ကျွန်တော့် အနေနဲ့ ပွဲစဉ်တွေ အားလုံးကို အနိုင်ယူပြီး တစ်ခါတည်း အောင်မြင်မှုကို အရ ယူပစ်လိုက်ချင်ပါတယ်၊ ဒါပေမယ့် လက်တွေ့မှာ မဖြစ်နိုင်သေးဘူးလေလို့ အဲရစ် တန်ဟက်ဂ် က ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ Erik Ten Hag ဟာ အမ်မရီ ရဲ့ အက်စတွန် ဗီလာ အသင်းနဲ့ ကာရာဘောင်ဖလား ပြိုင်ပွဲမှာ တွေ့ဆုံတဲ့ အခါ




နောက်ဆုံး ပွဲစဉ်မှ ရလဒ်အတွက် ရှုံးကြွေး ပြန်ဆပ်နိုင်ရန် အသင်းသားများကို စိန်ခေါ်ထားကြောင်းလည်း အသိပေးသွားခဲ့ပါတယ်။ ယနေ့ည အက်စတွက် ဗီလာ နဲ့ ကစားရမယ့် ပွဲစဉ်မှာ ဂျေဒန် ဆန်ချို ပါဝင်နိုင်မည် မဟုတ်သော်လည်း

အန်တိုနီ ရဲ့ ကြံ့ခိုင်မှုကို စစ်ဆေး စောင့်ကြည့်သွားရမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အက်စတွန် ဗီလာ နဲ့ ပွဲစဥ် ပြီးလျှင် ကမ္ဘာ့ဖလား မတိုင်မီ ဖူလ်ဟမ် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တစ်ပွဲ ကစားရဦးမှာ ဖြစ်ပါတယ်။

credit