ပရီးမီးယားလိဂ် TOP4 ကို ခန့်မှန်းလိုက်ပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြကို သတိပေးကာ လီဗာပူးက အိပ်မက်တွေ နောက်ကျသွားပြီလို့ ဆိုလိုက်တဲ့ ပီတစ်

0
10725

ပီတစ် ဟာ ပရီးမီးယားလိဂ် top 4 ကို ခန့်မှန်းမှု ပြုလုပ်သွားခဲ့ပြီး Erik Ten Hag အနေနဲ့ ရော်နယ်ဒို ကို မန်ချက်စတာ ယူနိုက်တက် ရဲ့ အထက်မှာ မထားသွားရန် သတိပေးလိုက်ပါတယ်၊ အာဆင်နယ် နဲ့ မန်စီးတီး တို့ဟာ အမှတ်ပေးဖလား အတွက် တိုက်ပွဲ၀င်နေချိန်မှာ ကလပ် တော်တော်များများက




ချန်ပီယံလိဂ် ၀င်ခွင့် မျှော်လင့်ချက် ရှိနေပါတယ်။ နယူးကာဆယ် ဟာ လက်ရှိ တတိယနေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၃ နေရာက အသင်းနဲ့ အဆင့် ၁၀ နေရာက ခရစ်စတယ် ပဲလေ့စ် တို့ကြား ရမှတ် ကွာဟမှု ၈ မှတ်ပဲ ရှိနေပါတယ်၊ တော့တင်ဟမ် ဟာ လီဗာပူး ကို ရှုံးနိမ့်ခဲ့ပေမယ့်




top 4 အတွင်းမှာ ဆက်လက် ရပ်တည်နေပြီး မန်ချက်စတာ ယူနိုက်တက် နဲ့ ချဲလ်ဆီး ကတော့ ပြီးခဲ့တဲ့ weekend က ရှုံးပွဲတွေ ရင်ဆိုင်ခဲ့ရတာကြောင့် အပေါ်က အသင်းတွေကို လိုက်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဒုတိယ ရခဲ့တဲ့ လီဗာပူး ဟာ အဆင့် ၈ နေရာမှာ ရှိနေပြီး




ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ ၇ မှတ် ကွာဟနေသလို ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ် နဲ့ ၁၅ မှတ် ကွာဟနေပါတယ်၊ Top 4 နဲ့ ပက်သက်ပြီး ခန့်မှန်း ခိုင်းခဲ့ရာမှာ အာဆင်နယ် နဲ့ ချဲလ်ဆီး ကစားသမားဟောင်း ပီတစ်က- ချဲလ်ဆီး အနေနဲ့ တုန့်ပြန်ဖို့ လိုအပ်ပါတယ်၊ top 4 ၀င်ချင်တယ် ဆိုရင်




သူတို့ အနေနဲ့ ရမှတ်တွေ စုဆောင်းနိုင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ top 4 ၀င်ခွင့် အတွက်က ပြိုင်ဆိုင်မှု ပြင်းထန်မှာပါ၊ ချဲလ်ဆီး ဟာ အဝေးကြီးကို ရောက်နေပါတယ်၊ အမှတ်တွေ ဘယ်လိုပဲ ရရ ကိစ္စ မရှိပါဘူး၊ သူတို့ နိုင်ပွဲတွေ လိုအပ်တာပါ၊ ကျွန်တော့် အမြင် မန်စီးတီး အမှတ်ပေး ဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်၊ အာဆင်နယ်က ဒုတိယ နေရာနဲ့ အဆုံးသတ်မှာပါ။




လီဗာပူးက တတိယ နေရာကို ရရှိမှာ ဖြစ်ပြီး နယူးကာဆယ်က တော့တင်ဟမ်၊ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် ကို ကျော်ကာ top 4 ၀င်ခွင့် ရသွားပါလိမ့်မယ်။ လို့ ဆိုလိုက်ပါတယ်။ လီဗာပူးက ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် မှာ ဒုတိယနေရာ ရရှိတဲ့အပြင် ပြည်တွင်းဆုဖလား နှစ်လုံး ပိုင်ဆိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး ဒီရာသီ မစခင်တုန်းကလည်း ပရီးမီးယားလိဂ်




အမှတ်ပေးဖလားကို ထပ်မံ စိန်ခေါ်နိုင်မယ်လို့ လူတွေ ယူဆခဲ့ကြပါတယ်၊ ဒါပေမယ့် ကလော့ပ် ရဲ့ အသင်းဟာ ဒီရာသီမှာ တာထွက် ဆိုးရွားခဲ့ပြီး top 4 နေရာနဲ့ ၇ မှတ် အကွာကို ရောက်နေခဲ့ပါတယ်၊ ပီတစ်က လီဗာပူးဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ အတွက် တအားကို နောက်ကျသွားပြီလို့ သုံးသပ်သွားပါတယ်။




ပီတစ်က- သူတို့ဟာ ရာသီစ ကတည်းက သူတို့ရဲ့ ပုံမှန် level အောက်ကို ရောက်နေကာ ရလဒ်တွေကလည်း မတည်မငြိမ် ဖြစ်ခဲ့ပါတယ်၊ ကစားပုံ ကောင်းမွန်မှု မရှိတာကို ကျွန်တော်တို့ သိထားပြီး ဖြစ်မှာပါ၊ ဗာဂျယ် ဗန်ဒိုက် ဟာ သူ့ရဲ့ ပုံမှန် ခြေစွမ်းအောက်ကို ရောက်နေပြီး

ရုန်းကန် နေရပါတယ်၊ အသင်းရဲ့ ခေါင်းဆောင်တွေဟာ ဒီထက် ပိုမို လုပ်ပြဖို့ လိုအပ်ပါတယ်၊ မိုဆာလာက သူ့ရဲ့ ပုံမှန် level ကို တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာခဲ့ ပေမယ့်လည်း ပုံမှန် ခြေစွမ်းအောက်ကို ရောက်နေတဲ့ အခြား ကစားသမားတွေ အများကြီး ရှိနေပါသေးတယ်။




အရင်တုန်းက တွေ့ခဲ့တဲ့ လီဗာပူးကို ပြန်မြင်ရမလား ဆိုတာတော့ မသေချာပါဘူး၊ ချန်ပီယံလိဂ်မှာ ပြသနေတဲ့ ပုံစံကောင်းကိုသာ ပြည်တွင်း ပြိုင်ပွဲမှာ ပြသနိုင်ခဲ့မယ် ဆိုရင် သူတို့ဟာ ပြိုင်ဘက်တွေ အတွက် ကြောက်စရာပါ၊ အခုမှ နို၀င်ဘာလထဲကို ရောက်နေပါပြီ၊ ဒါဟာ ဒီရာသီ လီဗာပူးရဲ့ အိမ်မက်တွေ အကောင်အထည် ဖော်ဖို့ အတွက် နောက်ကျနေပါပြီ၊ လို့ ဆိုသွားပါတယ်။

ဆက်လက်ပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် အနေနဲ့ ရော်နယ်ဒို ကို အသင်းရဲ့ အထက်မှာ မထားရန် တိုက်တွန်းခဲ့တယ်၊ သူ့ရဲ့ လူရွေးချယ်မှုဟာ တစ်ခါတစ်ရံ နိုင်ငံရေး ဆန်ပါတယ်၊ တန်ဟက်ဂ် ဟာ ရော်နယ်ဒို ကို ပျော်ရွှင်စေချင် ပေမယ့် ဦးစားပေးက ရော်နယ်ဒို မဖြစ်သင့်ပါဘူး၊ ဦးစားပေးက မန်ချက်စတာ ယူနိုက်တက် ပဲ ဖြစ်သင့်ပါတယ်။




အမြဲတမ်း ကိုယ့်အသင်း ကောင်းဖို့ အတွက်ပဲ ကြည့်သွားရပါမယ်၊ ဒီအသင်းဟာ ရော်နယ်ဒို ပါတဲ့ အချိန်မှာ ပုံစံကောင်းမှာ ရှိမနေပါဘူး၊ တန်ဟက်ဂ် ဟာ ရော်နယ်ဒို ကို နောက်ထပ် အခွင့်အရေး ပေးချင်တယ် ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ဖြေရှင်းချက်က အသင်းအတွက် ဦးစားပေး ဖြစ်ရမှာပါ၊ ကစားသမားကို မဟုတ်ပါဘူး။

credit