ဘာစီလိုနာ နဲ့ ရင်ဆိုင်ရမယ့် အပေါ် စိုးရိမ်နေတဲ့ အသင်းဖော်တွေကို အမှာစကား ဆိုလိုက်တဲ့ ကတ်စမဲရိုး

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ခံစစ် ကစားသမား ကက်စမဲရိုး က ဖေဖော်ဝါရီလမှာ ဘာစီလိုနာ အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ယူရိုပါလိဂ် play off ပွဲစဥ် နှစ်ပွဲအကြောင်းကို ခေါင်းထဲက ထုတ်လိုက်ဖို့ အသင််းဖော်တွေကို တိုက်တွန်းသွား ခဲ့ပါတယ်။




ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ပွဲစဥ် 6 ပွဲ ကစားပြီးတဲ့ နောက် အဆင့် 2 နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ အတွက် နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ ချန်ပီယံလိဂ်မှ ဆင်းလာတဲ့ အသင်းနဲ့ play off ကစားရမှာ ဖြစ်ပါတယ်။




အခြား တဖက်မှာတော့ ဘာစီလိုနာ အသင်းဟာလည်း ချန်ပီယံလိဂ် ပြိုင်ပွဲမှ ပြုတ်လာခဲ့ တဲ့နောက် ယူရိုပါလိဂ် ပြိုင်ပွဲမှ အဆင့် 2 ဖြစ်တဲ့ အသင်းနဲ့ play off ကစားဖို့ အကြောင်းဖန် လာခဲ့ပါတယ်၊ အခုတော့ မဲခွဲရလဒ် အရ ယူနိုက်တက် နဲ့ ဘာကာ တို့ ရင်ဆိုင် ရပါတော့မယ်။




ဒါဟာ လာလီဂါ ပြိုင်ပွဲကြီးမှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် နှစ်တွေ အကြာကြီး ကစားပေးခဲ့တဲ့ ကက်စမဲရိုး အတွက် အဓိက ပြိုင်ဘက်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဘာစီလိုနာ အသင်းနဲ့ ပြန်လည် ရင်ဆိုင်် ကစားရမှာ ဖြစ်ပါတယ်။




သို့ပေမဲ့ ပွဲစဥ် နှစ်ကျော့ကို ဖေဖော်ဝါရီလမှာ ကစားရမှာ ဖြစ်တာကြောင့် ယူနိုက်တက် ကွင်းလယ်လူ ကက်စမဲရိုးက အဆိုပါ ပွဲစဥ်အကြောင်း တွေးတော မနေပဲ လာမယ့် ပွဲစဥ် အကြောင်းကိုသာ ခေါင်းထဲ ထည့်ကြဖို့ အသင်းဖော်တွေကို တိုက်တွန်းသွားခဲ့ လိုက်ပါတယ်။




ကျွန်တော် ဘာစီလိုနာ အသင်းကို ကောင်းကောင်း သိပါတယ်၊ သူတို့ဟာ အသင်းကြီး တစ်သင်း ဖြစ်ကြောင်းလည်း သိပါတယ်၊ ဒါပေမဲ့ ပွဲစဥ် ကစားရဖို့ အဝေးကြီး လိုပါသေးတယ်၊ ကျွန်တော်တို့ ဒီပွဲအကြောင်း တွေးနေဖို့ မလိုပါဘူး၊ လာမယ့် ပွဲအပေါ်ပဲ အာရုံစိုက်ရမှာပါ။




အဲ့ဒီပွဲ မတိုင်ခင် အရှေ့မှာ ကျွန်တော်တို့ ကစားကြရမယ့် ပွဲစဥ်တွေ အများကြီး ရှိနေပါသေးတယ်၊ ပြီးရင် ဒီကြားထဲ အသင်းတွေ ဘယ်လို ကစားကြသလဲ ဆိုတာကို ကျွန်တော်တို့ လေ့လာရဦးမှာပါ၊ ပြိုင်ဖက်ကောင်းနဲ့ ရင််ဆိုင်ရတာက ကျွန်တော်တို့ လိုချင်တဲ့ အရာပဲ။

တကယ့်ကို ခက်ခဲတဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်သွားမယ် ဆိုတာကို ကျွန်တော်တို့ သိကြပါတယ်၊ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ ကျွန်တော်တို့ အနေနဲ့ အဲ့ဒီ ပွဲစဥ်အကြောင််းကို အချိန်ပေးပြီး အများကြီး တွေးတော မနေသင့်ဖူးလို့ ထင်မိပါတယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

credit