ပရီးမီယားလိဂ် မကြေပွဲကို ကာရာဘောင်မှာ ဖွင့်ချခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် 4-2 အက်စတွန် ဗီလာ ပွဲမှ စွမ်းဆောင်ရည်နဲ့ သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနေ့ နံနက်က အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ အက်စတွန် ဗီလာ အသင််းနဲ့ ကာရာဘောင် ဖလား round 3 ပွဲစဥ် ကစားခဲ့ရပြီး 4-2 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်၊ ဒါဟာ ပြီခဲ့တဲ့ ရက်ပိုင်းက ပရီးမီးယားလိဂ်မှာ 3-1 နဲ့ ရှုံးနိမ့်ခဲ့တာကို အကောင်းဆုံး တုန့်ပြန်နိုင်ခြင်း ဖြစ်ခဲ့ပါတယ်။




ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က တိုက်စစ်မှာ မာရှယ်၊ ရပ်ရှ်ဖို့ဒ်၊ ဗန်ဒီဘိခ်၊ ဘရူနို တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာ ဖရက်ဒ်၊ တွမ်မီနေး၊ ခံံစစ်မှာ ဒါလော့၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ မာလာစီယာ၊ ဂိုးမှာ ဒူဘရက်ကာ တို့ကို နေရာပေးခဲ့ပါတယ်၊ ဒူဘရက်ကာ အတွက် ပထမဆုံး ပွဲထွက်ခွင့်လညး ဖြစ်ပါတယ်။




ပွဲစဥ်ရဲ့ ပထမပိုင်းမှာ နှစ်ဘက် နှစ်သင်းလုံး ဂိုး မသွင်းယူနိုင်ခဲ့ ကြတဲ့အတွက် ဂိုးမရှိ သရေ ဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အက်စတွန် ဗီလာ က ဝက်ကင်းစ် မှ ဂိုးစသွင်းခဲ့ပါတယ်၊ အဲ့ဒီနောက် မကြာမီမှာပဲ မာရှယ် က ပြန်လည် ခြေပနိုင်ခဲ့ပါတယ်။




ပွဲချိန် 61 မိနစ်မှာတော့ ဘိုင်လီ ရဲ့ ခေါင်းတိုက်ချက်ကို မဖျက်ထုတ်နိုင်ခဲ့တဲ့ ဒါလော့ကြောင့် own goal ပေးခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက် တို့ နောက်ကလိုက် ကစားခဲ့ရပါတယ်၊ ဒါပေမယ့် အစောပိုင်းမှာ ဂိုးကံခေ နေခဲ့တဲ့ ရပ်ရှ်ဖို့ဒ် က ခြေပဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီဂိုး မတိုင်ခင်မှာတော့ အဲရစ် တန်ဟက်ဂ် က




မာရှယ်၊ ဒွန်နီ၊ ဖရက်ဒ် တို့ကို ထုတ်ပြီး ဂါနာချို၊ အီလန်ဂါ၊ အဲရစ်ဆင် တို့ကို ထည့်သွင်းခဲ့ပါတယ်၊ အဲ့ဒီနောက် ပွဲချိန် မိနစ် 80 အကျော်မှာ ရပ်ရှ်ဖို့ဒ်နဲ့ လင်ဒီလော့ဖ် တို့ကို အနားပေးပြီး ကက်စမဲရို၊ မာတီနက်ဇ် တို့ကို လူစားဝင်စေခဲ့ ပါတယ်။ ပွဲချိန် 91 မိနစ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အတွက် အနိုင် သေချာစေမယ့် ဂိုးကို




တွမ်မီနေး က သွင်းယူခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ရဲ့ ဦးဆောင်ဂိုး နှစ်းဂိုးလုံးကို လူငယ်လေး ဂါနာချို က ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်၊ ဒီ ပွဲစဥ်မှ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ််းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ်။




ဒူဘရက်ကာ 6

မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပထမဆုံး အကြိမ် ကစားပေးခွင့် ရရှိခဲ့တဲ့ ပွဲစဥ်မှာ နှစ်ဂိုး ပေးခဲ့ရပေမယ့် သူ့အမှား မပါခဲ့ ပါဘူး၊ ဖြန့်ဝေမှု ကောင်းမွန်ခဲ့ပြီး အသင်းဖော်တွေနဲ့ ကောင်းမွန်စွာ ချိတ်ဆက်နိုင်ခဲ့ပါတယ်။




ဒါလော့ 5

ပထမပိုင်းမှာ ညံ့ခဲ့ပေမယ့် မာရှယ် ရဲ့ ခြေပဂိုးကို ရရှိစေနိုင်ခဲ့ ပါတယ်၊ ဒါပေမယ့် ပရိသတ်တွေကို အားလျော့စေခဲ့တဲ့ own goal ကိုလည်း သွင်းယူသွားခဲ့ပါတယ်။




လင်ဒီလော့ဖ် 6

စနေနေ့က ပွဲထက် ပိုကောင်းတဲ့ တည်ငြိမ်မှုနဲ့ မာကျောမှုတွေကို ပြသသွားနိုင် ခဲ့ပါတယ်၊ ဝက်ကင်းစ် နဲ့ ဘိုင်လီ တို့ကိုတော့ မဟန့်တား နိုင်ခဲ့ပါဘူး။

မက်ဂွိုင်းယား 5

ပထမပိုင်း မှာတင် အဝါကဒ် ထိခဲ့ပြီး ရမ်းဆေး ရဲ့ ပေးပို့မှုကို လည်း မဟန့်တား နိုင်ခဲ့ပါဘူး၊ ခေါင်းတိုက်ဂိုး ရခဲ့သင့် ပေမယ့် အိုလ်ဆန် လက်စွမ်း ပြခဲ့ပါတယ်။

မာလာစီယာ 6

ရပ်ရှ်ဖို့ဒ် ဆီ ဘောလုံးတွေ အရောက် ပို့နိုင်ခဲ့ပါတယ်၊ ဒီပွဲမှာ တိုးအား လှုပ်အားတွေ အပြင် ဘောလုံး ပေးပို့မှု၊ ဖြတ်တင်ဘော အချို့လည်း ကောင်းမွန်ခဲ့ပါတယ်။

တွမ်မီနေး 7

ပွဲချိန်15 မိနစ်မှာ ရပ်ရှ်ဖို့ဒ် ဆီ ပေးပို့ပုံ ညံ့ခဲ့ပါတယ်၊ အဲရစ်ဆင် ရောက်လာတဲ့ နောက် ပိုကောင်းခဲ့ပြီး ဂိုးတိုင် တစ်ချက် ထိခဲ့ပါတယ်၊ အဲ့ဒီနောက် မကြာမီမှာ အနိုင် သေချာစေမယ့် ဂိုးကို သွင်းယူခဲ့ပါတယ်။

ဖရက်ဒ် 4

အသင်းအတွက် ပြန်လည် ကစားပေးခွင့် ရရှိခဲ့တဲ့ ပွဲမှာ ခြေစွမ်းကောင်း မပြနိုင်ခဲ့ပါဘူး၊ ကစားပုံ လျော့တိ လျော့ရဲ ဖြစ်နေခဲ့တာကြောင့် အဲရစ်ဆင် နဲ့ လူစားလဲ ခံခဲ့ရပါတယ်။

ဗန်ဒီဘိခ် 3

သုံးပွဲ ဆက်တိုက် ကစားခွင့် ရရှိခဲ့ပါပြီ၊ ဒါပေမယ့် တစ်ပွဲမှ သုံးစား မရခဲ့ပါဘူး၊ အဲရစ် တန်ဟက်ဂ် အနေနဲ့ တပည့်ဟောင်းကို အလိုမလိုက်ပဲ အရန်ခုံပေါ် ပြန်ထားသင့်နေပါပြီ။

ဘရူနို 7

ညာတောင်ပံမှာ ခြေစွမ်း စတင် ပြသနိုင်ခဲ့ပါပြီ၊ မာရှယ် အတွက် ဂိုးဖန်တီး ပေးခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်း နိုင််ခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ် 7

ယုံကြည်ချက် အပြည့်နဲ့ ဘောလုံးကိုင် ကစားနိုင်ခဲ့ပါပြီ၊ ဒါပေမယ့် အခွင့်အရေး ကတော့ ဖြုန်းတီး နေဆဲပါပဲ၊ ပုံစံကောင်း ပြသရင်း တစ်ဂိုး သွင်းနိုင်ခဲ့ ပါတယ်။




မာရှယ် 6

ငါးပါတ်လောက် ကြာမှ အသင်း အတွက် ပြန်လည် ကစားပေးခွင့် ရရှိခဲ့ပြီး ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်၊ ဒုတိယပိုင်း မှာတော့ ဖူလ်ဟမ် နဲ့ ပွဲစဥ် အတွက် အနားပေး ခံခဲ့ရပါတယ်။ လူစားဝင် ကစားသမားများ- အီလန်ဂါ 6၊ အဲရစ်ဆင် 8၊ ဂါနာချို 8၊ ကက်စမဲရိုး 6၊ မာတီနက်ဇ် 6 တို့ပဲ ဖြစ်ပါတယ်။

credit