တံတောင်ကျွေးတာခံရလို့ မကျေနပ်ချက် အတွက် လက်တုန့်ပြန်ခဲ့ပေမယ့် မာတီနက်ဇ်ကို မယှဉ်နိုင်ခဲ့ဘဲ အသင်းပါ ဂိုးပြတ်ရှုံးခဲ့လို့ မကျေမနပ် ဖြစ်နေတဲ့ ဘိုင်လီ
|ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ အက်စတွန် ဗီလာ နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ရင်ဆိုင်ခဲ့ရတုန်းက မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် က အက်စတွန် ဗီလာ တိုက်စစ်မှူး ဘိုင်လီ ကို လူကာ ကစားရင်းနဲ့ တံတောင်နဲ့ ပစ်ကျွေး လိုက်ပါတယ်။
ဘိုင်လီ တယောက် အသက်တောင် ရှုမရ ဖြစ်ခဲ့ရပြီး ကွင်းဘေးနားမှာ လဲကျခဲ့လို့ ဆေးကုသမှု ခံယူခဲ့ရပါတယ်၊ ပွဲ အပြီးမှာတော့ ဒီအဖြစ်အပျက် အတွက် ဒိုင်လူကြီးတွေက ဘာမှ အရေးမယူခဲ့လို့ ဘိုင်လီ တယောက် ဒေါသထွက်ပြီး အပြစ်တင် ပြောဆိုခဲ့ပါသေးတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့
ပွဲမှာ ဒိုင်လူကြီး တွေက စိတ်ပျက်စရာပါပဲ၊ ကျနော့် နံရိုးကို နှစ်ချက် တိတိ တံတောင်နဲ့တွတ်နာ ခံလိုက်ရပြီးတော့ စက္ကန့်လေး နည်းနည်း အသက်တောင် မရှူနိုင်တော့ပါဘူး၊ တခါတလေ var ကို ဘာလို့ထား ထားသလဲ ဆိုတာ ကျနော် နားမလည်အောင်ပါပဲ။ လို့ ဘိုင်လီက သူ့ရဲ့ တွစ်တာ acc ကနေ ရေးသား ပြောဆိုသွားခဲ့တာပါ။
မနေ့ညက ကာရာဘောင် ဖလား ပွဲစဥ်မှာတော့ ဒီနှစ်သင်း ပြန်လည် တွေ့ဆုံခဲ့ကြပြီး လီဆန်ဒရို မာတီနက်ဇ် က ပွဲပြီးခါနီးမှ လူစားဝင် ကစားခဲ့ရပြီး သူဝင်လာပြီး သိပ် မကြာခင်မှာပဲ ဘိုင်လီ နဲ့ ထိပ်တိုက် တိုးပါတော့တယ်၊ ဒီတကြိမ် ဘောလုံး ယှဉ်လုတော့လည်း ဘိုင်လီ တယောက် လီဆန်ဒရို မာတီနက်ဇ် ကို မယှဉ်နိုင်ခဲ့ဘဲ လဲကျခဲ့ပါတယ်။
သူ လဲကျချိန်မှာပဲ ဘိုင်လီ တယောက် ဒေါသ ထွက်နေခဲ့ပြီး လီဆန်ဒရို မာတီနက်ဇ် ကို ခြေထောက်နဲ့ ပြန်ကန် ခဲ့ပါတယ်၊ လဲကျနေရင်း အနေအထားနဲ့ ကန်ခဲ့တာ ဖြစ်ပြီး ဒီ အဖြစ်အပျက် အတွက် ကွင်းလယ်ဒိုင်က ဘိုင်လီ ကို အဝါကတ် ပြခဲ့ပါတယ်၊ ဘိုင်လီ က မာတီနက်ဇ် ကို
တော်တော်လေး ဒေါသထွက်နေပြီး သည်းမခံ နိုင်တော့ဟန် ပေါက်နေခဲ့ပြီး ပြန်ကန်ခဲ့တာပါ။ လီဆန်ဒရို မာတီနက်ဇ် ကလည်း ပြန် တုံ့ပြန်ဖို့ အတွက် ဟန်ပြင်ပြီးမှ ကိုယ်ရှိန်သတ်ခဲ့ပြီး သူ အကန်ခံရတာကို ကွင်းလယ်ဒိုင် မြင်အောင် လှမ်း ပြသခဲ့ပါတယ်၊ ဘိုင်လီ တယောက် သူ့အတွက်
လက်စား ပြန်ချေနိုင်ခဲ့ ပေမယ့် အဝါကတ် ထိခဲ့သလို အသင်းကလည်း အရေးနိမ့်ခဲ့လို့ သိပ်တော့ ကျေနပ်မှာ မဟုတ်ပါဘူး၊ ပရီးမီးယားလိဂ်မှာ ပူပူနွေးနွေး အနိုင်ရခဲ့ပေမယ့် ကာရာဘောင်ဖလားမှာ ပြန်တွေ့ချိန် ရှုံးကြွေး ဆပ်ခံခဲ့ရပြီး ပြိုင်ပွဲကပါ ထွက်ခဲ့ရပါတော့တယ်။
credit