စိတ်ဓါတ်ကျတိုင်း ဘာတွေလုပ်နေခဲ့သလဲ ဆိုတာ ဖွင့်ဟရင်း ပရိတ်သတ်တွေကို အကူညီတောင်းစကားတချို့ အမှာပါးလာတဲ့ ပိုင်ဖြိုးသု

နိုင်ငံကျော် သရုပ်ဆောင် ပိုင်ဖြိုးသု ကတော့ လူလေး လှသလို စိတ်ထား အရာမှာလည်း ဖြောင့်မတ် တည်ကြည်သူလေး တစ်ယောက် ဖြစ်ပြီး သရုပ်ဆောင် တစ်ယောက် အဖြစ်လည်း အောင်မြင်မှု မှတ်တိုင်တွေ များစွာ စိုက်ထူနိုင်ခဲ့တဲ့ ပိုင်ဖြိုးသု ဟာ စစ်အာဏာရှင် တွေရဲ့ လက်ဝါးကြီးအုပ်




ချယ်လှယ်မှုကို ဆန့်ကျင်ဖို့ သူမရဲ့ အနုပညာနဲ့ ကျော်ကြားမှုတွေပါ စွန့်လွှတ်ပြီး တော်လှန်ရေး အတွက် တစ်ဖက်တစ်လမ်း ကနေ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ နေအိမ်ကို စွန့်ခွာလာခဲ့တာ နှစ်နှစ်နီးပါး ရှိတော့မယ် ဖြစ်တဲ့ ပိုင်ဖြိုးသုဟာ သူမ အနေနဲ့ စိတ်ဓာတ်ကျတာတွေ ဖြစ်လာတိုင်း




သူမထက် အဆင်မပြေတဲ့ သူတွေရဲ့ မျက်နှာကို ပြန်မြင်ယောင် မိကြောင်း အခုလိုပဲ ပြောလာပါတယ်၊ ပိုင်ဖြိုးသုက စိတ်ဓါတ်ကျပြီး လဲပြိုမိတဲ့ အချိန်တိုင်း နင်မရှက်ဘူးလား နေစရာနေရာ ရှိသေးတယ်၊ စားသောက်နေ ရသေးတယ်၊ အမိုးအကာ မရှိ စစ်ပြေးနေရတဲ့ သူတွေ၊ ဘဝတွေ အသက်တွေ ပေးပြီး




မြေပြင်မှာ တိုက်ပွဲဝင်နေရတဲ့ သူတွေ၊ ဒုက္ခ တစ်သိုက် ရင်ဝယ်ပိုက်ပြီး ခုချိန်ထိ စီဒီအမ် လုပ်ပေးနေတဲ့ သူတွေကို မရှက်ဘူးလား ပြန်ထစမ်း သွား ချည်သွားထိုး ဆိုပြီး ကိုယ့်ဟာကိုယ် ဆူပစ်ပြီး ချည်ပုံကြီးထဲ ပြန်ပြန်ဝင် ရတယ်၊ ပြောချင်တာကတော့ ဒီရက်ပိုင်း crochet ထည်လေးတွေနဲ့ အတူ




fundraising program လေးတွေနဲ့ အတူ ပြန်လာခဲ့ပါမယ်၊ ဒေါ်သုလေးကို ချစ်တယ်၊ အိမ်မြန်မြန် ပြန်ရောက် စေချင်တယ် ဆိုရင် fundraising ticket တွေ ရောင်းတဲ့အခါ ကျရင် ပါဝင်ပေးကြပါနော်။ ပိုင်ဖြိုးသု ဆိုတဲ့ သူကို ကြည့်မရတဲ့ သူတွေလည်း စပေါ် ကတည်းကပဲ ပြန်မလာနဲ့




သေသွားပို ကောင်းတယ် ဆိုတဲ့ သူတွေလည်း ဒီမိန်းမကြီး အတွက်မှ မဟုတ်တာ၊ မြေပြင်က ကိုယ့်သွေးချင်း မောင်နှမတွေ အတွက် စီစဉ်တဲ့ fundraising program လေးတွေမို့ ပါဝင်ပေး ကြပါလို့ ချစ်သည် ဖြစ်စေ မုန်းသည် ဖြစ်စေ အားလုံး တညီတည်း ဒုက္ခတောထဲက လွတ်မြောက်ဖို့ အတူ ရုန်းကန်ကြရ အောင်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။

credit