ကစားသမား နှစ်ဦးကို ကျော်ဖြတ်ပြီး လက်ရှိ ဥရောပ အဆုံးသတ် အကောင်းဆုံး ကစားသမား ဖြစ်လာတဲ့ မန်ချက်စတာ ယူနိုက်တက် စတား

မန်ချက်စတာ ယူနိုက်တက် အဓိက တိုက်စစ်မှူး အန်တိုနီ မာရှယ် က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် လကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် 4-2 အက်စတွန် ဗီလာ ပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ ပြီးနောက် လက်ရှိ ဥရောပ အဆုံးသတ် အကောင်းဆုံး တိုက်စစ်မှူး အဖြစ်




မှတ်တမ်း ဝင်ခဲ့ကြောင်း သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ ယနေ့ မနက် အစောပိုင်းမှာ EFL Cup တတိယ အဆင့် ပွဲစဉ် အဖြစ် အက်စတွန် ဗီလာ ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ မာရှယ်၊ ရက်ဖို့ဒ်၊ ဖာနန်ဒက်ဇ်၊ တွမ်မီနေး တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ အနိုင် ရရှိပြီး




စတုတ္ထ အဆင့်ဆီ တက်လှမ်းသွား နိုင်ခဲ့ပြီး စတုတ္ထ အဆင့်မှာတော့ ဘန်လေ ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ အသက် 26 နှစ်အရွယ် ပြင်သစ် တိုက်စစ်မှူး အန်တိုနီ မာရှယ် က ယခုနှစ် ဘောလုံး ရာသီမှာ မကြာခဏ ဆိုသလို ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရသူ ဖြစ်ပေမယ့်




အက်စတွန် ဗီလာ နဲ့ ပွဲစဥ်မှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင် ကစားခဲ့သလို ပွဲချိန် 49 မိနစ်မှာ အသင်းအတွက် အရေးပါတဲ့ ပထမ ချေပဂိုးကို သွင်းယူပေးနိုင် ခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးကြောင့် မာရှယ် ဟာ ယခုနှစ် ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ 6 ပွဲ




ပါဝင် ကစားပေးထားရာ သွင်းဂိုး လေးဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု နှစ်ကြိမ် ရရှိထားပြီး သူ့ရဲ့ စွမ်းဆောင်ရည်က အတော်လေးကို အထင်ကြီးစရာ ဖြစ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မာရှယ် ဟာယခုနှစ် ဘောလုံး ရာသီမှာ သွင်းဂိုး လေးဂိုး သွင်းယူနိုင်ဖို့ အတွက် ဂိုးပေါက် ကန်သွင်းမှု




လေးကြိမ်သာ ပြုလုပ်ထားရပြီး တနည်းအားဖြင့် ပြောရရင် သူဟာ ကန်သွင်းသမျှ ကန်ချက်တိုင်းကို သွင်းဂိုး အဖြစ် ပြောင်းလဲထား နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မာရှယ် ရဲ့ ဒီရာသီ အဆုံးသတ် စွမ်းဆောင်ရည်က ၁၀၀ ရာခိုင်နှုန်း အပြည့် ဖြစ်ပြီး အဆိုပါ အံ့မခန်း စွမ်းဆောင် ရည်ကြောင့်




မာရှယ် က မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဟာလန်း နဲ့ ဘာစီလိုနာ တိုက်စစ်မှူး လီဝမ် ဒေါစကီး တို့ကို ကျော်ပြီး လက်ရှိ ဥရောပ အဆုံးသတ် အကောင်းဆုံး တိုက်စစ်မှူး အဖြစ် မှတ်တမ်း ဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။

credit