ဂါနာချို ရဲ့ တိုးတက်မှု အတွက် ကျေနပ်‌ပေမယ့် ပွဲထွက်ခွင့် တနေရာ အတွက် လိုက်နာရမယ့် စည်းကမ်းအချို့ကို ထုတ်ပြောလာတဲ့ တန်ဟက်ဂ်

Manchester United နည်းပြ Erik Ten Hag က လူငယ် ကြယ်ပွင့်လေး ဂါနာချို အနေနဲ့ လက်ရှိ ခြေစွမ်းကိုသာ ဆက်ထိန်းထား နိုင်ခဲ့မယ် ဆိုရင်တော့ ပထမ အသင်းမှာ ပုံမှန် နေရာတစ်ခု ပေးဆောင်သွားမှာ ဖြစ်ကြောင်း အသိပေး ပြောကြားသွား ခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ် တိုက်စစ် ကစားသမား ဟာ အက်စ်တွန် ဗီလာ နဲ့




ကာရာဘောင် ဖလား ဒုတိယပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် လူစားဝင် ကစားခဲ့ပြီး ခြေစွမ်း ပြသနိုင်ခဲ့ကာ နောက်ကနေ ချေပဂိုးတွေ အနိုင်ဂိုးတွေ ပြန်လိုက်သွင်း နိုင်ခဲ့ပါတယ်။ အန်တိုနီ မာရှယ်၊ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဘရူနို ဖာနန်ဒက်စ် နဲ့ စကော့မက် တွန်မီနေး တို့က ဂိုးတွေကို သွင်းယူ ပေးခဲ့ပြီး ဂါနာချို ကတော့ မိနစ် ၃၀ သာ ကစားပြီး




ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေး သွားခဲ့ပါတယ်။ အာဂျင်တီးနား လူငယ် လက်ရွေးစင်လေးဟာ အက်စတွန် ဗီလာ ခံစစ်ကို ကောင်းကောင်းကြီး ဒုက္ခပေးခဲ့ပြီး ဘယ်ခြမ်း တစ်လျှောက် မွှေနှောက် ကစားနိုင်ခဲ့ပါတယ်။ တောင်ပံကနေ ဆွဲပြေးရုံတင် မကပဲ ဂိုးစည်းထဲမှာ ရှိနေတဲ့ အသင်းဖော်တွေ ဆီကိုလည်း ဖြတ်တင်ဘောတွေ မကြာခဏ ပေးပို့နေတာကြောင့်




အက်စတွန် ဗီလာ ခံစစ်ဟာ တော်တော်လေး ဖရိုဖရဲ ဖြစ်ခဲ့ရပါတယ်၊ ရာသီ အစောပိုင်း မန်ချက်စတာ ယူနိုက်တက် ရဲ့ ရာသီကြို ခရီးစဉ်မှာ တုန်းကတော့ ဂါနာချို ရဲ့ စည်းကမ်းပိုင်း မလိုက်နာမှု တွေကြောင့် နည်းပြ အဲရစ် တန်ဟက်ဂ် က ကစားသမားလေးကို လူစာရင်းကနေ ချန်လှပ် တာမျိုးတွေ လုပ်ခဲ့ပါသေးတယ်။ ကိစ္စ မျိုးစုံ ကျော်ဖြတ်ခဲ့ပြီးနောက်




ဆယ်ကျော်သက် ကစားသမားလေးဟာ အခုဆိုရင် နည်းပြ အဲရစ် တန်ဟက်ဂ် စိတ်ကြိုက် ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြီး နည်းပြကြီး ကိုယ်တိုင်က ကစားသမားကို တိုးတက်မှု ရှိလာအောင် သတိပေးမှုတွေထိ လုပ်လာခဲ့ပါတယ်။ အဲရစ် တန်ဟက်ဂ် က ဂါနာချို က အခွင့်အရေး ရတာနဲ့ အကောင်းဆုံး ခြေစွမ်းပြပြီး အသင်းကို အကျိုး ဖြစ်စေခဲ့ပါတယ်။




ဂိုးဖန်တီးမှု ၂ ကြိမ်နဲ့ ဘောလုံး ဆွဲပြေးမှုတွေ ကောင်းခဲ့တယ်၊ အရမ်းလည်း မြန်တယ်။ အဲ့တော့ အဖြေက ရှင်းရှင်းလေးပါ၊ ဒါပေမယ့် တိုးတက်ဖို့ လိုတာတွေလည်း ရှိသေးတယ်၊ အခု ပြောရရင် သူအဝေးဘော ကစားဟန် လေ့ကျင့်ရဦးမယ်၊ စကော့မက် တွန်မီနေး ရဲ့ ဂိုးက အမှန်ဆို ခေါင်းပေါ် ရောက်ရမှာ၊ အခု second ball ဖြစ်သွားတယ်။




အဲ့ဒီတော့ သူ သင်ယူရမှာတွေ ရှိသေးတယ်၊ ဒါပေမယ့် သူ့ရဲ့ တိုးတက်မှု အပေါ်မှာ ကျေနပ်ပါတယ်၊ ဒီည ခြေစွမ်းရော အသင်းဖော်တွေ အတွက် အကောင်းဆုံး ကြိုးစား ပေးခဲ့တာတွေရော အရမ်းကောင်းတယ်။ သူ ပုံမှန်နေရာ ရနိုင်လား ဆိုရင်တော့ သူ့ရဲ့ တိုးတက်မှု အပေါ် မူတည်ပါတယ်၊ သူ့ရဲ့ အမူအကျင့်တွေ လုပ်အားနှုန်း တွေရော




စောင့်ကြည့်နေတယ်၊ အဓိက ကတော့ စိတ်ဓာတ်ပိုင်း ကောင်းဖို့ပဲ၊ ဒါဆို အားလုံးဖြစ်နိုင်တယ်၊ မြင်တဲ့ အတိုင်းပဲ သူ့မှာ အလားအလာ အရမ်းရှိတယ်၊ တိုက်စစ် ကစားပုံကို စိတ်တိုင်းကျတယ်၊ ပြိုင်ဘက် ခံစစ်ကို ပြိုကွဲအောင် လုပ်နိုင်စွမ်းမျိုး သူ့မှာရှိတယ်၊ နောက်ဆုံး ဆုံးဖြတ်ချက် ကတော့

သူ မှန်မှန်ကန်ကန် လုပ်နိုင်ဖို့ပဲ၊ အဓိကကတော့ စိတ်ဓာတ်ပါ၊ ခံစစ်ကိုလည်း ကူညီနိုင်ပြီး စည်းကမ်း တွေကိုလည်း လိုက်နာရမယ်၊ ဒါဆို သူကြိုးစားသမျှ အရာထင်ပါပြီ။ လို့ ပြောကြားသွား ခဲ့တာပဲ ဖြစ်ပါတယ်။

credit