ဟယ်ရီ မက်ဂွိုင်းယား အပြင် ဘရာဇီးလ် စတားကိုပါ ရောင်းချသွားမယ့် မန်ချက်စတာ ယူနိုက်တက်

0
1632

Manchester United မန်နေဂျာ အဲရစ် တန်ဟက်ဂ် က ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မည့် ဟယ်ရီ မက်ဂွိုင်းယား ရဲ့ အရည်အသွေးကို ယုံကြည်ကြောင်း ပြောဆိုခဲ့‌ပေမယ့် လာမည့် နွေရာသီ အပြောင်းအရွှေ့မှာ အင်္ဂလန် ခံစစ်မှူးကို ရောင်းထုတ်သွားမှာ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။




England လက်ရွေးစင် နည်းပြ ဂါးရက်စ် ဆောက်ဂိတ် ဟာ ဟယ်ရီ မက်ဂွိုင်းယား ကို အသင်းအတွက် ရွေးချယ်ခဲ့ခြင်း အတွက် များစွာ ဝေဖန်မှုများ ရင်ဆိုင်နေရပြီး မန်ချက်စတာ ယူနိုက်တက် မှ ရောင်းထုတ်ခံ ခဲ့ရပါက ခံစစ်မှူး မက်ဂွိုင်းယား ရဲ့ ကစားသမား ဘဝ အတွက် ကြီးမားတဲ့ ထိုးနှက်ချက်




ဖြစ်လာနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့ကြပါတယ်၊ ၎င်းကို ၂၀၁၉ ခုနှစ် ဩဂုတ်လက ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ပေးကာ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် မက်ဂွိုင်းယား ကို သင့်လျော်သည့် ကမ်းလှမ်းမှုမျိုး ရရှိပါက လာမည့် နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ၎င်းကို ရောင်းထုတ် သွားမည် ဖြစ်ကြောင်း ဝယ်စဉ်က




ဈေးမျိုး မရရှိနိုင်ပဲ အရှုံးခံပြီး ရောင်းထုတ် ရမည်ကိုလည်း မန်ချက်စတာ ယူနိုက်တက် က နားလည်နေကြောင်း မက်ဂွိုင်းယား ရဲ့ အပြောင်းအရွှေ့မှ ရသည့် ငွေကို အဲရစ် တန်ဟက်ဂ် က အသင်းအတွက် ကစားသမားသစ်များ ခေါ်ယူရေးမှာ အသုံးပြုမည် ဖြစ်ကြောင်း ဂါးဒီးယန်း သတင်းစာက ဖော်ပြသွားခဲ့တာပါ။ ဟယ်ရီ မက်ဂွိုင်းယား ဟာ




မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပထမ ဦးစားပေး ခံစစ်မှူး မဟုတ်သော်လည်း နိုဝင်ဘာ ၂၁ မှာ အီရန် နဲ့ ကစားရမယ့် အင်္ဂလန်နည်းပြ ဂါးရက်စ် ဆောက်ဂိတ် ရဲ့ အသင်း အတွက် ပွဲထွက် ကစားသမား အဖြစ် ပါဝင်လာ ဖွယ်ရှိနေပြီး Erik Ten Hag က မက်ဂွိုင်းယား ရဲ့ ပရော်ဖက်ရှင်နယ်




ပီသမှုကို လေးစားပေမယ့် လျင်မြန်မှု မရှိခြင်းကို မကြိုက် ဖြစ်နေပြီး နောက်ထပ် ခံစစ်မှူး တစ်ဦးကို အားဖြည့်ဖို့ လိုနေပြီလို့ ယူဆနေပြီး မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးသစ် မာတီနက်ဇ် နှင့် ဗာရန်း တို့ကို ပထမ ဦးစားပေး ခံစစ်အတွဲ ဖြစ်ပြီး အရန် နေရာမှာပင် လင်ဒီလော့ဖ် က မက်ဂွိုင်းယား ထက်




ဦးစားပေး ခံနေရတာကြောင့် မန်ချက်စတာ ယူနိုက်တက် မှာ စတုတ္ထ ဦးစားပေး ခံစစ်မှူး တစ်ဦးသာ ဖြစ်နေရပြီး မက်ဂွိုင်းယား အနေနဲ့ မန်ချက်စတာ ယူနိုက်တက် နှင့် ၂၀၂၆ ခုနှစ်ထိ စာချုပ်သက်တမ်း ရှိပြီး လုပ်ခလစာ အဖြစ် တစ်ပတ် ပေါင် ၁၉၀,၀၀၀ ရရှိနေသူ တစ်ဦး ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ ဟယ်ရီ မက်ဂွိုင်းယား အပြင် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဖရက်ဒ် ကိုလည်း လာမည့် နွေရာသီမှာ ရောင်းထုတ်ရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

credit