မနက်ဖြန် အဝေးကွင်းမှာ ဖူဟမ်ကို ရင်ဆိုင်ရမယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ အဆုံးသတ် ရလဒ်ကို ခန့်မှန်းပေးလိုက်တဲ့ ခရစ်ဆက်တန်
|Manchester United အသင်းဟာ ဒီ အပတ် ပရီးမီးယားလိဂ် မှာ ဖူလ်ဟမ် အသင်းနဲ့ တွေ့ဆုံနေခဲ့ရပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်၊ ကစားမယ့် ပွဲချိန်ကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန် ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနရဲ့
ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန် ကတော့ ဖူလ်ဟမ် အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ယခုလို သုံးသပ် ခန့်မှန်းသွား ခဲ့ပါတယ်။ ခရစ်ဆက်တန်က- Manchester United ပရိသတ်တွေက သူတို့ အသင်းမှာ ဘာဖြစ်နေသလဲ ဆိုတာ အတွက် စိုးရိမ်နေ သင့်ပါတယ်။
အိုးလ်ထရက်ဖိုဒ် နည်းပြ ဘဝ အစောပိုင်း လတွေ အတွက် နည်းပြ အဲရစ် တန်ဟက်ဂ် က ပျော်ရွှင်နေ သင့်ပေမယ့် အက်စတွန် ဗီလာ ပွဲ ရလဒ် အရ သူ ပြဿနာတွေ အားလုံးကို မဖြေရှင်း နိုင်သေးပါဘူး။ ကမ္ဘာဖလား အတွင်းမှာ သူတို့က အသင်းအဖြစ် နောက်တစ်ကြိမ် ပြန်လည် စုဖွဲ့ဖို့
လိုအပ်တယ်လို့ ထင်မိပါတယ်၊ ဆိုစီဒက်နဲ့ ပွဲမှာ အဲရစ် တန်ဟက်ဂ် က မက်ဂွိုင်းယား ကို တိုက်စစ်သမား အဖြစ် သုံးခဲ့သလို အက်စတွန် ဗီလာ ပွဲမှာလည်း ရော်နယ်ဒို ကို အသင်း ခေါင်းဆောင် အဖြစ် တာဝန်ပေး ခဲ့တယ်၊ ဒီရာသီမှာ အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းက အဝေးကွင်းမှာ ၃ ပွဲ တောင်
အရေးနိမ့် ထားခဲ့ပြီး ဒီ တစ်ကြိမ်မှာလည်း အရေးနိမ့်မယ်လို့ ထင်မိပါတယ်။ ၁၀ ယောက်ကျန် မန်စီးတီး ကို ဖူလ်ဟမ် တို့ ကစားခဲ့တာနဲ့ ပတ်သက်လို့ စိတ်ပျက်တယ်လို့ ကျနော် မပြောနိုင်ပါဘူး၊ သူတို့က အီသီဟဒ်မှာ နိုင်ပွဲ ရယူဖို့ ယုံကြည်ချက် မရှိခဲ့တာပါ။ ကိုယ်ရဲ့ အိမ်ကွင်း မှာတော့ အဲ့လိုတွေ
မဖြစ်သင့်ပါဘူး၊ ဘောလုံးရာသီ ယာယီ မရပ်တန့်ခင်မှာ သူတို့က အံ့အားသင့် စရာ လုပ်ပြမယ်လို့ ထင်နေမိပါတယ်၊ လို့ ခရစ်ဆက်တန် က သုံးသပ် ခန့်မှန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်- ဖူလ်ဟမ် 2-2 မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။
credit