ချစ်ဇနီး ခင်လွှမ်း နေထိုင်မကောင်းကြောင်း အသိပေးလာတဲ့ စည်ဖြိုး

0
58

သရုပ်ဆောင် စည်ဖြိုး ကတော့ ကြော်ငြာတွေ ရိုက်ကူးရင်း နာမည်ရ လာခဲ့တဲ့ မင်းသား တစ်ယောက် ဖြစ်ပါတယ်၊ နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တွေကို ရိုက်ကူးလာတဲ့ စည်ဖြိုး ဟာ သီချင်းဆိုတာကိုလည်း ဝါသနာပါသူ တစ်ယောက်ပီပီ သူကိုယ်တိုင် သီဆိုထားတဲ့




သီချင်းတွေကိုလည်း ပရိသတ်တွေဆီ မကြာခဏ မျှဝေပေးတတ်သူ တစ်ယောက်ပါ၊ လက်ရှိ မှာတော့ စည်ဖြိုး ဟာ အနုပညာ အလုပ်တွေထက် မိသားစု အရေးကို ပိုမို ဦးစားပေးနေလျက် ရှိပြီး သာယာတဲ့ မိသားစု ဘဝလေးကို တည်ဆောက် နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့




စည်ဖြိုး က သူ့ရဲ့ဇနီး ခင်လွှမ်းရဲ့ ကျန်းမာရေး အခြေအနေကို ပြောပြလာပါတယ်။ စည်ဖြိုး က- သွေးပေါင်တွေ အရမ်းကျလို့ အလုပ် မလုပ်နိုင်တဲ့ ဇနီး ဖြစ်သူ ခင်လွှမ်း အကြောင်းကို သူ အပေါ်သွေး 80 အောက်သွေး 40 ဖြစ်နေလို့ နှစ်ရက်လောက် နားရပါမယ်၊ အလုပ် လက်ခံထားသူများ




အနူးညွှန့် တောင်းပန်ပါတယ် ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှ တဆင့် အသိပေး ပြောဆိုလာခဲ့တာပဲ ဖြစ်ပါတယ်။ ခင်လွှမ်း ကတော့ ခရီးတွေလည်း သွားပြီး အလုပ်တွေလည်း ဆက်တိုက် ဆိုသလို ဖြစ်သွားခဲ့တာ ကြောင့် သွေးပေါင် ကျပြီး နေထိုင်မကောင်း ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်၊ ခင်လွှမ်း တစ်ယောက် အမြန်ဆုံး နေကောင်း ကျန်းမာပါစေလို့ ဆုတောင်း ပေးလိုက်ပါ တယ်နော်။




credit