England အသင်းဟာ ဘာကြောင့် ရက်ရှ်ဖို့ဒ်ကို ရွေးချယ်ခဲ့ရသလဲ ဆိုတာ အတည်ပြု ဖော်ပြလာတဲ့ The Times သတင်းစာ
|မားကပ်စ် ရက်ရှ်ဖို့ဒ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း၏ နည်းပြ ဝန်ထမ်းများထံမှ အကြံဥာဏ်များ ရရှိပြီးနောက် ယခုရာသီ အတွင်း ၎င်းရဲ့ ဦးတည်ချက် အတွက် လေ့ကျင့်မှုများ ပိုမို လုပ်ဆောင်နေလျှက် ရှိပြီး ဒါကြောင့်ပဲ ရက်ရှ်ဖို့ဒ် ဟာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့
ရွေးချယ်ခြင်း ခံခဲ့ရတာ ဖြစ်ကြောင်း The Times သတင်းစာက အတည်ပြု ဖော်ပြခဲ့ပါတယ်။ The Times က ရက်ရ်ှဖို့ဒ် ဟာ ယူရို 2020 ကတည်းက Three Lions အင်္ဂလန် လက်ရွေးစင် အသင်း အတွက် မကစားရ သေးသော်လည်း အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ မည်သို့ ပါဝင်လာခဲ့ကြောင်း ယခုလို ဖော်ပြသွားခဲ့ပါတယ်။
The Times သတင်းစာ က- သေချာတာကတော့ သူဟာ ဖိုင်နယ်မှာ ပင်နယ်တီ လွဲချော်ခဲ့ပြီး ကြံ့ခိုင်မှု အတွက် တကယ်ကို ရုန်းကန်နေရချိန် ကြားထဲက ထွက်ပေါ်လာခဲ့တာပါ၊ ရက်ရှ်ဖို့ဒ် က လူးဝစ် ဗန်ဂါးလ် လက်ထက်မှာ ပထမဆုံး ပွဲထွက် ကစားလာချိန်မှ စပြီး မန်ချက်စတာ ယူနိုက်တက် မန်နေဂျာများရဲ့
ဆက်ခံမှုအောက်မှာ အထူး ကျွမ်းကျင်တဲ့ နည်းပြခြင်းကို မခံစားခဲ့ရပါဘူး။ ယခု Erik ten Hag လက်ထက်မှာတော့ ၎င်းရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရှာဖွေ တွေ့ရှိပြီးနောက် အကျိုးကျေးဇူးများကို ရရှိနေပါပြီ၊ ဒါပေမယ့် Rashford အနေနဲ့ မကြာခဏ ဆိုသလို အဆုံးသတ် မသေချာမှု အတွက်
ပြင်းပြင်း ထန်ထန် လေ့ကျင့်ရမယ့် အပိုင်းတွေ ရှိနေပါသေးတယ်။ အခုဆို Rashford ဟာ အလုပ်ကြိုးစားပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ဝန်ထမ်းတွေနဲ့ အတူ အချိန်ပို အလုပ်တွေ လုပ်လေ့ ရှိပြီး မကြာသေးမီက သူဟာ ဝက်စ်ဟမ်းနှင့် ပွဲမှာ ကျည်ဆန်လို လျှင်မြန်တဲ့ ခေါင်းတိုက် သွင်းဂိုးကို
သွင်းယူခဲ့ပြီး ဒါဟာ ၎င်းရဲ့ စွမ်းပကား အသစ်ကို သက်သေ အဖြစ် ပြသခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် ဟာ ယခုရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် တစ်ဖက်နှင့် တစ်ဖက် ရှေ့တန်းမှာ ကစားထားပြီး ဘက်စုံ စွမ်းဆောင်နိုင်မှုက ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန် အတွက် ဂုဏ်ဆောင်နိုင်သူ ဖြစ်လာလိမ့်မယ်လို့ The Times ဆိုပါတယ်။
credit