ဇနီးဟောင်း စင်ဒီရဲ့ မင်္ဂလာပွဲကို လက်ရှိ ချစ်ဇနီး မြတ်ရတနာကျော်နဲ့ အတူ ပွဲတက် ဂုဏ်ပြုခဲ့တဲ့ Ah Boy
|အဆိုတော် Ah Boy နဲ့ အဆိုတော် စင်ဒီတို့ ကတော့ တချိန်က လက်ထပ်ခဲ့ကြပြီး ဖောင်းဖောင်း နဲ့ ဂျူဂျူး ဆိုတဲ့ သမီး နှစ်ယောက်ကို မွေးဖွားခဲ့ကြသူတွေ ဖြစ်ပါတယ်၊ AhBoy နဲ့ စင်ဒီ တို့ဟာ တရားဝင် ကွာရှင်း ပြတ်ဆဲပြီးတဲ့ နောက် Ah Boy ကလည်း သရုပ်ဆောင် မြတ်ရတနာကျော် နဲ့ လက်ထပ်ခဲ့ပြီး
စကားလတ်ဖြိုးထွန်း နဲ့ ဂျေဒန်ဖြိုးထွန်း ဆိုတဲ့ သားသမီး နှစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်၊ မြတ်ရတနာကျော် ကလည်း Ah Boy ရဲ့ သမီးကြီး နှစ်ယောက်နဲ့ အဆင်ပြေပြေ ရှိသလို နှစ်ဖက် မိသားစုဟာလည်း ပြေလည်စွာ ရှိကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာတော့
စင်ဒီဟာ သူမရဲ့ ချစ်သူနဲ့ အတူတူ လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်၊ စင်ဒီရဲ့ မင်္ဂလာပွဲကို AhBoy က သူ့ရဲ့ ဇနီး မြတ်ရတနာကျော် နဲ့ အတူတူ တက်ရောက်ခဲ့ပြီး စင်ဒီ အတွက် Big congratulations to this beautifulcouple. Wishing you guys a wonderfuljourney and fun-filled future ဆိုပြီး
ဆုတောင်းစကားလေး ပြောခဲ့ပါသေးတယ်။ Ah Boy နဲ့ စင်ဒီ တို့က တချိန်က ပတ်သက်ခဲ့ဖူးသူတွေ ဖြစ်ပေမယ့် အခုချိန်မှာ ရင်းနှီးတဲ့ မိတ်ဆွေတွေ အဖြစ် ဆက်လက် ရှိနေဆဲပဲ ဖြစ်ပါတယ်၊ စင်ဒီ တစ်ယောက်လည်း ချစ်တဲ့သူနဲ့ လက်ထပ်ပြီး သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။
credit