အဝေးကွင်းမှာ ဖူဟမ်ကို ဂိုးပြတ် အနိုင်ယူဖို့ လူငယ်ကြယ်ပွင့် အချို့ကိုပါ ခေါ်ဆောင်သွားတဲ့ Ten Hag

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ဖူလ်ဟမ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ဖို့ ရှိနေပြီး ထိုပွဲစဥ် အတွက် နည်းပြ အဲရစ် တန်ဟက်ဂ် ခေါ်သွားတဲ့ လူစာရင်းထဲမှာ ခရစ္စတီယာနို ရော်နယ်ဒို အပါအဝင် ကြယ်ပွင့် ကစားသမား တချို့ မပါဝင်သွားခဲ့ပါဘူး။




မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေဟာ စနေနေ့ နေ့လည်ပိုင်း ကတည်းက လန်ဒန်ကို ထွက်ခွာသွားတာ ဖြစ်ပြီး ထို လူစာရင်းထဲမှာ ရော်နယ်ဒို၊ အန်တိုနီ နဲ့ ဆန်ချို တို့ မပါဝင်ဘူးလို့ သိရပါတယ်၊ ရော်နယ်ဒို ကတော့ အဖျားရှိနေလို့ ဖြစ်ပြီး အန်တိုနီ က တင်ပါး ဒဏ်ရာ၊ ဆန်ချို ကလည်း အဖျားကြောင့် မကစားနိုင်တာ ၁ဝ ရက်လောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။




ဒီ သုံးယောက်လုံး ဟာ ကြာသပတေးနေ့က အက်စတွန် ဗီလာကို 4-2 နဲ့ နိုင်တဲ့ ကာရာဘောင်း ဖလား ပွဲစဥ်မှာလည်း မပါဝင်နိုင်ခဲ့ ကြပါဘူး။ သူတို့ သုံးယောက် အပြင် အဲရစ် တန်ဟက်ဂ် ရဲ့ ဦးစားပေး ညာ အစွန်သမား ဒီယေဂို ဒါလော့ ကလည်း ပွဲပယ် ခံထားရပါတယ်၊ ဒီရာသီ လေးမိနစ်သာ ကစားရသေးတဲ့ ဝမ်ဘစ်ဆာကာ ကလည်း ဒဏ်ရာကြောင့် ဒီပွဲကို လွဲဦးမှာပါ။




ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် ညာ အစွန်နေရာ မှာ လင်ဒီလော့ဖ် ဝင်ကစားဖွယ် ရှိပြီး ဗဟိုခံစစ်မှာ မာတီနက်ဇ် နဲ့ အတူ မက်ဂွိုင်းယား ကို တွဲဖက် ပွဲထုတ်ဖွယ် ရှိနေပါတယ်။ မန်ချက်စတာ ယူနိုက်တက် အတွက် ဒီရာသီ ပွဲထွက် မကစားရသေးတဲ့ လူငယ် ကွင်းလယ်သမား Zidane Iqbal လည်း လန်ဒန်ကို သွားတဲ့ လူစာရင်းမှာ ပါဝင်သွားခဲ့ ပါတယ်။




ဖူလ်ဟမ် နဲ့ ပွဲစဉ် အတွက် လိုက်ပါသွားတဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်း ကတော့ –

goalkeeperd : David De Gea, Martin Dubravka, Nathan Bishop တို့ ဖြစ်ပြီး




defenders : Harry Maguire, Lisandro Martinez, Victor Lindelof, Luke Shaw, Tyrell, Malacia တို့ ဖြစ်ပါတယ်။

midfielders : အနေနဲ့တော့ Casemiro, Christian Eriksen, Bruno Fernandes, Fred, Scott McTominay, Donny van de Beek, Zidane Iqbal ပါဝင်ခဲ့ကာ




attackers : ကတော့ Anthony Martial, Marcus Rashford, Alejandro Garnacho, Antony, Elanga, Shola Shoretire တို့ပဲ ဖြစ်ပါတယ်။

credit