မန့်ပိတ်ပြီး မိန်းကလေး တစ်ယောက်ကို ပြစ်ပြစ်နှစ်နှစ် ပြောလို့ အောက်တန်းကျတယ် ဆိုပြီး Screenshot နဲ့ တကွ နေဒွေး အကြောင်းကို ဖော်ပြလာတဲ့ ခြူးစစ်ဟန်

0
41

Miss Golden Land Myanmar 2015 ရဲ့ Miss Face of Beauty Myanmar Winner ဆုရှင်လည်း ဖြစ် Myanmar Idol သီချင်းဆို ပြိုင်ပွဲမှာလည်း ပါဝင် ယှဉ်ပြိုင်ဖူးခဲ့သူ ဖြစ်ပါတယ်၊ အခုဆိုရင် ခြူးစစ်ဟန် ဟာ အဆိုတော် တစ်ယောက် အဖြစ် ရပ်တည်နေသလို သရုပ်ဆောင် တစ်ယောက် အဖြစ်လည်း




အနုပညာ လှုပ်ရှားမှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်၊ ဒီကနေ့ မှာတော့ ခြူးစစ်ဟန် က သူနဲ့ ပြဿနာ ဖြစ်နေတဲ့ သရုပ်ဆောင် နေဒွေး နဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်တွေကို ဖွင့်ဟလာပါတယ်၊ ခြူးစစ်ဟန် က နေဒွေး ရဲ့အင်တာဗျူး ဗီဒီယို တစ်ခုကို Share ပြီး သရော်ခဲ့မိတာ ကြောင့် နေဒွေး ရဲ့ပြောဆိုခြင်းကို ခံခဲ့ရပြီး သူမ ဘက်ကလည်း




ဟိုဘက်က ဘဒို ပွဲ ရှာနေတာလား သူများကို မဟုတ်တာ ပြောချင်ရင် နောက်ကြောင်းလေးတွေ အရင်စုံစမ်းပြီးမှ ပြောနော်၊ ကိုယ်တွေက အစကထဲက ဘယ်သူ သေးသေးတင်တာမှ မခံနိုင်လို့၊ သန့်သန့်လေးကို နေနေတာ ပါ်ပင်မှာ ပျော်ရွှင်တတ်တဲ့ သူထဲမပါလို့ ပွဲရှာနေတဲ့ သူတွေကို ပွဲ မဖြစ်စေချင်လို့




မီဒီယာတွေ အရည်မရ အဖက်မရ လာဗျူးမဲ့ ဒဏ်တွေ၊ ဘယ်သူ့ အတွက်မှလဲ အကျိုး ဖြစ်ထွန်းတာတွေ မပါလို့ ကိုယ်တွေ ကတော့ ဝေါင်ဝေါင်ရှေး ပါတယ်ရှင်၊ ကျေးဇူး ဘယ်သူက ဘာကောင်ကြီး ဆိုတာ လူတိုင်းသိပြီးပဲ လေနော်၊ မန့်ပိတ်ပြီး မိန်းကလေး တစ်ယောက်ကို မှိုချိုးမြှစ်ချိုး ပြောနေတာ မြင်တော့ ပိုရွံ့သွားသေးတယ်၊ ကိုယ်မြင်တာ မဟုတ်ဘူး။




သူများတွေ လာပြတာ ဒါလား စီနီယာ အနုပညာသမား လေးစားစရာ စောက်ကြောင်း တစ်စက်မှကို မရှိတာ ယောကျာ်း ပါးစပ်တဲ့ ကြည့်ကြအုန်း ရွံ့လိုက်တာ ငါ့အ ကြောင်းတောင် သေချာမသဘဲ ငါ့ကို လာ ဘလိန်းချင်သေး နင်ကမှ OTS အစစ်ဆိုပြီး သူမ အကြောင်းကို cmt မန့်တဲ့ နေဒွေး အကြောင်းကို Screenshot နဲ့ ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။




ဒါ့အပြင် ခြူးစစ်ဟန် က ဒီနေ့ဒီကိစ္စနဲ့ ပက်သက်ပြီး နောက်ဆုံး ပိုစ့်တင်ခြင်းပါ၊ ခြူးစစ် အကြောင်းသိသူတွေ ကောင်းကောင်း သိကြပါတယ်၊ ခြူးစစ် ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကိုယ် တင်ဆီးပြီး အပေါ်စီးက ဘယ်သူ့ကိုမှ မဆက်ဆံခဲ့ဖူးဘူး၊ အခုလဲ ကိုယ်က အနုပညာရှင်ကြီး မဟုတ်နေ‌ပေမဲ့ အနုပညာ အလုပ်လုပ် နေတဲ့သူ တစ်ယောက် ဆိုတာ မှန်ပင်မဲ့




ကိုယ့်ကိုယ်ကိုယ် သာမန် လူတစ်ယောက်လိုပဲ ဟာသတွေ မြင်ရင် ရှယ်မယ်၊ ရီမယ်၊ အပျော်သဘောမျိုးပါပဲ၊ ပြီးရင်လဲ ငါးမိနစ်တောင် မကြာဘူး ပြန်ဖျက်တာ အားလုံး သိတဲ့သူ သိကြပါလိမ့်မယ်၊ အခုလဲ ခြူးစရှဲခဲ့တာ မှန်ပင်မဲ့ ခြူးက သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားထားတာ ဘာတစ်ခုမှ မရှိခဲ့ဘူး၊ အခုတော့ သူ့အဆင့် ဘာအဆင့်လဲ အခုမှ ပိုသိသွားတော့တယ်။




မိန်းကလေး တစ်ယောက်ကို မန့်ပိတ်ပြီး ပြစ်ပြစ်နစ်နစ် ပြောနေလိုက်တာများ ရစရာမရှိ ယောကျာ်း ဖြစ်ပြီး သိပ်အောက်တန်း ကျပြီး သိပ်ကို ရွံ့စရာကောင်းလိုက်တာ၊ ဒဲ့ရွံတယ်ရှင် ဒီလောက်ပါပဲ၊ ခြူးစစ်ကို ချစ်ကြသူတွေ အားလုံး NF မှာ စိတ်အနှောက်ယှက် ဖြစ်ကုန်ရင် တောင်းပန်ပါ တယ်ရှင့်လို့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

credit