လူငယ် ကစားသမားလေးကို ကာကွယ်ပေးရမယ့် အစား ချောက်ချစကား ဆိုခဲ့တယ်လို့ ဘရူနို ကို ပြောဆိုလိုက်တဲ့ ဒါရင်းဘန့်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာ အသင်းရဲ့ ကြယ်ပွင့် ဂါနာချို ကို ဘတ်စ်ကား အောက်ထဲ တွန်းပို့တဲ့ လုပ်ရပ်မျိုး လုပ်ခဲ့တယ်လို့ ပရီးမီးယားလိဂ် ဝါရင့် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် က ဝေဖန် ပြောကြားခဲ့ပါတယ်။




ဒါကတော့ ဂါနာချို နဲ့ ပတ်သက်လို့ ဘရူနို ဖာနန်ဒက်စ် ရဲ့ ပြောစကား အပေါ် ရည်ရွယ်ပြီး ဝေဖန်ခဲ့တာပါ၊ ဂါနာချို ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ခံယူချက် ပြဿနာကြောင့် အသင်းရဲ့ ခြေစမ်းပွဲတွေမှာ ပါဝင် ကစားခွင့် မရရှိခဲ့ကြောင်း ဘရူနို ဖာနန်ဒက်စ် က ပြောကြားခဲ့ပြီး




အခုချိန် မှာတော့ အဆိုပါ အာဂျင်တီးနား လူငယ်ကြယ်ပွင့်က အကောင်းဆုံး ပြုပြင်ပြောင်းလဲ နေကြောင်း သုံးသပ်ခဲ့ပါတယ်၊ ဂါနာချို ဟာ နောက်ပိုင်း ပွဲတွေမှာ အဲရစ် တန်ဟက်ဂ် ရဲ့ ကစားသမား စာရင်းမှာ မကြာခဏ အသုံးပြုခံ နေရပါတယ်။




ဒီလိုမျိုး ဘရူနို ဖာနန်ဒက်စ် ရဲ့ ပြောစကားနဲ့ ပတ်သက်လို့ ဒါရင်းဘန့်က ဘရူနို ဖာနန်ဒက်စ် အဲ့ဒီလိုမျိုး ပြောသွားတာ ကိုတော့ ကျနော် တော်တော်လေး သဘောမကျပါဘူး၊ ခင်ဗျားက အသင်းခေါင်းဆောင် တစ်ယောက် အနေနဲ့ မီဒီယာတွေနဲ့




စကားပြောတဲ့ အခါမှာ လူငယ် ကစားသမားတွေနဲ့ ပတ်သက်ပြီး ဂရုစိုက်ရမှာပါ၊ ဂါနာချို က ရေရှည် အတွက် အလားအလာကောင်းတွေ ရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက အခုချိန်မှာလည်း ပုံစံကောင်းတွေ ပြသနေလို့ပါ၊ လူတွေရဲ့ စိတ်ထဲမှာ




ဂါနာချို နဲ့ ပတ်သက်လို့ တခုခု အနှောင့်အယှက် ဖြစ်စရာ အကြောင်းမျိုး ခင်ဗျား ဖန်တီးပေးစရာ မလိုပါဘူး၊ အခုဆိုရင် ဂါနာချို သာ အသင်းကနေ ချန်လှပ် ခံရရင် ဒါမှမဟုတ် ကိစ္စတခုခု ဖြစ်ခဲ့ရင် ဘရူနို ပြောသလိုမျိုး ခံယူချက် ကိစ္စကြောင့်ပဲလား ဆိုပြီး

လူတွေက ပြောတော့မှာပါ၊ ဘရူနို ဖာနန်ဒက်စ် အနေနဲ့ လူငယ် ကစားသမားတွေကို ကာကွယ်ပေးဖို့ လိုအပ်ပါတယ်၊ သူတို့လေးတွေကို ဘတ်စ်ကားအောက် တွန်းပို့လိုက်သလို၊ ပစ်ထည့် လိုက်သလိုမျိုး လုပ်လို့မရနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လူငယ် ကစားသမားတွေ အတွက် အခုမှ အစပဲ ရှိသေးတာပါလို့ ဝေဖန် ပြောကြားသွား ခဲ့ပါတယ်။

credit