အချိန်ပို မိနစ်မှာ အဖိုးတန် အနိုင်ဂိုးနဲ့ အဝေးကွင်းမှာ မန်ယူ ဘာလဲ ပြသသွားတဲ့ ဖူလ်ဟမ် 1-2 မန်ချက်စတာ ယူနိုက်တက် ပွဲပြီးသုံးသပ်ချက်

0
202

ဖူလ်ဟမ် နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ကတော့ ဒုတိယ ပိုင်းမှာ ဖူလ်ဟမ် ရဲ့ ကောင်းမွန်တဲ့ တုံ့ပြန်မှုကြောင့် အကြိတ်အနယ် ရှိခဲ့ပြီး နောက်ဆုံး အချိန်ထိ ဘယ်အသင်း အနိုင်ရမလဲ ဆိုတာ ရင်တမမ ဖြစ်နေခဲ့ ရပါတယ်၊ ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အဲရစ်ဆန် ရဲ့




သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲစဥ်ကိုလည်း လွှမ်းမိုးထားနိုင်ခဲ့ပါတယ်၊ ဒါကြောင့် လန်ဒန်မှာ သူတို့တွေ နိုင်ပွဲရဖို့က ဖြောင့်ဖြူးနေခဲ့ ပေမယ့် ဒုတိယပိုင်းမှာ ဖူလ်ဟမ် ဆီက မာကျောတဲ့ တုံ့ပြန်မှုက မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ဖိအားတွေ တိုးစေခဲ့ပါတယ်၊ အဲရစ်ဆန် ကတော့ ၁၉၉၅ မှာ




မန်ချက်စတာ ယူနိုက်တက် အတွက် ဒိန်းမတ် ဂိုးသမားကြီး ရှမိုက်ကယ် က ဂိုးသွင်းပေးပြီး နောက်ပိုင်း ပရီးယားလိဂ် သွင်းဂိုးရတဲ့ ပထမဆုံး ဒိန်းမတ်သား ဖြစ်လာခဲ့ပါတယ်၊ အဲရစ်ဆန် က မန်ချက်စတာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို ဖာနန်ဒက်စ် ရဲ့ ဖန်တီးပေးမှုက တဆင့် အနီးကပ် ပိတ်သွင်းယူ ခဲ့တာ ဖြစ်ပါတယ်၊ ဒါကြောင့်လည်း




မန်ချက်စတာ ယူနိုက်တက် တို့ ဦးဆောင်နိုင်ခဲ့ပြီး အနိုင်ရဖို့ အခွင့်အရေးလည်း များပြားလာခဲ့ပါတယ်။ ထင်မှတ် မထားတာက ဒုတိယပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဒန်နီရယ်ဂျိမ်းစ် ကို ဖူလ်ဟမ် က လူစားထည့်လိုက်ပြီး ချိန်မှာပါ၊ ကွင်းထဲရောက်ပြီး ပထမဆုံး ထိချက်မှာပဲ




ဒန်နီရယ်ဂျိမ်းစ် က အသင်းဟောင်း ဘက်ကို ဂိုးပြန်သွင်းခဲ့ပြီး ဖူဟမ် အတွက် ချေပပေးခဲ့ပါတယ်၊ ဖာနန်ဒက်စ် ဘောလုံးလိုက်ဆယ်ပြီး မထိန်းသိမ်း နိုင်ရာကနေ ဖူလ်ဟမ် က ဘောလုံးရသွားပြီး တန်ပြန် တိုက်စစ်ကို ချက်ချင်း စတင်ကာ ချေပဂိုးရ သွားခဲ့တာ ဖြစ်ပါတယ်၊ အဲဒီမတိုင်ခင် ကတည်းက ဖူလ်ဟမ် အသင်းဟာ ဆက်တိုက် ဖိကစားနေပြီး




ဒီဂီယာရဲ့ အံ့အားသင့်ဖွယ်ရာ ကာကွယ်မှု တွေကြောင့်သာ ချေပဂိုး မရခဲ့တာပါ၊ ဒါပေမယ့် ဒန်နီရယ်ဂျိမ်းစ် ရဲ့ အနီးကပ် ပိတ်သွင်းချက် ကိုတော့ မတားဆီးနိုင်ခဲ့ဘဲ ဂိုးပေးလိုက် ရပါတယ်၊ ချေပဂိုးရပြီး နောက်မှာလည်း ဖူလ်ဟမ်ကပဲ အသာစီးနဲ့ ဆက်ကစားခဲ့ပြီး အနိုင်ဂိုးရဖို့ အားထုတ်လာလို့ မန်ချက်စတာ ယူနိုက်တက် တို့ တော်တော်လေး အခက်တွေ့ခဲ့ရပါတယ်။




မန်ချက်စတာ ယူနိုက်တက် တို့ အနိုင်ဂိုး ရဖို့ထက် အနိုင်ဂိုး မပေးရအောင် မနည်း ကစားခဲ့ရပြီး ဖူလ်ဟမ် ရဲ့ လျင်မြန်တဲ့ တိုက်စစ် ကစားပုံတွေက တော်တော်လေး ထိရောက်ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကံကောင်းခဲ့ တာကတော့ လူစားဝင်လာတဲ့ ဂါနာချို က နာကျင်အချိန်ပိုမှာ အဲရစ်ဆန် ရဲ့

ဖန်တီးပေးမှု ကနေ အနိုင်ဂိုး သွင်းပေးနိုင်ခဲ့တာပါ၊ အာဂျင်တီးနား လူငယ်လေး ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဆက်တိုက် ကယ်တင်ပေးနေပြီး အဖိုးတန် ၃ မှတ် ရရှိအောင်ပါ စွမ်းဆောင်ပေး သွားခဲ့တာ ဖြစ်ပါတယ်။

credit