ကစားသမားတွေ အပါအဝင် နည်းပြ၊ နည်းပြဟောင်း မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူများကပါ သူ့ကို သစ္စာဖောက်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ရော်နယ်ဒို
|မနေ့ညက ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပါဝင်နိုင်ခြင်း မရှိခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူး တစ်ခု ပြုလုပ်ရင်းနဲ့ ဒီနှစ် ဘောလုံးရာသီ အတွင်း သူ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခြေအနေတွေ အကြောင်းကို
ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒို ဟာ ဒီနှစ်ရာသီ အစကနေ လက်ရှိ အချိန်ထိ သူ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေနဲ့ စပ်လျဉ်းပြီး အသင်းအကြောင်း
အသင်းနည်းပြ အကြောင်း၊ နည်းပြဟောင်းအကြောင်း၊ အသင်းဖော် ဟောင်းတွေရဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဆို သွားခဲ့ပါတယ်၊ ရော်နယ်ဒို က သူရဲ့ လက်ရှိကလပ် မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သတ်ပြီး ပြောဆိုရာမှာ အသင်းမှာ ရှိနေတဲ့ သူတွေ အားလုံးက သူ့ကို ဝိုင်းပြီး သစ္စာဖောက်တယ် ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲ ပြောဆိုသွားခဲ့ပါတယ်။
ကျွန်တော့်ကို သစ္စာဖောက်တယ်လို့ ခံစားမိပါတယ်၊ နည်းပြသာ မကပဲ အသင်း တာဝန်ရှိသူတွေ အဖြစ် လုပ်ကိုင်ဆောင်ရွက် နေကြတဲ့ လူ နှစ်ဦး သုံးဦး ကပါ ဒီလို လုပ်ဆောင်ခဲ့ ကြပါတယ်၊ လူတွေက အမှန်တရားကို ကြားသင့်ပါတယ်၊ တချို့လူတွေက ကျွန်တော့်ကို ဒီမှာ မရှိစေချင်ကြပါဘူး။
ဒါက ဒီနှစ်မှ မဟုတ်ဘူး၊ ပြီးခဲ့တဲ့နှစ် ကတည်းက ကျွန်တော့်ကို အသင်းမှာ မရှိစေချင်ခဲ့ကြတာပါ။ အသင်း တာဝန်ရှိသူတွေ ကျွန်တော့်ကို တွန်းထုတ်ဖို့ ကြိုးစားနေခဲ့တယ်၊ ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို ကျွန်တော် မသိဘူး၊ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားပြီး ကတည်းက အသင်းမှာ ဘာတိုးတတ်မှု အရိပ်အယောင်မှ မရှိခဲ့သလိုပဲ။
သူတို့က အားကစား ဒါရိုက်တာ ရန်းနစ်ကို အသင်းဆီ ခေါ်ဆောင်တယ်၊ သူက နည်းပြ တစ်ဦးတောင် မဟုတ်ဘူး၊ မန်ချက်စတာ ယူနိုက်တက် လို အသင်းကြီး တစ်သင်းက အသင်းနည်းပြ ရာထူး အတွက် အားကစား ဒါရိုက်တာ တစ်ဦးကို ခေါ်ယူခဲ့ခြင်းကို ကျွန်တော် တစ်ယောက်တည်း အံ့အားသင့်ခဲ့တာ မဟုတ်ဘူး၊ အားလုံးနီးပါး
အံ့အားသင့်ခဲ့ကြတာပါ။ လို့ရော်နယ်ဒို က အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်၊ ဒီပြောဆိုမှု တွေကြောင့် ရော်နယ်ဒို ဟာ လာမယ့် ဆောင်းဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ သေချာပေါက် လမ်းခွဲရဖွယ် ရှိလာနိုင်ပြီး အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့သွား ရနိုင်ပါတယ်။
credit