အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ကို မဖြစ်မနေ ခေါ်ရမယ်လို့ ဆိုလိုက်တဲ့ ပီယာစ့် မော်ဂန်

ယနေ့ နံနက် အစောပိုင်းမှာ ထွက်ပေါ် လာတဲ့ ပီယာစ့် မော်ဂန် နဲ့ ရော်နယ်ဒို ရဲ့ အင်တာဗျူး အပိုင်းအစ အချို့ဟာ ဘောလုံး ပရိသတ်တွေ အကြား အကြီးအကျယ် ဂယက်ရိုက် သွားခဲ့ပါတယ်၊ ပေါ်တူဂီ လက်ရွေးစင် ဟာ ဗြိတိန်ရုပ်သံ အစီအစဉ် တင်ဆက်သူ မော်ဂန် နဲ့ မိနစ် ၉၀ ကြာ အင်တာဗျူး ပြုလုပ်ခဲ့တာ ဖြစ်ပြီး အင်တာဗျူး အပြည့်အစုံကိုတော့




ဒီတစ်ပတ် နှောင်းပိုင်းမှာ ထုတ်လွှင့် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု လက်တစ်လော မှာလည်း video clips အတိုလေးတွေ quote တွေ အများအပြား ထွက်ပေါ် နေခဲ့ပြီ ဖြစ်ပါတယ်၊ ထွက်ပေါ် လာတဲ့ အင်တာဗျူး အပိုင်းအစတွေမှာ ရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေကို အကြီးအကျယ် ဝေဖန်ခဲ့သလို နည်းပြ အဲရစ် တန်ဟက်ဂ် ကို




လေးစားမှု မထားနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်၊ ဒါတင် မကသေးပါဘူး။ အသင်းဟာ သူ့အပေါ် သစ္စာဖောက်ခဲ့ကြောင်း ဆိုခဲ့ပြီး အသင်းဖော်ဟောင်း ရွှန်းနီရဲ့ ဝေဖန်မှုတွေကိုလည်း ပြန်လည် တုန့်ပြန်ခဲ့ပါတယ်၊ အာဆင်နယ် ပရိသတ် တစ်ဦး ဖြစ်သလို ရော်နယ်ဒို ရဲ့ အမာခံ ပရိသတ်တစ်ဦးလည်း ဖြစ်တဲ့ မော်ဂန်ကတော့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ပြီးသွားရင်




မန်ချက်စတာ ယူနိုက်တက် မှာ ဆက်ရှိဖို့ အခွင့်အရေး နည်းပါးကြောင်း ဆိုပါတယ်။ အဆိုပါ အင်တာဗျူး ထွက်ပေါ် အပြီးမှာ Paul Colgan ဆိုတဲ့ စီးပွားရေး အကြောင်း ကျွမ်းကျင်သူ တစ်ဦးက မော်ဂန် ဟာ ရော်နယ်ဒိုကို အာဆင်နယ် အသင်းထံ ရောက်စေချင်နေကြောင်း ပြေးကြည့်စရာ မလိုပဲ တွေးကြည့်တာနဲ့ သိနိုင်ကြောင်း ရေးသားခဲ့ပါတယ်။ Paul Colgan ရဲ့




ရေးသားမှုကို မောဂန် ကလည်း ဒါပေါ့ဗျာ ခင်ဗျားပြောတာ ဟုတ်ပါတယ်၊ ရော်နယ်ဒို က ကျွန်တော်တို့ သေချာပေါက် လိုအပ်နေတဲ့ ကစားသမားမျိုးပါ၊ ရော်နယ်ဒို – ဂျေးဇု တို့ နှစ်ဦးကအာဆင်နယ် အသင်း အမှတ်ပေး ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေး နိုင်ကြမယ့် သူတွေပါလို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ အာဆင်နယ် ပရိသတ်တွေ ကတော့ မော်ဂန် နဲ့




ဆန့်ကျင်ဘက် ဆန္ဒသာ ရှိနေကြပြီး ပရိသတ် တစ်ဦးက သူက အာတီတာ ထက် ပို ပုံရိပ်ကြီးနေသူပါ၊ ကျွန်တော်တို့သာ သူ့ကို ခေါ်လိုက်ရင် ထိပ်ဆုံး ၁၀ သင်း ပြင်ပကို ရောက်သွားပါလိမ့်မယ်၊ မဖြစ်ပါဘူးဗျာ၊ အသင်း ဒုက္ခရောက် သွားပါလိမ့်မယ်။ အခြား ပရိသတ် တစ်ဦးကလည်း မစ္စတာ ပီယာစ့်ရေ ခင်ဗျား သိထားရမှာက အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလား ရဖို့ ရော်နယ်ဒိုကို မလိုအပ်ဘူး ဆိုတာပါ။




ကလပ် အသင်းအပေါ် လေးစားမှု ရှိဖို့က အဓိက ကျသလို အသင်းအတွင်း ပြဿနာတွေကို အပြင် မထုတ်တာ ကလည်း အရေးကြီးပါတယ်၊ အာဆင်နယ် က ရော်နယ်ဒို မရှိလည်း ကောင်းနေပြီးသား အသင်းပါ။ နောက်ထပ် ပရိသတ်တွေကလည်း ရော်နယ်ဒို ကို အာဆင်နယ် အသင်းမှာ မလိုအပ်ကြောင်း ရေးသားထားကြပြီး အသင်းဟာ လူငယ်တွေ နဲ့ တည်ဆောက်နေတဲ့ အသင်း ဖြစ်ကြောင်း တုန့်ပြန် ရေးသားထားကြပါတယ်။

credit