မန်ချက်စတာ ယူနိုက်တက် ကို ရှုံးဖို့ မထိုက်တန်ကြောင်း ရှင်းပြလာတဲ့ ဖူလ်ဟမ် နည်းပြ
|ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗား က မန်ချက်စတာ ယူနိုက်တက် အသင်းကို ကရာဗန် ကော့တေ့ချ် ကွင်းထဲမှာ 1-2 ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ် အပြီးမှာ သူတို့ အသင်းဟာ ရှုံးနိမ့်ဖို့ ထိုက်တန်တယ်လို့ မယုံကြည်မိကြောင်း ထုတ်ပြော သွားခဲ့ပါတယ်။
ဒီပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲရစ်ဆင် ရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ပထမပိုင်းကို ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဒုတိယပိုင်းမှာ ဒန်နီယယ် ဂျိမ်းစ် ကြောင့် ဖူလ်ဖမ်တို့ ခြေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။
ဒီနောက် နှစ်ဘက် အသင်းဟာ အခွင့်အရေးကောင်း အချို့ကို ကိုယ်စီ ပိုင်ဆိုင်ခဲ့ကြပေမယ့် ဂိုးသမားတွေ လက််စွမ်းကောင်း ပြသ နိုင်ခဲ့တာကြောင့် ဂိုးမရ ဖြစ်ခဲ့ကြပါတယ်၊ အဲ့ဒီထဲမှာ ဒီဂီယာ ရဲ့ အသည်းအသန် ကာကွယ်မှုတွေက မန်ချက်စတာယူနိုက်တက် အတွက် အရေးပါခဲ့ပါတယ်။
အဲ့ဒီနောက် မန်ချက်စတာ ယူနိုက်တက် အတွက် လူစားဝင် ကစားပေးခဲ့တဲ့ လူငယ် တိုက်စစ် ကစားသမားလေး အလက်ဇန္ဒရို ဂါနာချို က နာကျင်ချိန်ပို 3 မိနစ် မှာ အသင်းအတွက် လိုအပ်တဲ့ သွင်းဂိုး သွင်းယူပေးရင်း အဖိုးတန် နိုင်ပွဲ ရှာဖွေ ပေးသွားခဲ့ပါတယ်။
အခြား တဘက်မှာတော့ အိမ်ရှင် ဖူလ်ဟမ် အတွက် နှစ်ပွဲဆက် နာကျင်ချိန်ပို မိနစ်မှာ ရှုံးနိမ့်ခြင်း ဖြစ်သွားခဲ့ရပါတယ်၊ သူတို့ ရှုံးနိမ့်ခဲ့ရတာ မန်ချက်စတာသားတွေချည်း ဖြစ် နေခဲ့ပါတယ်၊ အခုတော့ မာကို ဆေးလ်ဗား က သူ့ရဲ့ စိတ်ပျက်မှုကို ထုတ်ပြောလိုက် ပါတယ်။
ဟုတ်တာပေါ့ တကယ့်ကို ခံစားရ ခက်စေပါတယ်၊ 7 ရက်လအတွင်း နောက်ကျ ပေးဂိုးနဲ့ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ရတယ်လေ ထို့အတူ ကျွန်တော်တို့ အမှတ်ပေး ဇယားမှာ အမှတ်စုဆောင်းခွင့် ဆုံးရှုံးခဲ့ကြတယ်၊ ဒီပွဲတွေမှာ ကျွန်တော်တို့ ကစားပုံတွေ ကောင်းခဲ့ပါတယ်။
မန်စီးတီးနဲ့ ပွဲစဥ်ထက်တော့ ခြားနားတယ်လို့ ထင်မိပါတယ်၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ဒီပွဲမှာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တယ်လို့ ခံစားရလို့ပါ၊ ကျွန်တော်တို့ ကွင်းထဲမှာ ဒီထက် ပိုကောင်းတဲ့ ရလဒ် ရခဲ့သင့်တယ်၊ ပြီးခဲ့တဲ့ တစ်ပါတ်ကတော့ အနည်းငယ်် ခြားနားခဲ့တယ်။
ဒီပွဲ စတင် ကတည်းက ကျွန်တော်တို့ ကြိုစားခဲ့ကြတဲ့ ပုံစံ ကစားခဲ့ကြတဲ့ ပုံစံ ကောင်းမွန်ခဲ့ပြီး ဒုတိိယပိုင်းမှာ ပိုကောင်းခဲ့တယ်၊ ပထမပိုင်း ပြီးတည််းက ကျွန်တော်တို့ အချို့အရာတွေမှာ ဒီထက်ပို လုပ်ပြနိုင်သင့်တယ်လို့ ပြောခဲ့ပါသေးတယ်။
ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းရုံသာ ကောင်းခဲ့ပြီး အကောင်းဆုံး မဖြစ်ခဲ့ကြဘူး၊ ကျွန်တော်တို့ ဒုတိယပိုင်း ကစားပုံက ပထမပိုင်းထက် အပုံကြီး ပိုကောင််းခဲ့ပါတယ်၊ ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့သလို အခွင့်အရေးတွေ ဖန်တီးရင်း ခြေပဂိုး သွင်းယူနိုင်ခဲ့တယ်။
ကျွန်တော်တို့ ကောင်လေးတွေက ဒီလို ရလဒ်မျိုးနဲ့ မထိုက်တန်ခဲ့ ကြဘူးလို့ ထင်မိပါတယ်၊ ကျွန်တော်တို့ ပရိိသတ်တွေ ရောပေါ့ဗျာ သူတို့က ကျွန်တော်တို့ကို အမြဲတမ််း အကူအညီ ပေးခဲ့ကြသူတွေ ပါပဲလေ လို့ မာကို ဆေးလ်ဗား က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်။
credit