ပေါ်တူဂီ အသင်းနဲ့ လေ့ကျင့်မှုများ စတင်ရာမှာ ရော်နယ်ဒိုက နှုတ်ဆက်ပေမယ့် ဝတ်ကျေတန်းကျေသာ တုန့်ပြန်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်

0
150

ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက်ကစားဖို့ အတွက် ပေါ်တူဂီ ကတော့ သူတို့ရဲ့ ကစားသမားတွေကို စုစည်းထားခဲ့ပြီ ဖြစ်ပါတယ်၊ အပြီးသတ် လူစာရင်းမှာ ပါဝင်လာခဲ့တဲ့ ကစားသမား ၂၆ ဦး စလုံး အသင်းနဲ့ ဆက်သွယ် ပူးပေါင်းပြီး လေ့ကျင့်မှုတွေ စတင်နေပြီလို့ သိရပါတယ်။




ပေါ်တူဂီ ကတော့ ရော်နယ်ဒို ဦးဆောင်လာမှာ ဖြစ်ပြီး ဖာနန်ဒက်စ်၊ ဒါလော့၊ ကန်ဆယ်လို တို့လို မန်ချက်စတာ ကလပ်တွေ အတွက် ကစားပေးနေတဲ့ သူတွေ ပါဝင် လာခဲ့ပါတယ်၊ တွစ်တာပေါ်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင် တခု အရ ရော်နယ်ဒို နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ လက်ရွေးစင် အသင်းမှ





ပြန်လည်တွေ့ ဆုံစဉ် ဖာနန်ဒက်စ် ဘက်က ဟက်ဟက်ပက်ပက် နဲ့ နှုတ်ဆက်တာမျိုး မရှိတာကို မြင်တွေ့ခဲ့ရပါတယ်၊ အဝတ်လဲခန်းထဲကို ဝင်လာတဲ့ ဖာနန်ဒက်စ် ကို ရော်နယ်ဒိုက နှုတ်ဆက်စကား ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ဖာနန်ဒက်စ် ကတော့ ဝတ်ကျေတန်းကျေသာ ပြန်လည် ပြောဆိုခဲ့ဖွယ် ရှိတယ်လို့




ယူဆရပါတယ်။ ရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပတ်သက်ပြီး ပီယာ့စ် မော်ဂန် နဲ့အင်တာဗျူးမှာ ပြောဆိုမှုတွေ ပြုလုပ်ထားခဲ့တာပါ၊ သူ ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေနဲ့ အကြောင်းအရာ တွေကို ဖွင့်ချခဲ့တာ ဖြစ်ပြီး နည်းပြ အဲရစ် တန်ဟက်ဂ် ကို သူ့ဘက် ကလေးစားမှု




မရှိဘူးလို့ ပေါ်တင် ပြောဆိုတဲ့ အထိ ရော်နယ်ဒို က ပြုလုပ်ခဲ့ပြီး ဒီလိုတွေ ပြောဆိုခဲ့တဲ့ အပေါ်မှာ အသင်းဖော်တွေကပါ စိတ်ပျက်လက်ပျက် ဖြစ်နေတယ်လို့ သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်၊ အခုလည်း ဖာနန်ဒက်စ် ရဲ့ ပုံစံက ရော်နယ်ဒို အပေါ် သိပ်မကျေနပ်တဲ့ အနေအထားမျိုးကို တွေ့ရတယ်လို့




ခန့်မှန်းရပါတယ်၊ ဒီဗီဒီယိုဖိုင် အပေါ်မှာ ပရိသတ်တွေကလည်း အမျိုးမျိုး ခန့်မှန်း ပြောဆိုနေကြပြီး ဖာနန်ဒက်စ် ဘက်က သိပ်ပြီးတော့ ပြောဆိုချင်ဟန် မရှိဘူးလို့ မှတ်ချက် ပြုတာတွေလည်း ရှိနေပါတယ်။

credit